Main menu

အာဆီယံဒေသအတွင်းဆွဲဆောင်မှုအရှိဆုံး ရင်းနှီးမြှုပ်နှံရာနိုင်ငံအဖြစ် ထိပ်ဆုံးတွင် ရပ်တည်နေသည့်ဗီယက်နမ်

Powered by Drupal

   ဗီယက်နမ်နိုင်ငံသည် အာဆီယံဒေသအတွင်း စီးပွားရေးလုပ်ငန်းများတိုးချဲ့ရန်စီစဉ်နေ သည့်ဥရောပကုမ္ပဏီများအတွက် ဆွဲဆောင်မှုအရှိဆုံး ရင်းနှီးမြှုပ်နှံရာနိုင်ငံအဖြစ် ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း မကြာသေးမီကထုတ်ပြန်သည့် EU-ASEAN Business Council ၏ ၁၂ ကြိမ် မြောက် စီးပွားရေးလုပ်ငန်းယုံကြည်ချက်စစ်တမ်းအရ သိရပါသည်။ စစ်တမ်းတွင် ဖြေဆိုသူများ အနက် ၆၄ ရာခိုင်နှုန်းက လာမည့်ငါးနှစ်အတွင်း ဗီယက်နမ်၌ လုပ်ငန်းများတိုးချဲ့ရန် စီစဉ်ထား ကြောင်းဖြေဆိုခဲ့ပြီး အင်ဒိုနီးရှား ၅၇ ရာခိုင်နှုန်း၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ ၄၉ ရာခိုင်နှုန်းစီ၊ စင်ကာပူ ၄၄ ရာခိုင်နှုန်းနှင့် ဖိလစ်ပိုင် ၄၃ ရာခိုင်နှုန်းတို့ထက်မြင့်မားခဲ့ကြောင်း သိရပါသည်။
ဥရောပစီးပွားရေးခေါင်းဆောင် ၁၅၀ ခန့်၏ဖြေဆိုချက်များဖြင့်ပြုလုပ်သည့်စစ်တမ်းအရ ဖြေဆိုသူ ၇၈ ရာခိုင်နှုန်းက လာမည့်ငါးနှစ်အတွင်း အာဆီယံဒေသတွင် ၎င်းတို့၏ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုများတိုးမြင့်လာမည်ဟု မျှော်မှန်းထားကြကြောင်း သိရပါသည်။ ယင်းအချိုးသည် ၂၀၂၅ ခုနှစ်က ၇၁ ရာခိုင်နှုန်းရှိရာမှ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ဖြေဆိုသူ ၇၈ ရာခိုင်နှုန်းက အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် အနည်းဆုံးတစ်နိုင်ငံတွင် လုပ်ငန်းတိုးချဲ့ရန် စီစဉ် ထားကြောင်းဖော်ပြခဲ့ပြီး ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့သည် ထိပ်တန်းရွေးချယ်ခံရသည့်နိုင်ငံများ အဖြစ် ဆက်လက်ရပ်တည်နေကြောင်း သိရပါသည်။ အာဆီယံသည် စီးပွားရေးအခွင့်အလမ်း အကောင်းဆုံးဒေသအဖြစ် လေးနှစ်ဆက်တိုက်သတ်မှတ်ခံခဲ့ရပြီး ယခုနှစ်တွင် ဖြေဆိုသူ ၆၁ ရာခိုင်နှုန်းက အာဆီယံကို အကောင်းဆုံးအခွင့်အလမ်းရှိသည့်ဒေသအဖြစ် ရွေးချယ်ခဲ့ကြကြောင်း သိရပါသည်။ ယင်းသည် ယမန်နှစ် ၅၆ ရာခိုင်နှုန်းထက်လည်း မြင့်မားကြောင်း သိရပါသည်။ EU-ASEAN Business Council အမှုဆောင်ဒါရိုက်တာ Chris Humphrey က ဥရောပစီးပွားရေး လုပ်ငန်းများသည် အာဆီယံဒေသအပေါ် ခိုင်မာသည့်ကတိကဝတ်ရှိနေပြီး ဒေသတွင်းရင်းနှီး မြှုပ်နှံမှုနှင့် လုပ်ငန်းတိုးချဲ့လိုစိတ်ပိုမိုမြင့်တက်လာကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် အာဆီယံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်တွင် စိန်ခေါ်မှုများဆက်လက်ရှိနေပြီး ဖြေဆိုသူ ၈၁ ရာခိုင်နှုန်းက အမေရိကန်၏အခွန်ကောက်ခံမှုမူဝါဒများနှင့်ပတ်သက်သည့် မရေရာ မှုများကြောင့် အာဆီယံတွင်လုပ်ငန်းလုပ်ကိုင်ရန်ယုံကြည်မှု အနည်းဆုံးအတိုင်းအတာတစ်ရပ် အထိ လျော့ကျလာသည်ဟု ဖြေဆိုခဲ့ကြကြောင်း သိရပါသည်။

   DOCA (ရန်ကုန်)