ကယားပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် COVID-19 စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဖွင့်လှစ်သော စားသောက်ကုန် လက်တွေ့လုပ်ငန်းခွင် သင်တန်းကို ၁၇-၈-၂၀၂၀ ရက်နေ့ မှ ၂၀-၈-၂၀၂၀ ရက်နေ့အထိ လွိုင်ကော်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား/သူ စုစုပေါင်း( ၂၁ )ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်း၌ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြို့ရီက ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များနှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေ ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် မှ ထုတ်ပြန်ကြေငြာခဲ့သည့် အမိန့်ညွှန်ကြားချက်( ၂/၂၀၁၉ ) အားအသေးစိတ် ရှင်းလင်းပို့ချခဲ့ကြောင်း သိရှိရပါသည်။
ကယားပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန