Languages

Main menu

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းမြို့ရှိ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်  စစ်ကိုင်းမြို့ရှိ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်း ခရိုင်ဦးစီးမှူးရုံးခန်းမ၌ (၉.၈.၂၀၂၀)ရက်နေ့ (၁၆:ဝ၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်လှိုင်နှင့် စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများ၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များစုစုပေါင်း (၂၃)ဦး တက်ရောက်ခဲ့ပါသည်။

    အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဦးစားပေးအဆင့်အလိုက် အထောက်အပံ့ချေးငွေဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားပြီး ရတနာပဲခွဲစက်လုပ်ငန်းရှင်က ကုလားပဲနှင့်စားတော်ပဲများအကြောင်း၊ တက်နေဝန်းတိုင်းရင်းဆေးတိုက်လုပ်ငန်းရှင်က တိုင်းရင်းဆေးအများစုတွင် ထည့်သွင်းအသုံးပြုသည့် ဇဝက်သာဆေးအကြောင်း၊ သီရိသစ္စာပိုးထည်တိုက်လုပ်ငန်းရှင်က ပြည်တွင်းရက်ကန်းလုပ်ငန်းများ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့အတွက် လုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ချေးငွေများထုတ်ပေးစေလိုပါကြောင်း၊ သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်က SME ချေးငွေများနှင့် Covid ကာလအတွင်း အလုပ်သမားအခက်အခဲများအကြောင်း၊ စက်မှုဇုန် ဒု-ဥက္ကဌက လျှပ်စစ်ပစ္စည်းများ၏ အရည်အသွေးများအကြောင်း၊ လုပ်ငန်းရှင်များ၏ သွင်းကုန်နှင့်ပတ်သက်ပြီး အရည်အသွေး စစ်ဆေးမှု အားနည်းမှုကြောင့် အသက်အန္တရာယ် ဆုံးရှုံးမှုများဖြစ်ပွားနေမှုအား ကူညီဖြေရှင်းဆောင်ရွက်နိုင်ပေးနိုင်ပါရန်နှင့် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန