Languages

Main menu

ဘီးလင်းမြို့နယ် မင်္ဂလာဈေး၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြည်ပမှ တရားမဝင်တင်သွင်းသော တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများရောင်းချမှု ရှိ/မရှိနှင့် စားသုံးသူများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးကော်မတီဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၁၈.၇.၂၀၂၀ ရက်နေ့တွင် သား၊ ငါး ရောင်းချသော ဈေးဆိုင်ခန်း(၉) ခန်းအား ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ ဈေးဆိုင် (၁) ဆိုင်မှ သက်တမ်းလွန် CP အမှတ်တံဆိပ် (ထိုင်းနိုင်ငံစာသားပါ) ကြက်အသဲ အမြစ်(၆) ထုပ် တန်ဖိုး (၂၁,၆၀၀ ကျပ်) အား စစ်ဆေးတွေ့ရှိသဖြင့် ပူးပေါင်းအဖွဲ့မှ သိမ်းဆည်းပြီး ဆိုင်ရှင်အား သတိပေးလက်မှတ်ရေးထိုးစေ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးဝင်းအတွင်း မြေကျင်းတူး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန