အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ACCP) အစည်းအဝေး အား ၂၀၂၀ပြည့်နှစ်၊ ဇွန်လ ၂ရက်နေ့တွင် Virtual Meeting ဖြင့်ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ်များအဖြစ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို၊ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူး၊ ဦးစီးအရာရှိ ဒေါ်၀င်းစုခိုင် တို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် COVID-19 ကပ်ရောဂါနှင့် ပတ်သက်၍ စားသုံးသူ ကာကွယ်ရေးအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များ၊ ASAPCP 2025 (ASEAN Strategic Action Plan For Consumer Protection ) အပေါ် Mid Team Review ပြုလုပ်ခြင်းနှင့် ၂၀၂၀ ပြည့်နှစ်အတွက် ACCP မှ ၂၀၂၀ ပြည့်နှစ်အတွင်း ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၏ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသည် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ အနေဖြင့် ပထမဆုံးအကြိမ် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ UNCTAD၊ United States Federal Trade Commission (USFTC)နှင့် Australian Competition and Consumer Commission (ACCC) တို့မှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန