Main menu

ထောက်ပံ့ရေးကွင်းဆက်များတွင်ပူးပေါင်းဆောင်ရွက်မည့် ဗီယက်နမ်၏ Can Tho မြို့နှင့် တရုတ်နိုင်ငံ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

Powered by Drupal

    ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ Can Tho မြို့နှင့် တရုတ်နိုင်ငံ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အကြား ထောက်ပံ့ပို့ဆောင်ရေး၊ ထောက်ပံ့ရေး ကွင်းဆက်၊ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းထွက်ကုန်ပြုပြင်ထုတ်လုပ်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် နယ်စပ်ကုန်သွယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် အလားအလာ ကောင်းများရှိကြောင်း သိရပါသည်။ စက်တင်ဘာ ၉ ရက်က Can Tho မြို့ အာဏာပိုင်များနှင့် Guangxi ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံစဉ် နှစ်ဖက်၏အားသာချက်များနှင့် လိုအပ်ချက်များ အပေါ်အခြေခံ၍ ပူးပေါင်းဆောင်ရွက်မည့်ကဏ္ဍများကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ Can Tho မြို့ ပြည်သူ့ကော်မတီဒုတိယဥက္ကဋ္ဌ Nguyen Thi Ngoc Diep က နှစ်ဖက်အကြား တိုက်ရိုက် ပူးပေါင်းဆောင်ရွက်မှု မတည်ထောင်ရသေးသော်လည်း အပြန်အလှန်ဖြည့်ဆည်းပေးနိုင်သည့် အားသာချက်များရှိသဖြင့် ထောက်ပံ့ပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက်ချိတ်ဆက်မှုမှ စတင်ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။ Can Tho မြို့ နိုင်ငံခြားရေးရာဌာန ဒုတိယ ညွှန်ကြားရေးမှူး Vo Chi Xinh ၏ပြောကြားချက်အရ တရုတ်ရင်းနှီးမြှုပ်နှံသူများသည် Can Tho တွင် စီမံကိန်း ၃၅ ခုအတွက်ရင်းနှီးမြှုပ်နှံထားပြီး မှတ်ပုံတင်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁.၂ ဘီလီယံနီးပါးရှိကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ပထမခုနစ်လအတွင်း Can Tho ၏ တရုတ်နိုင်ငံသို့ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၇.၅ သန်းနှင့် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၄.၇ သန်းရှိခဲ့ကြောင်း သိရပါသည်။ နှစ်ဖက်သည် Can Tho နှင့် Guangxi အကြား ဆိပ်ကမ်းများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ချိတ်ဆက်ကာ အအေးခန်းသိုလှောင်ရုံ၊ ဖြန့်ဖြူးရေးစင်တာနှင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် များဖော်ဆောင်၍ မဲခေါင်ဒေသထွက် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းထွက်ကုန်များကို တရုတ် ဈေးကွက်သို့ ပိုမိုထိရောက်စွာတင်ပို့နိုင်ရေး ရည်ရွယ်ထားကြောင်း သိရပါသည်။ Guangxi ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Zhou Tong က သိပ္ပံ၊ နည်းပညာ၊ AI နှင့် ဆန်းသစ် တီထွင်မှုတို့တွင် ပူးပေါင်းဆောင်ရွက်ရန် အလားအလာကောင်းများရှိကြောင်း ပြောကြားပြီး တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများအကြား ကျွမ်းကျင်သူနှင့် နည်းပညာဖလှယ်မှုများတိုးမြှင့်ရန် အဆိုပြုခဲ့ကြောင်း သိရပါသည်။ စမတ်စိုက်ပျိုးရေး၊ ဇီဝ နည်းပညာ၊ ထုတ်ကုန်ခြေရာခံစနစ်နှင့် စမတ်ထောက်ပံ့ပို့ဆောင်ရေးတို့ကိုလည်း ပူးပေါင်း လေ့လာရန်တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး အတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသားများနှင့် ကျွမ်းကျင်သူများ အပြန်အလှန်ဖလှယ်ခြင်း၊ ပညာသင်ဆုနှင့် လေ့ကျင့်သင်ကြားမှုများပေးအပ်ခြင်းတို့ကိုမြှင့်တင်ရန်လည်း နှစ်ဖက်က ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ထို့ပြင် စီးပွားရေးလုပ်ငန်းများအကြား ချိတ်ဆက်မှုနှင့် အရည်အသွေးစံနှုန်း၊ ထုတ်ကုန်ခြေရာခံမှုဆိုင်ရာသတင်းအချက်အလက်များဖလှယ်ပြီး ရေရှည် ဝယ်ယူရေးစာချုပ်များနှင့် ကုန်ကြမ်း၊ သိုလှောင်ရေး၊ ပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် တည်ငြိမ်သောတန်ဖိုးကွင်းဆက်ဖော်ဆောင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ Can Tho မြို့အနေဖြင့် ပူးပေါင်းစီမံကိန်းများ လျင်မြန်ထိရောက်စွာအကောင် အထည်ဖော်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်း၊ မူဝါဒနှင့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် ပိုမို ကောင်းမွန်စေရန်ပံ့ပိုးပေးမည်ဖြစ်ပြီး နှစ်ဖက်ပုံမှန်တွေ့ဆုံဆွေးနွေးရေး၊ စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ရေးနှင့် ဦးစားပေးကဏ္ဍများရွေးချယ်၍ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆက်လက် မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)