Main menu

မြိတ်မြို့၊ သီဟဇေယျာစျေးကြီးရှိ စားသောက်ကုန်၊ အလှကုန်နှင့် ဆေးအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဇူလိုင်လ ၂၂ ရက်နေ့တွင် မြိတ်ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များဖြစ်သော ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြိတ်မြို့၊ သီဟဇေယျာ(မြို့သစ်)စျေးကြီးရှိ စားသောက်ကုန်ဆိုင်များ၊ ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူပြည်သူများအတွက် ဘေးဥပဒ်အန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ ရောင်းချသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ကုန်ပစ္စည်းများ ရောင်းချနေခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန