လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးကြီးရှိ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ

          ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊ သီရိမင်္ဂ လာဈေးအတွင်းရှိ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ် ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက် (၁၀)စီး ကျပ် ၃၀၀၀၊ ပန်းဂေါ်ဖီ တစ်ပွင့် ကျပ် ၁၅၀၀-၃၅၀၀၊ ဆူးပုတ်ရွက် (၁၀)စီး ကျပ် ၄၅၀၀၊ ဟင်းနုနွယ်ရွက်(၁၀)စီး ၄၀၀၀၊ မျှစ်  တစ်ပိဿာ ကျပ် ၄၅၀၀-၅၅၀၀ ၊ နံနံပင် တစ်ပိဿာ ကျပ် ၅၅၀၀-၇၅၀၀၊ ဂေါ်ဖီ (၁)ထုပ် ကျပ် ၁၅၀၀-၃၀၀၀၊ ကန်စွန်းဖြူ(၁၀)စီး ကျပ် ၅၀၀၀-၆၀၀၀၊ ကင်ပွန်းချဉ်ရွက် (၁၀)စီး ကျပ် ၅၀၀၀-၆၀၀၀၊ မုန်လာဥနီ  တစ်ပိဿာ ကျပ် ၆၀၀၀၊ မုန်လာဥနီ (ယိုးဒယား) တစ်ပိဿာ ကျပ် ၉၀၀၀၊ ဘိုစားပဲသီး တစ်ပိဿာ ကျပ် ၅၀၀၀-၇၀၀၀၊ ရုံးပတေသီး (၁၀၀) တောင့် ကျပ် ၂၀၀၀-၄၀၀၀၊ ခဝဲသီး (၁၀) လုံး ကျပ် ၅၀၀၀-၇၀၀၀၊ ခရမ်းသီး (၁၀) လုံး ကျပ် ၅၀၀၀၊ ကြက်ဟင်းခါးသီး (၁၀) ကျပ် ၅၀၀၀-၆၀၀၀၊ ဘူးသီးတစ်လုံး ကျပ် ၂၀၀၀-၅၀၀၀၊ ရှောက်သီး (၁) လုံး ကျပ် ၇၀၀-၁၅၀၀၊ သခွားသီး (၁၀) လုံး ကျပ် ၂၀၀၀-၄၀၀၀၊ သံပုရာသီး (၁၀) လုံး ကျပ် ၁၅၀၀-၂၀၀၀၊ ရွှေဖယုံသီး (၁)လုံး ကျပ် ၂၀၀၀-၆၀၀၀၊ ကျောက်ဖယုံသီး (၁)လုံး ကျပ် ၁၅၀၀-၅၀၀၀၊ ဂေါ်ရခါးသီး (၁)လုံး ကျပ် ၃၀၀-၅၀၀၊ မုန့်ညှင်းဖြူ (ရှမ်း) တစ်ပိဿာ ကျပ် ၄၀၀၀-၆၀၀၀၊ ငရုတ်သီးစိမ်း တစ်ပိဿာ ကျပ် ၇၀၀၀၊ ပဲတောင့်ရှည်အစီးကြီး (၁)စီး ကျပ် ၁၀၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၃၀၀၀-၅၀၀၀ ဗုံလုံသီး အစီးကြီး(၁)စီး ကျပ် ၅၀၀၀-၈၀၀၀၊ မုန်လာဥဖြူ (၁)စီး ကျပ် ၁၅၀၀၊ ဘူးညွန့် (၁)စီး ကျပ် ၈၀၀၊ ကိုက်လန် (၁)စီး ကျပ် ၁၀၀၀၊ ဖယုံညွန့် (၁)စီး ကျပ် ၈၀၀၊ ဒညင်းသီး တစ်လုံး ကျပ် ၁၀၀-၂၀၀၊ ပြောင်းဖူး (၁)ဖူး ကျပ် ၆၀၀-၇၀၀ တို့ဖြစ်ကြောင်း ယခုတစ်ပတ် ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ဈေးနှုန်းမြင့်တက်မှုမရှိပဲ ယခင် တစ်ပတ်နှင့် ယခုတစ်ပတ်တွင် ဈေးနှုန်းအနည်းငယ်သာ ပြောင်းလဲကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)