ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန (၅/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန (၅/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Virtual ဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ၆.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေမှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပြီး ဌာနခွဲ တာဝန်ခံများ ၊  ခရိုင်ဦးစီးမှူးများနှင့် ဒုခရိုင်ဦးစီးမှူးများ တက်ရောက်ခဲ့ပါသည်၊၊

     အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးဦးဇေယျာဆွေမှ ရုံးလုပ်ငန်း ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ လမ်းညွှန်ဆွေးနွေးခြင်း၊ ခရိုင်ဦးစီးမှူးများမှလည်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်  လုပ်ငန်းအခက်အခဲများ တင်ပြဆွေးနွေးခဲ့ပါသည်၊၊

     ဆက်လက်၍ တက်ရောက်လာသော ခရိုင်မှူးများမှ မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းပိုင်းဆိုင်ရာ အခက်ခဲများတင်ပြလာမှုအပေါ် သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံများမှလည်း ရှင်းလင်းဆွေးနွေးဖြေကြားခြင်းနှင့် တိုင်းဒေသကြီးဦးစီးမှူးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးရုတ်သိမ်းခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)