၈.၁၀.၂၀၂၀ ရက်နေ့မှ ၉.၁၀.၂၀၂၀ ရက်နေ့ထိ ကချင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများသည် တိုင်းရင်းဆေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များနှင့်ပူးပေါင်း၍ တိုင်းရင်းဆေးဦးစီးဌာနမှ သုံးစွဲရန်မသင့်တားမြစ်ထားသော Oline တွင် ရောင်းချနေသည့် ကိုဗစ်နိုင် လျှက်ဆား COVITNAI MEDICINE SALT အား ရောင်းချနေမှု ရှိ/မရှိ မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်၊ ဧရာရပ်ကွက်နှင့် ဒူကထောင်ရပ်ကွက်ရှိ ဆေးဆိုင်များတွင်လည်းကောင်း၊ ဗန်းမော်မြို့နယ်၊ မင်းကုန်းရပ်ကွက်၊ အလယ်ရပ်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ညောင်ပင်ရပ်ကွက်၊ နားခါတောင်ရပ်ကွက်၊ နားခါမြောက်ရပ်ကွက်ရှိ ဆေးဆိုင်များတွင်လည်းကောင်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ကချင်ပြည်နယ်