စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့် သည် မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဥက္ကဋ္ဌ နှင့် လုပ်ငန်းရှင်ကိုယ်စားလှယ် များအား ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၅ ရက်၊ နံနက် (၁၁:၀၀) နာရီတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာ့နိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းတို့ နှစ်ဦးနှစ်ဖက်နားလည်မှုမှတ်တမ်း(MOU)ရေးထိုး၍ မြန်မာ့ သဘာဝရော်ဘာအရည်အသွေး စမ်းသပ်စစ်ဆေးရေးဓာတ်ခွဲခန်း (MNRQTL)ကို စားသုံးသူရေးရာ ဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(လှည်းကူး)တွင် တည် ထောင်ခဲ့ပါကြောင်း၊ မလေးရှားရော်ဘာဘုတ်အဖွဲ့(MRB)မှ ဓာတ်ခွဲခန်းအား Audit လာရောက် စစ်ဆေးခဲ့ပါကြောင်း၊ အသင်းဝင်ဓာတ်ခွဲခန်းများ၏ သဘာဝရော်ဘာအရည်အသွေးစမ်းသပ်ခြင်း အရည်အချင်းစစ်ဆေးမှု အစီအစဉ်များ (Round Robin Test (or) Proficiency Test) ပါဝင်ဖြေဆို ခဲ့ရာ PT Series (၄)ကြိမ်ဆက်တိုက်အောင်မြင်ခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာ ရော်ဘာအသင်း (International Rubber Association-IRA) အသိအမှတ်ပြုလက်မှတ်ရ ဓာတ်ခွဲခန်းတစ်ခု ဖြစ်လာ တော့မည်ဖြစ်ပါကြောင်းနှင့်မြန်မာ့ရော်ဘာကဏ္ဍတွင် ပါဝင်ဆောင်ရွက်သူများ အားလုံးရေရှည် ဖွံ့ဖြိုး တိုးတက်ရေးနှင့်ရော်ဘာစိုက်ပျိုးသူ၊ ထုတ်လုပ်သူနှင့် TSR စက်ရုံများ၏ ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်စေရေးတို့အတွက် ထုတ်လုပ်မှုမြှင့်တင်ရေး၊ ဈေးနှုန်းရရှိရေး၊ အရည်အသွေးမြှင့်တင်ရေး အတွက် လိုအပ်သောထိန်းကျောင်းမှုများ ဆောင်ရွက်ရေးကိစ္စများနှင့်ပတ်သက်၍ နှီးနှောဖလှယ်ပွဲ (Forum)ကို ရန်ကုန်မြို့၊ UMFCCI တွင် ဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် JICA နှင့်လည်းချိတ်ဆက်၍ နည်းပညာ ရယူဆောင်ရွက် လျက်ရှိသည့် ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ ရသင့်ရထိုက်သည့် ဈေးနှုန်းရရှိစေရေး ဆောင်ရွက်လျက်ရှိသည့် ဈေးပြိုင်စနစ်ဖြင့် ရောင်းချခြင်းများ၊ ရော်ဘာဥပဒေရေးဆွဲခြင်းနှင့် ပတ်သက်သည့် တိုးတက်နေမှုအခြေအနေများ ရော်ဘာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအရည်အသွေး အာမခံမှုစနစ်ဖွံ့ဖြိုးရေးအတွက် ဆက်လက်ဆောင်ရွက်သွားနိုင်ရေးနှင့် ပတ်သက်သည့်ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့်အတူအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ITQM
စားသုံးသူရေးရာဦးစီးဌာန