Main menu

ထိုင်းနိုင်ငံမှ ဒူးရင်းသီးအသေးစားများ ဂျပန်အသွင်းကုန်လုပ်ငန်းရှင်များကို ဆွဲဆောင်နိုင်ခဲ့

Powered by Drupal

        ဂျပန်သွင်းကုန်လုပ်ငန်းရှင်များသည် ထိုင်းနိုင်ငံမှ ထွက်ရှိသည့် ဒူးရင်းသီးအသေးစား များကို စိတ်ဝင်စားလျက်ရှိကြပြီးThaifex-Anuga Asia 2026 ကုန်စည်ပြပွဲတွင် အဆင့်မြင့် စိုက်ပျိုးရေးထွက်ကုန်များအတွက် စုစုပေါင်း ဘတ်ငွေ ၃၃၄ သန်းကျော် တန်ဖိုးရှိ အမှာစာများ ရရှိခဲ့ကြောင်း သိရသည်။

      ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန (DIT) ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Wittayakorn Maneenetr က ယခုပြပွဲသည် ဂျပန်စျေးကွက်အတွင်း စီးပွားရေးအခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ကြောင်း၊ ဂျပန်သွင်းကုန်လုပ်ငန်းရှင်များသည် တစ်လုံးလျှင် ၁.၅ ကီလိုဂရမ်အထိသာ အလေးချိန်ရှိသော ဒူးရင်းသီးအသေးစားများကို စိတ်ဝင်စားမှုပြသခဲ့ကြကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

         ဒူးရင်းသီးအသေးစားများသည် လူဦးရေနည်းသော အိမ်ထောင်စုများနှင့် အဆင်ပြေစေကြောင်းလည်း ပြေားကြားခဲ့သည်။ ဂျပန်သွင်းကုန်လုပ်ငန်းရှင်များသည် ဂျပန်စျေးကွက်အတွက် ဒူးရင်းသီးအမြွှာလိုက်ကို အထုပ်ငယ်လေးများဖြင့် ထုပ်ပိုးတင်ပို့နိုင်မည့် ပက်ကေ့ဂျ်ထုတ်လုပ်သူ များနှင့် ပို့ကုန်လုပ်ငန်းရှင်များကိုရှာဖွေရန် DIT နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

         တစ်ချိန်တည်းမှာပင် အဆိုပါပြပွဲ၌ ခင်းကျင်းပြသခဲ့သည့် အဆင့်မြင့် သစ်သီးဝလံနှင့် ဆန်စပါးပြခန်းသည် ပြည်တွင်းနှင့် ပြည်ပမှ ဝယ်ယူသူများထံမှ ကောင်းမွန်သော တုံ့ပြန်မှုများကိုရရှိခဲ့ပြီး ပြပွဲကာလအတွင်း ဘတ် ၃၃၅ သန်း တန်ဖိုးရှိ အမှာစာများ ရရှိခဲ့သည်။

         ပြပွဲအတွင်း ဘတ် ၂၂၂ သန်း တန်ဖိုးရှိ လတ်ဆတ်ဆတ်နှင့် ပြုပြင်မွမ်းမံထားသော သစ်သီးဝလံ တန်ချိန် ,၉၂၁ တန်၊ ဘတ် ၁၀၉ သန်း တန်ဖိုးရှိ အဆင့်မြင့်ဆန် တန်ချိန် ၈၀၉ တန်နှင့် စုစုပေါင်း ဘတ် ၃.၄၅ သန်း တန်ဖိုးရှိ ဒေသထွက်အရက် ၅,၄၉၀ ပုလင်းတို့ကို ရောင်းချခဲ့ရသည်။ ပြပွဲပြီးဆုံးသွားသည့်တိုင်အောင် အမှာစာများ ဆက်တိုက်အများအပြား ရရှိလာလိမ့်မည်ဟု DIT က မျှော်လင့်ထားကြောင်း Mr. Wittayakorn က ပြောသည်။ ယခုပြပွဲသည် ၂၀၂၆ ခုနှစ်တွင် ပိုမိုတိုးတက်လာမည်ဟု ခန့်မှန်းထားသည့် စိုက်ပျိုးရေးထွက်ကုန်များကို များစွာအထောက်အကူပြုပြီး အထူးသဖြင့် သစ်သီးဝလံထုတ်လုပ်မှုသည် ၃၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာနိုင်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

         ဂျပန်နိုင်ငံမှ လူသိများသည့် Content Creator တစ်ဦးဖြစ်သူ NipponBoyz နှင့် ပူးပေါင်း၍ ကြော်ငြာမြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ထိုင်းသစ်သီးဝလံများအကြောင်းကို ပိုမိုသိရှိလာစေပြီး ဂျပန်စျေးကွက်အတွင်း ထိုင်းသစ်သီးဝလံထွက်ကုန်များအတွက် စားသုံးသူများချဲ့ထွင်ရန် ကူညီပေးခဲ့ကြောင်း DIT ၏ ပြောကြားချက်အရ သိရှိရပါသည်။

Source : Bangkok Post                                                                       

DOCA (ရန်ကုန်)