Languages

Main menu

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့ပေါ်ရှိ မိုဘိုင်းဖုန်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် မိုဘိုင်းဖုန်းလုပ်ငန်းရှင် ဥက္ကဌ အပါအဝင် မိုဘိုင်းဖုန်း လုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

          ဆွေးနွေးပွဲတွင်  စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း‌ဒေသကြီးဦးစီးမှူး ဦးခင်မောင်လှိုင် က စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိုဘိုင်းဖုန်းများနှင့်ပတ်သက်သည့် တိုင်ကြားမှုများရှိပါက ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါကြောင်း၊ လုပ်ငန်းရှင်များဘက်မှ ဝန်ဆောင်မှုပေးသည့်အခါ  သတင်းအချက်အလက်များကို စားသုံးသူများသိရှိစေရန် ကြိုတင် အသိပေးသင့်ကြောင်း၊ မှန်ကန်သော အချက်အလက်နှင့် ပြည်စုံသော ဝန်ဆောင်မှု အဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးရန်လိုအပ်ပါကြောင်း၊ စားသုံးသူနှင့်သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်းပေးအပ်စေလိုကြောင်း၊ မိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

          မိုဘိုင်းဖုန်းလုပ်ငန်းရှင် အသင်းဥက္ကဌ ဦးနေလင်းအောင်က ၂၀၁၉ ခုနှစ်တွင် အသင်းကိုစတင် ဖွဲ့စည်းခဲ့ပါကြောင်း၊ မိုဘိုင်းဖုန်းနှင့် ပတ်သက်သည့် အခွန်ဘဏ္ဍာများ ပိုမို တိုးတက်ရရှိခဲ့ပါကြောင်း၊ အတတ်ပညာဖွံ့ဖြိုးတိုးတက်ရေးများတွင် ကူညီထောက်ပံ့သွားမည် အစီအစဉ်များရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ စီးပွားရေးလုပ်ငန်းရှင်နှင့် သက်ဆိုင်သည့် ဥပ‌ဒေများကို လေ့လာ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန