ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒီးမော့ဆိုမြို့ပေါ်ရှိ အလှကုန်၊ ဆေးဝါး၊ စားသောက်ကုန်များ လက်လီ/လက္ကား ဖြန့်ဖြူးရောင်းချနေသော ဆိုင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၀ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့ နံနက် (၁၀၀၀) နာရီအချိန်တွင် စျေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ရာတွင် စားသောက်ကုန်များ လက် လီ/လက္ကား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် စားသောက်ကုန်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်နှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့် ဖော်ပြြခင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြား ချက်အား သိရှိလိုက်နာနိုင်ရေး အတွက် အသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများနှင့် သိလိုသည်များ မေးမြန်းလာသည့်အပေါ် ဖြေကြားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ကယားပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန