Languages

Main menu

မွန်ပြည်နယ်ရှိ MSMEs လုပ်ငန်းများအတွက် COVID-19 ဒုတိယအသုတ် ချေးငွေကိစ္စနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပွဲကျင်းပ

Powered by Drupal

မွန်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ National Enlightenment Institude (NEI) တို့ ပူးပေါင်းကျင်းပသည့် COVID-19 ကြောင့် ထိခိုက်ပျက်စီးမှုရှိသည့် စီးပွား ရေးလုပ်ငန်းများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီဆက်လက်ပေးအပ်နိုင်ရေးအတွက် ဒုတိယ အသုတ် ချေးငွေကိစ္စနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ MSMEs လုပ်ငန်းရှင် (၅၉) ဦးတက်ရောက်ခဲ့သည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် မွန်ပြည်နယ် MSMEs Angency အတွင်းရေးမှူး ဦးတင်ညိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး National Enlightenment Institude (NEI) အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ရည်မွန်ဆု က ချေးငွေလျှောက်ထားရာတွင် အကြံပေးဝန်ဆောင်မှု လုပ်ပေးရသည့် ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ SME Finance သင်တန်းနည်းပြ၊ စာရင်းအင်းနှင့် ဘဏ္ဍာရေးဆိုင်ရာအကြံပေး ဒေါ်မေနွယ်မင်းညိုက ချေးငွေလျှောက်ထားရာတွင် သိရှိ လိုက်နာရမည့် Financial Statement များ၊ Loan Payment များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 COVID-19 ကြောင့် ထိခိုက်ပျက်စီးမှုရှိသည့် စီးပွားရေးလုပ်ငန်းများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီဆက်လက်ပေးအပ်နိုင်ရေးအတွက် ဒုတိယအကြိမ် COVID-19 Stimulus Package ချေးငွေထုတ်ချေးပေးနိုင်ရန်၊ ထုတ်ချေးပေးမည့် လုပ်ငန်းများအနက်မှ ဦးစားပေးအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း များကို ဦးစားပေးထုတ်ချေးပေးသွားမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းများသို့ အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန