Languages

Main menu

ပုဂ္ဂလိကကျောင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်မှု 

Powered by Drupal

ပုဂ္ဂလိကကျောင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်မှု                        

နေပြည်တော်နေ ကျောင်းသားမိဘများသည် နေပြည်တော်ရှိ ပုဂ္ဂလိကကျောင်း ဝန်ဆောင်မှုနှင့်ပတ်သက်၍ ၁၁-၆-၂၀၂၀ ရက်နေ့ တွင် နေပြည်တော်ဦးစီးမှူးရုံးသို့ တိုင်ကြားမှုလာခဲ့ပါသည်။ အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ ၁၉-၆-၂၀၂၀ ရက်နှင့် ၂၅-၆-၂၀၂၀ ရက်နေ့ တို့တွင် စားသုံးသူရေးရာဦးစီးဌာန၏ တာဝန်ရှိသူများက တိုင်ကြား သူများနှင့် ပုဂ္ဂလိကကျောင်းမှ တာဝန်ရှိသူများအား ခေါ်ယူတွေ့ဆုံညှိနှိုင်းခဲ့ရာ ကျောင်း သားမိဘများက ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း ပြန်အမ်းငွေ ၁၀ဝ ရာခိုင်နှုန်းအပြည့် ပြန်လည်ရယူလိုကြောင်း ဆွေးနွေးခဲ့ပါ သည်။ ထိုသို့ ဆွေးနွေးခဲ့မှုအပေါ် ၃၀-၆-၂၀၂၀ ရက်နေ့တွင် တတိယအကြိမ် ညှိနှိုင်းပေးခဲ့ရာ ပုဂ္ဂလိကကျောင်းမှ ပြန်အမ်းငွေ ၅၀ ရာခိုင် နှုန်းကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ပေးအပ်ခဲ့ပြီး၊ ကျန် ၅၀ ရာခိုင်နှုန်းကို စက်တင်ဘာလ ၄ ရက်နေ့တွင် ပေးအပ်ခဲ့ပြီးဖြစ်ပါသော ကြောင့် ၇-၉-၂၀၂၀ ရက်နေ့တွင် တိုင်ကြားမှုအား ဖြေရှင်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။