Languages

Main menu

ဆန်စပါးဆိုင်ရာအပတ်စဉ် ဈေးကွက်၊ ဈေးနှုန်းသုံးသပ်တင်ပြချက်

Powered by Drupal

စိုက်ပျိုးထွက်ရှိမှုအခြေအနေ

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်းအရ ပြည်တွင်းစပါးစိုက်ပျိုးမှုမှာ ၂၀၂၀-၂၀၂၁ ခုနှစ်၊ မိုးစပါး စိုက်ပျိုးရန် လျာထားဧက (၁၅.၀၆၆) သန်းအပေါ် (၃၀.၁၁.၂၀၂၀) ရက်နေ့အထိ (၁၄.၉၂၆) သန်း (၉၉.၀၇%) စိုက်ပျိုးနိုင်ခဲ့ပြီး၊ ရိတ်သိမ်းဧက (၈.၀၄၇) သန်းအပေါ် (၁) ဧက ပျမ်းမျှအထွက်နှုန်း (၇၄.၂၅)တင်းဖြင့် စပါးတင်း (၅၉၇.၅၀၃) သန်းထွက်ရှိနေပြီဖြစ်ပါသည်။ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှုအခြေအနေမှာ USDA ၏ စာရင်းအရ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့စပါးစိုက်ပျိုးမှု ၁၆၂.၄၃ ဟက်တာသန်း (ဧက၄၀၁.၂၀၂သန်း)၊ အထွက်နှုန်းတစ်ဟက်တာ ၄.၆၁ မက်တန် (၂၂၀.၈၆၅တင်း)၊ စုစုပေါင်းအထွက်မက်တန် ၅၀၁.၂၀ သန်း(စပါးတင်း ၂၄၀၁၂.၄၉၂သန်း) ဖြစ်ပါသည်။

ပြည်တွင်း၊ ပြည်ပဆန်ဈေးနှုန်းအခြေအနေ

၈.၁.၂၀၂၁ ရက်နေ့ရှိ ဧည့်မထအုပ်စုဝင် စပါး၊ဆန် ပြည်တွင်းဈေးနှုန်း

(၄၆) ပေါင်ကိုက် မိုးစပါးသစ်                အလတ်စ (၁၀၈) ပေါင်ဝင်

တင်း(၁၀၀) ဈေးနှုန်း                            ဆန်သစ် တစ်အိတ် ဈေးနှုန်း

-  ရန်ကုန် (သန်လျင်)     ၅၈၀၀၀ဝိ/-      ရန်ကုန်(သန်လျင်)၂၄၀၀ဝိ/-

-  ပုသိမ်                     ၆၄၄၀၀ဝိ/-       ပုသိမ်                  ၂၅၀၀ဝိ/-

-  ပဲခူး                          ၆၁၆၀၀ဝိ/-      ပဲခူး                      ၂၄၀၀ဝိ/-

-  မန္တလေး                    ၇၃၀၀၀ဝိ/-      မန္တလေး               ၂၇၀၀ဝိ/-

-  ပျဉ်းမနား                  ၇၂၀၀၀ဝိ/-      ပျဉ်းမနား             ၂၅၅၀ဝိ/-

-  စစ်တွေ                     ၅၃၀၀၀ဝိ/-      စစ်တွေ                ၂၂၀၀ဝိ/-

-  မော်လမြိုင်               ၅၈၂၀၀ဝိ/-     မော်လမြိုင်           ၂၃၀၀ဝိ/-

- မကွေး                       ၇၀၀၀၀ဝိ/-      မကွေး                 ၂၇၅၀ဝိ/-

ဒေသတွင်းဆန်တင်ပို့သည့် ပြည်ပနိုင်ငံများ၏ ၂၅% ဆန် (FOB) ဈေးနှုန်းများမှာ ထိုင်းတွင် ၅၁၆ USD ၊  ဗီယက်နမ် တွင် ၄၇၃ USD၊ အိန္ဒိယတွင် ၃၂၈ USD၊  ပါကစ္စတန်တွင် ၃၇၈ USD ဈေးရှိကြောင်း Thai Rice Exporter Association Website သတင်းအရ သိရှိရပါသည်။

ပြည်ပဆန်တင်ပို့နိုင်မှုနှင့်ပြည်ပဈေးကွက်

            ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၂၅-၁၂-၂၀၂၀)ထိ နိုင်ငံပေါင်း (၃၂)နိုင်ငံသို့ ဆန်တန်ချိန်(၃၈၁၂၈၉)၊ တန်ဖိုး (၁၅၂.၇၃၄) USD သန်း တင်ပို့နိုင်ခဲ့ပြီး၊တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ပိုလန်နိုင်ငံများသို့ အများဆုံးတင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ယခင်နှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အလားတူကာလတွင် ဆန်တန်ချိန် (၅၉၄၅၂၀)၊ တန်ဖိုး(၁၇၇.၉၅၇)USDသန်းတင်ပို့ခဲ့သဖြင့် ယခင်နှစ်ထက် ဆန်တန်ချိန် (၂၁၃၂၃၁)၊ တန်ဖိုး(၂၅.၂၂၃) USD သန်းလျော့နည်း တင်ပို့ခဲ့ပါသည်။

သုံးသပ်ချက်

         ထိုင်းနိုင်ငံတွင် ကုန်သေတ္တာပြတ်လပ်မှုရှိနေ၍ ထောက်ပံ့ပို့ဆောင်ရေး စိုးရိမ်မှုများရှိနေခြင်း၊ ဆန်သစ်များ ဈေးကွက်ဝင်ရောက်မှုမရှိသေးသဖြင့် ဆန်ရောင်းအားစိုးရိမ်မှုများရှိနေခြင်းတို့ကြောင့် အရောင်းအဝယ်အေးပြီး ဆန်ဈေး ငြိမ်နေကြောင်းသိရပါသည်။

ဗီယက်နမ်တွင် ကုန်သေတ္တာပြတ်လပ်မှုကြောင့် သင်္ဘောတင်ခနှုန်းထားများ အဆမတန် မြင့်တက်ခဲ့သဖြင့် ဝယ်လက်များဆီ ဆန်တင်ပို့ရေးအခက်အခဲကြုံတွေ့နေရခြင်း၊ နှစ်သစ်ကူးပိတ်ရက်များဖြစ်ခြင်းကြောင့် အရောင်းအဝယ် အေးပြီး ဈေးငြိမ်နေကြောင်း သိရပါသည်။

အိန္ဒိယတွင် ရူပီးငွေဈေးတက်နေခြင်း၊ အခြား ဆန်တင်ပို့နိုင်ငံများထက် ဆန်စျေးနှုန်းသက်သာနေခြင်းတို့ကြောင့် ဝယ်လိုအားကောင်းနေပြီး ဆန်ဈေးငြိမ်နေပါသည်။

ပြည်တွင်းဆန်၊ စပါးစျေးကွက်တွင် စပါးဟောင်း၊ ဆန်ဟောင်းလက်ကျန်နည်းသွားပြီး သိုလှောင်ရန်နှင့် ကြိတ်ခွဲ ရောင်းချရန် စက်ပိုင်ဝယ်အားရှိခြင်း၊ ပြည်ပတင်ပို့ရန် ကုန်သည်ဝယ်အားရှိခြင်း တို့ကြောင့် စပါးသစ်၊ ဆန်သစ် ဈေးမှာ ယခုနှစ်ထက် အမြင့်ဈေးတွင် ရှိနေပါသည်။ ယခုရက်ပိုင်း နှစ်သစ်ကူး ပိတ်ရက်များဖြစ်ခြင်း၊ ၂၀၂၀ ခုနှစ်အတွက် ဆန်လိုင်စင်သက်တမ်း ကုန်နေပြီဖြစ်ရာ ဆန်လိုင်စင်သစ်များချပေးရန် ကာလအနည်းငယ် လိုနေသေးသဖြင့် တရုတ် နိုင်ငံသို့ ဆန်တင်ပို့မှုအေးနေ၍ စပါး၊ ဆန်ဈေးငြိမ်နေပါသည်။