Main menu

စီးပွားရေးတိုးတက်မှုကိုမောင်းနှင်ရန်အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာကို အကောင်အထည်ဖော်မည့်အင်ဒိုနီးရှား

Powered by Drupal

   အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံမှုနှင့် တန်ဖိုးမြှင့်ထုတ်လုပ်ရေးဝန်ကြီးဌာန/ရင်းနှီးမြှုပ်နှံမှုပူးပေါင်း ညှိနှိုင်းရေးဘုတ်အဖွဲ့ (BKPM) သည် စီးပွားရေးတိုးတက်မှုနှင့် စွမ်းအင်ကူးပြောင်းရေးကို အထောက်အကူပြုရန် အစိမ်းရောင်စက်မှုလုပ်ငန်းများကိုအဓိကထားသည့် ရင်းနှီးမြှုပ်နှံမှု မဟာ ဗျူဟာကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း သိရပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် တန်ဖိုး မြှင့်ထုတ်လုပ်ရေးဝန်ကြီးဌာန/BKPM ရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းစည်းကမ်းဖြေလျှော့ရေးဦးစီးဌာန ၏ ညွှန်ကြားရေးမှူး Dendy Apriandi က အင်ဒိုနီးရှားထုတ်ကုန်များ နိုင်ငံခြားဈေးကွက်သို့ ဝင်ရောက်ရာတွင် အစိမ်းရောင်စွမ်းအင်အသုံးပြုမှုသည် အရေးပါသည့်အချက်တစ်ရပ် ဖြစ်လာ နေပြီး အထူးသဖြင့် ဥရောပဈေးကွက်တွင် ပိုမိုအရေးပါလာကြောင်း ပြောကြားခဲ့ပါသည်။ ဂျကာတာမြို့၌ စက်တင်ဘာလ ၈ ရက်နေ့ကကျင်းပသည့် BIG Strategic Forum 2026 တွင် ပြောကြားရာ၌ ကမ္ဘာ့အစိမ်းရောင်စီးပွားရေးတွင် အင်ဒိုနီးရှား၏ရပ်တည်ချက်ခိုင်မာစေရန် ရင်းနှီး မြှုပ်နှံမှုမူဝါဒများ တွင် ပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ စံနှုန်းများ (ESG) ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ၎င်းကဆိုပါသည်။ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုး တိုးတက်နိုင်ရေးအတွက် စွမ်းအင်ကူးပြောင်းမှုပိုမိုမြန်ဆန်စေရေး၊ စက်ဝိုင်းပုံစီးပွားရေးစနစ် (Circular Economy)၊ အစိမ်းရောင်သယ်ယူပို့ဆောင်ရေးနှင့် အစိမ်းရောင်နည်းပညာများ အသုံးပြု ရေးတို့ပါဝင်သည့် စနစ်တစ်ရပ်တည်ဆောက်ရန်လိုအပ်ကြောင်း Dendy က ပြောကြားခဲ့ပါသည်။ အစိုးရသည် ESG အခြေခံမူများနှင့်ကိုက်ညီသည့် ဆန်းသစ်သော အစိမ်းရောင်ဘဏ္ဍာငွေကြေး စနစ်များကိုဖော်ဆောင် နေပြီး အစိမ်းရောင်ငွေကြေးထောက်ပံ့မှုနှင့် ကာဗွန်စျေးနှုန်းသတ်မှတ်မှု တို့ကိုအသုံးပြု၍ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာကိုအထောက်အကူပြုသွားမည် ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် အစိုးရအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာနှင့် ဘဏ္ဍာရေးမဟုတ်သော မက်လုံးပေးမှုများ၊ အားမပေးသည့်မက်လုံးများကိုလည်း မျှတစွာအကောင်အထည်ဖော်နိုင်ရန် စနစ်များခိုင်မာစေရေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ အစိမ်းရောင် စီးပွားရေးသည် ၂၀၂၅-၂၀၂၉ အမျိုးသားအလယ်အလတ်ကာလ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (RPJMN) အရ စီးပွားရေးတိုးတက်မှု ၈ ရာခိုင်နှုန်း ရရှိရန်သတ်မှတ်ထားသည့် အဓိကစီးပွားရေး မဟာဗျူဟာငါးရပ်အနက် တစ်ရပ်ဖြစ် ကြောင်း သိရပါသည်။ အစိုးရ၏ စီးပွားရေးတိုးတက်မှု ၈ ရာခိုင်နှုန်းရည်မှန်းချက်ကို အကောင် အထည်ဖော်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုသည် စီးပွားရေးတိုးချဲ့မှုကို ပိုမိုမြန်ဆန်စေမည့် အဓိကမောင်းနှင် အား တစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း Dendy က ပြောကြား ခဲ့ပါသည်။

DOCA (ရန်ကုန်)