Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကော့သောင်းမြို့ စာဖတ်သူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

         တနင်္သရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြသီတာ (ဦးစီးအရာရှိ) သည် ၂၀၂၄ ခုနှစ် မေလ ၁၃ရက်နေ့ နံနက် (၉:၀၀)နာရီ အချိန်တွင် ကော့သောင်းခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်သူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ဒေါ်မြသီတာ (ဦးစီးအရာရှိ)မှ စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းများထဲမှ စားသုံးသူအခွင့်အရေးများ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန် အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းသည့်ကိစ္စများအကြောင်း၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးများ နစ်နာမှုရှိပါက အရေးဆိုတိုင်ကြားနိုင်သည့် Call Center 1535 သို့ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ပြီး ဖြစ်‌ကြောင်း ဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

ဘားအံမြို့ပေါ်များရှိ ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးမျိုုးဝင်းနိုင် (ဦးစီးအရာရှိ)ပါ ဝန်ထမ်းများသည် ဆက်စပ်အဖွဲ့များဖြစ်သော ကရင်ပြည်နယ်ဆန်ကုန်သည်များအသင်း၊ ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ပေါင်းစပ်၍ ၉.၅.၂၀၂၄ ရက်နေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့ပေါ်ရှိ ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လက်လီ/လက်ကား ရောင်းချလျက်ရှိသော ဆန်ဆိုင်ကြီးများ၏ ဆန်စီးဝင်စီးထွက်မှုအခြေအနေ၊ ရောင်းဝယ်ဖောက်ကားမှု၊ သိုလှောင်ရောင်းချမှု ၊ ဈေးနှုန်း/ ဈေးကွက်ဖြစ်ပေါ်မှု၊ ဝယ်လိုအား၊ဈေးကွက်လက်ကျန်၊ တွက်ခြေကိုက်မှု အကျိုးအမြတ်အခြေအနေများကို  ကွင်းဆင်းစိစစ်ခဲ့ကြသည်။

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ဆန်အပါအဝင် အခြေခံစားကုန်ပစ္စည်းများ ဈေးကွက်ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေများ ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          ၂၀၂၄ခုနှစ်၊ မေလ(၁၄)ရက်နေ့၊ မွန်းလွဲ(၁၃း၀၀)အချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီး ဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ မြိတ်မြို့ပေါ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေ များအား ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

ကွင်းဆင်းစစ်ဆေးမှုအရ မြိတ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များတွင် ဘိလပ်မြေ လိုအပ်သလိုဝယ်ယူရရှိနိုင်ပြီး ဘိလပ်မြေများပြတ်လပ်မှုမရှိကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့တွင် ကုန်စျေးနှုန်းတည်ငြိမ်စေရေး ကွင်းဆင်းစစ်ဆေး

        ၂၀၂၄ခုနှစ်၊ မေလ(၁၄)ရက်နေ့၊ နံနက် (၈း၃၀)အချိန်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊  ခရိုင်အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ ဗဟိုစာရင်းအင်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များသည် မြိတ်မြို့၊ တပ်ပြင်ရပ်၊ စည်ပင် သာယာစျေးရှိ ဟင်းသီးဟင်းရွက်၊ အသားငါး အရောင်းဆိုင်များသို့သွားရောက်၍ စျေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

       ဟင်းသီးဟင်းရွက်၊ အသားငါးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် သန့်ရှင်းလတ်ဆတ်မှုနှင့် အလေးချိန်မှန်ကန်စွာဖြင့်ရောင်းချစေရေးနှင့် ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်း များဖြင့် ရောင်းချစေရေး ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

ဆန်သိုလှောင်ရုံနှင့် ဆန်ဆိုင်ကြီးများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး၊ ခရိုင်ဦးစီးမှူးပါ (၃)ဦး၊ ဘုရင့်နောင်ဈေးစည်ပင်ဌာနမှ ဦးမင်းထူး(ပုံသေ)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးညီညီပိုင်ထက်(အလုပ်အမှုဆောင်)တို့ပူးပေါင်းပါဝင်လျက် ၉.၅.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၅၀)နာရီအချိန်မှစ၍ ဘုရင့်နောင်ဈေးကြီးအတွင်းရှိ ဆန်ဆိုင်များ၊ ဆန်သိုလှောင်ရုံများသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရခြင်းမှာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ကြပ်မတ် ဆောင်ရွက်စေရန်အတွက် ဆန်ဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ဘုရင့်နောင်ဈေးကြီးအတွင်းရှိ ဆန်သိုလှောင်ရုံနှင့်ဆန်ဆိုင်ကြီးများဖြစ်သော သီရိပွဲရုံ၊ ချမ်းသာအောင်ပွဲရုံ၊ ငွေပဒေသာဆန်ဆိုင်၊ ဦးဝင်းနိုင်ဆန်ဆိုင်၊ ကမ္ဘာကျော်ပွဲရုံနှင့် အောင်မြတ်ကျော်ပွဲရုံတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိပါသည်။

DOCA(ရန်ကုန်)

မုဒုံမြို့နယ်ရှိ ဆေးဆိုင်များတွင် Prescription Only Medicine (POM)ဆေးဝါးများ ဆေးညွှန်းစာမပါပဲ ရောင်းချနေမှု မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

    မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ပြည်သူများ ပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ်ကာကွယ်နိုင်ရေးအတွက် ဆေးဝါးအရောင်းဆိုင်များတွင် ဆရာဝန်ဆေးညွှန်းစာဖြင့် ရောင်းချရန် လိုအပ်သည့်(POM)ဆေးဝါးများကို ဆေးညွှန်းစာမပါပဲ ရောင်းချနေမှု ရှိ/မရှိအား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၁၃.၅.၂၀၂၄ ရက်နေ့တွင် လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးမှူးမှ မုဒုံမြို့နယ်ရှိ ဆေးဝါးဆိုင်များ၌ သတ်မှတ်လိုင်စင် စည်းကမ်းများနှင့်အညီ ရောင်းချရန်နှင့် ဆရာဝန်ဆေးညွှန်းစာပါမှသာ ရောင်းချရမည့် (POM)ဆေးဝါးများအား ဆေးညွှန်းစာမပါပဲ ရောင်းချနေခြင်းရှိ/မရှိကို လိုက်လံစစ်ဆေးခဲ့ရာ မုဒုံမြို့နယ်ရှိ ဆေးဝါးဆိုင်များတွင် အဆိုပါ (POM)ဆေးဝါးများအား ဆရာဝန်ဆေးညွှန်းစာမပါပဲ ရောင်းချနေခြင်း မရှိကြောင်း သိရှိရသည်။

DOCA(မွန်)

 

ကျိုက်မရောမြို့နယ်၌ ဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိ‌စေရေး ကွင်းဆင်းစစ်ဆေး

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့မှ ၁၀.၅.၂၀၂၄ ရက်နေ့တွင် မြို့နယ်အတွင်းရှိ ဆန်ဂို‌ဒေါင်များ၊ ဆန်အရောင်းများအား လိုက်လံကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သိရှိရပါသည်။

     လိုက်လံစစ်ဆေးရာတွင် ကျိုက်မရောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းကာ ကျိုက်မရောမြို့မဈေးရှိ ဒေါ်ဇင်မာဆန်ဆိုင်၊ ဒေါ်မိုးမိုးကြည်ဆန်ဆိုင်နှင့် မဖြူဖြူအေးဆန်ဆိုင်တို့သို့ သွားရောက်ကာ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းအလို့ငှာ သို‌လှောင်ထားခြင်း ရှိ/မရှိ ကိုလိုက်လံစစ်ဆေးရာ သိုလှောင်ထားရှိခြင်းမရှိကြောင်း တွေ့ရှိရပြီး ဈေးနှုန်းမြှင့်တင် ရောင်းချမှုမပြုကြရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ်တာဝန်ခံမှ ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် ၁၃.၅.၂၀၂၄ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်ရှိ ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ကျိုက်ထိုခရိုင်ဦးစီးမှူး ဦးစီးအရာရှိ  ဦးအောင်ကျော်မင်းနှင့် မြို့နယ်တာဝန်ခံ ဦးဇော်ဦးတို့က စားသုံးဆီ ထုတ်လုပ်သည့် လုပ်ငန်းရှင်များ၏ ကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ်၊ ၁/၂၀၂၁ များကို လိုက်နာဆောင်ရွက်ရမည့်အပြင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသည့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ်ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့် (၂/၂၀၂၄) ကိုပါ လိုက်နာဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးခဲ့သည်။

     ယင်းနောက် ဆီကြိတ်ခွဲစက်များသို့ သွားရောက်၍ တစ်နေ့ကြိတ်ခွဲနှုန်းပိဿာချိန်နှင့် ဆီထွက်ရှိနှုန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(မွန်)

ကျိုက်မရောမြို့နယ်တွင် “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး” Talk Show ဆွေးနွေးပြုလုပ်

    မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် ၁၀.၅.၂၀၂၄ ရက်နေ့တွင် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျိုက်မရောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး” Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

   အဆိုပါ ဆွေးနွေးပွဲတွင် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးမှ Talk Show အစီအစဉ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ကျိုက်မရောမြို့နယ် တာဝန်ခံမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း၊ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့် လိုအပ်သော စာရွက်စာတမ်းများပြင်ဆင်ပုံ အဆင့်ဆင့်ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပြည်နယ်ဦးစီးမှူးက ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

    ၁၃.၅.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက စားသုံးဆီထုတ်လုပ်သော လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ်၊ ၁/၂၀၂၁ များကို လိုက်နာရမည့်အပြင် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ်ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့် (၂/၂၀၂၄) ကိုပါ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာဥပဒေများနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ