Languages

Main menu

စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

Powered by Drupal

       တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်းကာ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၀ ရက်နေ့၊ နေ့လည်(၁:၀၀) အချိန်၊ ကော့သောင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဆွေးနွေးခဲ့ကြပါသည်။

   ဆွေးနွေးရာတွင် ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှုး ဒေါ်မြသီတာက စားသုံးသူကာကွယ်ရေးဥပဒေပါအခန်းကဏ္ဍများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆို ချက်များ၊ စီးပွားရေးလုပ်ငန်းရှင်ဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေး (၈)ချက် ပါအကြောင်းအရာများ၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏တာ၀န်များ၊ စားသုံးသူများ တောင်းဆိုနိုင်သည့်  အခွင့်အရေးများ၊ စားသုံးသူနစ်နာမှုများအတွက် တိုင်ကြားနိုင်သည့်နေရာများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာသိသင့်သိထိုက်သည်များ၊ကိုဗစ်-၁၉ ထိန်းချူပ်မှုကာလအတွင်း စားသုံးသူများအား အကာကွယ်ပေးမှုအစီအစဉ်များနှင့် လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန