၁၄.၁၂.၂၀၂၀ရက်နေ့တွင် ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ရုံးခန်းမ၌ ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်(၂၂)ဦးအား စားသုံးသူကာကွယ်ရေးဉပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့်စပ်လျဉ်း၍ရှင်းလင်းခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ Covid-19 ဆိုင်ရာ ကျန်းမာရေးသုံး ကုန်ပစ္စည်းများအား စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း (သို့မဟုတ်) စျေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်းတို့ပြုလုပ်ပါက အရေးကြီးကုန်စည်ပုဒ်မ(၅)အရ အရေးယူမည် ဖြစ်ကြောင်းတို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ၁၅.၁၂.၂၀၂၀ ရက်နေ့တွင် မြစ်ကြီးနားခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဆောင် သောအဖွဲ့သည် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက် Very Good ကိတ်နှင့် မုန့်မျိူးစုံစက်ရုံရှိ လုပ်ငန်းရှင်နှင့်လုပ်သားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာတွင် ခရိုင်ဦးစီးမှူး ဦးကျော်မြင့်က စားသုံးသူကာကွယ်ရေးဖြစ်ပေါ်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာနသမိုင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ အကြောင်းနှင့် Online Shopping ဆိုင်ရာ သိကောင်းစရာများကိုဆွေးနွေးခြင်း၊ ဦးကိုကိုစိုး (ဦးစီးမှူး)က စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနှစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့် တိုင်ကြားမှုပြုလုပ်ရာတွင် ပါဝင်ဖော်ပြရမည့်အချက်များ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်ကြား နိုင်သည့်နေရာ၊ ဖုန်းနံပါတ်၊ စားသုံးသူရေးရာဦးစီးဌာန၏ Website နှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်းခြင်းများကို ပြန်လည်ရှင်းလင်းပြီး လုပ်ငန်းရှင်နှင့်လုပ်သား (၁၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အလားတူ ၁၅.၁၂.၂၀၂၀ရက်နေ့တွင် ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး) ဦးဆောင်သောအဖွဲ့သည် ဗန်းမော်မြို့ဒေသထုတ်ကုန်များဖြစ်သည့် အောင်ဗိုလ်မုန့်လုပ်ငန်းနှင့် ရှမ်းမလေး ချဉ်စော်ခါးသီးယိုလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဉပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါကုန်အညွှန်း အမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ ထည့်သွင်းဖော်ပြရမည့်အချက်များအား သွားရောက်တွေ့ဆုံ ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ကချင်ပြည်နယ်