သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုသိမ်ခရိုင် ၊ သာပေါင်းမြို့နယ်၌ ဆန်ဈေးနှုန်းများမှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စားသုံးသူများ ဆန်ဈေးနှုန်းများ ဈေးနှုန်းမြင့်တင်ရောင်းချမှုရှိ/ မရှိကို  မေလ (၈)ရက်၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့်  သာပေါင်းမြို့နယ်၊ နေယု ဆန်စက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ သာပေါင်းမြို့နယ်တာဝန်ခံက ဆန်ဈေးနှုန်းအခြေအနေများနှင့် ဈေးနှန်းများမှန်ကန်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးစုံစမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်၌ ဆန်ဈေးနှုန်းကြီးမြင့်ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ မြို့နယ် တာဝန်ခံသည် ဆန်ဈေးနှုန်းများ ဈေးနှုန်းမြင့်တင်ရောင်းချမှုရှိ/ မရှိကို  မေလ (၉)ရက်၊  နံနက် (၀၈:၀၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့်  ရေကြည်မြို့ပေါ်ရှိ ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်များသို့ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေကြည်မြို့နယ် တာဝန်ခံက ဆန်ဈေးနှုန်းအခြေအနေများနှင့် ဈေးနှန်းများမှန်ကန်မှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးစုံစမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၌ ဆန်ဈေးနှုန်းကြီးမြင့်မှုရှိ/မရှိနှင့် ဆန်လက်ကျန်အခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းသည် ဆန်ဈေးနှုန်းများ ဈေးနှုန်းမြင့်တင်ရောင်းချမှုရှိ/ မရှိကို  မေလ (၉)ရက်၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့်  ကျုံပျော်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျုံပျော်မြို့နယ် တာဝန်ခံက ဆန်ဈေးနှုန်းအခြေအနေများ၊ ဈေးနှန်းများမှန်ကန်မှုရှိ/မရှိနှင့် ဆန်လက်ကျန် အခြေအနေများကို  ဈေးကွက်စောင့်ကြည့် စစ်ဆေးစုံစမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ်ရှိ ယဉ်ကျေးလိမ္မာသင်တန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်ဦးစီးမှူးသည် ဇလွန်မြို့နယ် သပြုကွင်းကျေးရွာအုပ်စုရှိ ဓမ္မာရုံ၌ ယဉ်ကျေးလိမ္မာသင်တန်းသား/သူများနှင့် ကျောင်းသားမိဘ(၅၀)ဦးအား (၉.၅.၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီတွင်  စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့်ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များ   အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် ပြည်သူအသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊   မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် (၈.၅.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မြန်အောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရုံးလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စားသုံးသူပြည်သူ(၁၀၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ ရောင်းချနေသော ကုန်စည်နှင့်ဝန်ဆောင်မှုများတွင် အာမခံချက်ပေးနိုင်ခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီး ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကို လည်းကောင်း စသည်တို့ကိုအသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မုန့်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးပွဲဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၆.၅.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ ကညင်သောင်ကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာရှိ၊ အုပ် ချုပ်ရေးမှူးအိမ်၌ မုန့်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက  စားသုံးကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား  အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့် အကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာ ဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများ အနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်း သိရှိလိုပါက www.doca.gov.mm Websiteတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၈.၅.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ လမ်းမတော်(မ)ရပ်ကွက်နှင့် လမ်းမတော်(တ)ရပ်ကွက်ရှိဆန်ဆိုင်ကြီးများနှင့်ဆန်ဂိုဒေါင်များအား ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းရာတွင်  ဆန်ဆိုင်(၆)ဆိုင်အားစစ်ဆေးခဲ့ပြီး ဆင်းသုခ တစ်အိတ်လျှင် (၈၀၀၀၀ ကျပ်)၊ ရွှေသွယ်တစ်အိတ်လျှင်(၁၁၂၀၀၀ ကျပ်)၊ ဖန်သီးတစ်အိတ်လျှင် (၉၅၀၀၀ ကျပ်)၊ ဧရာဝတီ ပေါ်ဆန်းတစ်အိတ်လျှင်(၁၄၀၀၀၀ ကျပ်)ဖြင့်ရောင်းချပြီး ၊ ဇလွန်မြို့နယ်အပြင် ဖျာပုံ၊ မြောင်းမြ၊ ပုသိမ်မှ စားဆန်များကို လိုသလောက်သာမှာယူရောင်းချပြီး သိုလှောင်ခြင်း၊  ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိပါကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)

လုပ်ငန်းရှင် အသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၈.၅.၂၀၂၄)ရက်နေ့ ၊နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ညောင်ပင်ဈေးရပ်ကွက်၊ ဆေးရုံလမ်းရှိ မြို့နယ်ထွေ/အုပ်ရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြား ချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းစသည့်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

အင်္ဂပူမြို့နယ် ပဲပြား၊ မုန့်ဖတ်၊ မျှစ်နှင့် ငရုတ်သီးအရောင်တင်မှုန့် အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် ခရိုင်FDA ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန ပူးပေါင်းအဖွဲ့သည် (၉.၅.၂၀၂၄) ရက်နေ့ နံနက်(၀၉:၃၀)နာရီ အချိန်တွင် အင်္ဂပူမြို့ စည်ပင်သာယာဈေးရှိ ပဲပြား၊ မုန့်ဖတ်၊ မျှစ်နှင့် ငရုတ်သီးအရောင်တင်မှုန့် အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်စည်များ ဖြစ်သည့် ပဲပြား၊ မုန့်ဖတ်၊ မျှစ်နှင့် ငရုတ်သီးအရောင်တင်မှုန့်များအား တားမြစ်ဆေးဝါးများသုံးစွဲခြင်းရှိ/မရှိ နမူနာကောက်ယူစစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံ ဦးဘိုဘိမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းနှင့် တားမြစ်ချက် များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင် ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံအရောင်းဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါ သည်။

DOCA(ဧရာဝတီ)

 

 

ဟင်္သာတမြို့နယ် ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်တာဝန်ခံသည်မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍(၉.၅.၂၀၂၄)ရက်နေ့ ၊နံနက်(၀၈:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ မြို့ပေါ်ရပ်ကွက်ရှိ ဆန်ဆိုင် ကြီးများနှင့်ဆန်ဂိုဒေါင်များအားကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းရာတွင်  ဆန်ဆိုင်(၁၃)ဆိုင်အားစစ်ဆေးခဲ့ပြီး ဆင်းသုခနှင့် ဖန်သီးသည် ဒေသမှ ထွက်သော ဆန်များဖြစ်သည့်အတွက် ဒေသတွင်းရှိ ဆန်စက်မှ လိုသလောက်သာမှာယူရောင်းချခြင်း၊ ရွှေသွယ်နှင့်ဧရာဝတီပေါ်ဆန်း ဆန်များကိုမိမိတို့ဆိုင်များ၏ ဝယ်လိုအား၊ရောင်းလိုအားကို လိုက်၍ ပုသိမ်မြို့မှ မှာယူရောင်းချကြကြောင်း၊ ပြန်လည်ရောင်းချသည့်ဈေးနှုန်းမှာလည်း သင့်တင့်မျှတသော အမြတ်ရာခိုင်နှုန်းဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက် ဖြင့် သိုလှောင်ရောင်းချခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပါသည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ