Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွက်လှသစ်စက်လုပ်ငန်းအားစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ စက်မှုဇုန်များတွင် စီးပွားရေးလုပ်ကိုင်ဆောင်ရွက် နေသောလုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်ရွက်မှုအခက်အခဲများကိုသိရှိနိုင်ရန် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့်ဝန်ထမ်းများသည် ၂၂..၂၀၂၄ ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီတွင် ရွာသာကြီး(အကြီးစား) စက်မှုဇုန်၊ အမှတ်(၂၉)၊ ပုဂံဝန်ထောက် ဦးတင်လမ်း၊ တောင်ဒဂုံမြို့နယ်၏ ရွက်လှသစ်စက်လုပ်ငန်းအား သွားရောက် စစ်ဆေးခဲ့ရာ ၎င်းလုပ်ငန်းသည် ဦးစီးလုပ်ကိုင်ဆောင်ရွက် မည့်သူမရှိသောကြောင့် လုပ်ငန်းပိတ်သိမ်း ထားသည်ဟု ရွာသာကြီး (အကြီးစား)စက်မှုဇုန် ကော်မတီရုံးမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ တွံတေးမြို့နယ်၌ ဆောင်းသီးနှံ နွေစပါးစံပြကွက်ရိတ်သိမ်းခြင်း ”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် တွံတေးမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး စိုက်ဧက(၄၀၂၆၅)ဧကအား အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ပြီး ဧပြီလဆန်းပိုင်းတွင် စတင်၍ ရိတ်သိမ်း ချွေလှေ့နိုင်ခဲ့ပြီး ဧပြီလ(၂၂)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် ကွင်းအမှတ်(၁၂၁-C)၊ ဦးပိုင်အမှတ် (၁/၂)ဦးညီညီလွင်ပိုင်(၅)ဧက ဘုရားငုတ္တိုမြောက်ကျေးရွာတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder) စနစ်ဖြင့် ဆောင်းသီးနှံ နွေစပါးစံပြကွက် ရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါနွေစပါးစံပြကွက်ရိတ်သိမ်းခြင်းအခမ်းအနားသို့ တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူး၊ မြို့နယ်မြေစာရင်းမှူး၊ မြို့နယ်စိုက်ပျိုးရေးမန်နေဂျာနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ တောင်သူများ စုစုပေါင်း(၆၅)ဦးခန့်တက်ရောက်ခဲ့ပြီး တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder) စနစ်ဖြင့် စိုက်ပျိုးသည့် အထွက်တိုးနွေစပါးစံပြကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါးတင်း(၁၀၉.၃၇)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

တနင်္သာရီတိုင်း‌ဒေသကြီး ထားဝယ်မြို့ပေါ်ရှိ ဘိလပ်မြေဆိုင်များအား ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

    ၂၀၂၄ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီ အချိန်တွင်း တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထားဝယ်မြို့ပေါ်ရှိ ဘိလပ် မြေဆိုင်များသို့ ပစ္စည်းပြတ်လပ်မှုရှိ/မရှိသွားရောက်ကွင်းဆင်းစုံစမ်းခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ထားဝယ်မြို့ပေါ်ရှိဘိလပ်မြေရောင်းချသည့်ဆိုင်ကြီးများမှာ ကုန်ကြမ်းပစ္စည်းပြတ်လပ်မှုမရှိပါကြောင်းနှင့် စျေးနှုန်းများအနည်းငယ် ကျဆင်းလာကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ အထက်ရေပုန်းရပ်၊အိမ်တော်ရာလမ်းရှိ ဘုရင်မဟင်းခတ် အမွေးအကြိုင်မာဆလာလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၄ခုနှစ်၊ ဧပြီလ(၂၃) ရက်နေ့၊ မွန်းလွဲပိုင်းတွင် မြိတ်မြို့၊ အိမ်တော်ရာလမ်း၊ အထက်ရေပုန်းရပ်ရှိ  ဘုရင်မဟင်းခတ်အမွေးအကြိုင်မာဆလာလုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

   ထို့သို့တွေ့ဆုံဆွေးနွေးရာတွင် ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များဦးစားပေးထုတ် လုပ်နိုင်ရေးနှင့် သန့်ရှင်းလတ်ဆတ်သောထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ သက်တမ်းလွန်ထုတ်ကုန် ပစ္စည်းများမရှိစေရေးအတွက် အထူးဂရုပြုဆောင်ရွက်နိုင်ရေး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်သူများ ဆေးနှင့်ဆေးပစ္စည်း များကို သက်သာချောင်ချိမှုရှိစွာ ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ခရိုင်စီမံအုပ် ချူပ်ရေးအဖွဲ့၏လမ်းညွှန်ချက်အရ ဆေးနှင့် ဆေးပစ္စည်းများကို ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်း များဖြင့် ရောင်းဝယ်ဖောက်ကားမှုရှိစေရေးအတွက် ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား  စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန ပါဝင်သော မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍(၂၄.၄.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန် တွင် ကော့သောင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း လက်ကားအရောင်းဆိုင်များသို့ သွားရောက်ကာ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ယင်းသို့ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင်  ကော့သောင်းမြို့ပေါ်ရှိဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းစျေးနှုန်းများအနေဖြင့် ဒေသတွင်းသင့်တင့်မျှတမှုရှိသော စျေးနှုန်းများ ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ပေါ်ရှိ ဆန်နှင့် ဆီဈေးနှုန်းများကို ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့် ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခြင်း

    ကော့သောင်းခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့် ၂၀၂၄ခုနှစ်၊ ဧပြီ လ ၂၄ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်အရ ကော့သောင်းမြို့ပေါ်ရှိ ဆန်နှင့် ဆီအရောင်းဆိုင်(၅)ဆိုင်အား ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်သူများ၏ နေ့စဉ် စားဝတ်နေရေး သက်သာချောင်ချိမှုရှိစေရေး ပြည်သူများအတွက် ရောင်းချလျက်ရှိသည့် အခြေခံစားကုန်များဖြစ်သည့် ဆန်နှင့် စားသုံးဆီဈေးနှုန်းများသည် ဒေသအတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ် ဖောက်ကားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  (၂၀-၄-၂၀၂၄) ရက်နေ့မှ (၂၃-၄-၂၀၂၄) ရက်နေ့အထိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်း၊ ဝါးတန်းဆိပ်ကမ်း၊ ချောင်းဝဆိပ်ကမ်း၊ ဘုရင့်နောင်ဆိပ်ကမ်း၊ ဗားကရာဆိပ်ကမ်း၊ ထူးဆိပ်ကမ်း၊ နိုင်ဂရုဆိပ်ကမ်းများအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့များနှင့်ပူးပေါင်း၍ ရေယာဉ်များတွင်တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်ဈေးကွက်စုံစမ်းခြင်း

     ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုအောက်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်အနေဖြင့် စားသုံးသူပြည်သူများသို့ နေ့စဉ် ကြက်/ဘဲများကို လက်လီ/လက်ကား ရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။

    ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၂-၄-၂၀၂၄) ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ ဘဲဈေးဒိုင်သို့သွားရောက်၍ ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများကို ဈေးကွက်ဈေးနှုန်းစုံစမ်းခြင်းများပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်းကောင်း၊ အခြားတိုင်းနှင့် ပြည်နယ်များမှ အရောက်ပို့စနစ်ဖြင့်လည်းကောင်း တင်ပို့ရောင်းချလျက်ရှိပါသည်။

        ထိုသို့ပြန်လည်ရောင်းချလျက်ရှိသော ကြက်/ ဘဲဈေးနှုန်းများမှာ အိမ်မွေးကြက် ၁ပိဿာလျှင် (၁၃၀၀၀-၁၇၀၀၀)ကျပ်၊ အသားတိုးကြက် ၁ပိဿာလျှင် (၇၅၀၀-၇၇၀၀) ကျပ်၊ မွေးမြူ ရေးကြက် (ထီး/မ) ၁ပိဿာလျှင် (၈၅၀၀-၁၂၀၀၀) ကျပ်၊ ဘဲ ၁ပိဿာလျှင် (၆၀၀၀-၉၀၀၀) ကျပ်၊ ချယ်ရီဘယ်ရီဘဲ ၁ပိဿာလျှင် (၉၄၀၀-၉၅၀၀) ကျပ်တို့ဖြင့် ‌တစ်ရက်လျှင် ကုန်ချိန် (၆၄၁၇၀) ပိဿာခန့်ရောင်းချရကြောင်းနှင့် ဈေးအတက်အကျမရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တနင်္သာရီတိုင်း‌‌‌ဒေသကြီးဦးစီးမှူးရုံးမှဝန်ထမ်းများထားဝယ်မြို့ပေါ်ရှိ‌ရေသန့်စက်ရုံတာဝန်ခံများနှင့်သွားရောက်တွေ့ဆုံဆွေး‌နွေး

       တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊တိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှဝန်ထမ်း များသည်    ၂၀၂၄ ခုနှစ်၊ဧပြီလ(၂၂)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီ  အချိန်တွင်   ထားဝယ်မြို့နယ်ရှိ Princess အမှတ်တံဆိပ် သောက်ရေသန့် စက်ရုံလုပ်ငန်းရှင်နှင့်သွားရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စက်ရုံတာဝန်ခံက   တစ်လထုတ်လုပ်မှုအရေအတွက် ၊   တစ်လထုတ်လုပ်မှုပမာဏ၊     တစ်လထုတ်လုပ်မှု     ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှု    အခြေအနေများကို   ဆွေးနွေးမေးမြန်းခဲ့ပြီး ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍   စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၅) ၊ပုဒ်မ(၂၈)အရ ကုန်စည်ဝန်ဆောင်မှုများ  လုံခြုံစိတ်ချ မှုရှိစေရေးနှင့်  စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် တာဝန်ယူမှု /တာဝန်ခံ မှုရှိစေရန်၊  Princess သောက်ရေသန့် ထုတ်လုပ်မှု    အဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်စေရေးနှင့်သောက်ရေသန့်ထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသား အသေးစိတ် စိစစ် ချက်များကို ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရန်နှင့်  စားသုံးသူကာကွယ်ရေး  ဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(တနင်္သာရီ)

စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲအား တနင်္သာရီတိုင်းဒေသကြီးမှ တက်‌ရောက်

        ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့၊ နံနက် (၁ဝးဝဝ) နာရီ အချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဝန်ထမ်းများနှင့်တွေဆုံပွဲအား  တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးရုံးနှင့် မြိတ်/ကော့သောင်းခရိုင်မှဝန်ထမ်းများမှ Virtual စနစ်ဖြင့် တက်ရောက်ပြီး ဝန်ကြီး၏ လမ်းညွှန်မှုများကို ခံယူခဲ့ပါသည်။

         တွေ့ဆုံပွဲတွင် ဝန်ကြီးမှ နှစ်သစ်အခါ၌ ဝန်ထမ်းများအား အားသစ်၊ မာန်သစ်၊ စွမ်းအား သစ်များဖြင့်  အားအပြည့်၊  မာန်အပြည့်၊  စွမ်းအားအပြည့်ဆောင်ရွက်ကြရန်၊   စားသုံးသူရေးရာ လုပ်ငန်းတာဝန်  (၁၀)  ချက်ကို   လိုက်နာ‌ဆောင်ရွက်ရန်၊   ခေါင်းဆောင်ကောင်း/  နောက်လိုက် ကောင်းများအဖြစ်  ဆောင်ရွက်ရန်၊   စည်းကမ်းများအား ပေါင်းထည့်၍   လိုက်နာဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုဝန်ကြီး၊ အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များမှ ဝန်ထမ်းများအား    နှစ်သစ်လမ်းညွှန်မှာကြားချက်များကို အသီးသီးပြောကြားခဲ့ပြီး တွေ့ဆုံပွဲအား နေ့လယ် (၁၂း၀၀) အချိန် တွင်ပြီးမြောက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ