Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်တုန်းမြို့ပေါ်ရှိ ဆန်ဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင် နှင့် ဝန်ထမ်းများသည် (၈.၅.၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀)အချိန်က မိတ်ဖက်ဌာနများနှင့်အတူ ပူးပေါင်းကာ ညောင်တုန်းမြို့ပေါ်ရှိ ဆန်ဆိုင်(၁၂) ဆိုင်အား ဆန်ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ၊ ဆန်လက်ကျန် အခြေအနေ၊ ဈေးနှုန်းမကြီးမြှင့်စေရေးတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

     ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်ရောင်းချသူလုပ်ငန်းရှင်များကို မြို့နယ်ဦးစီးမှူးက ဆန်ဈေးနှုန်းမြင့်တက်လျက်ရှိသည့်အတွက် ဈေးနှုန်းမြင့်တင်ရောင်းချခြင်းများမပြုရန်၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုရှိ/မရှိနှင့် ဆန်ဂိုဒေါင် ဆန်ဆိုင်ကြီးများအား ဆန်ပြတ်လပ်မှု မရှိစေရေး၊ ဆန်လက်ကျန်နှင့် ဈေးနှုန်းကြီးမြင့်မှု မရှိစေရန် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့ရှိ ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင့် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၆.၅.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် ညောင်တုန်း မြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင် (၁၅)ဦးအား ဖိတ်ကြား၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနက ဦးအောင်လွင်မြို့နယ်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ သိကောင်းစရာများကို လုပ်ငန်းရှင်များသိရှိနိုင်ရန် အသိပညာပေးဆွေးနွေးရာ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကိုလည်းကောင်း၊ အခန်း(၁၁) ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်းကိုလည်းကောင်း၊ အခန်း(၁၃)ပါ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အားမခံချက်ပေးခြင်းအကြောင်းကိုလည်းကောင်း၊ ပုဒ်မ ၃၅၊ အခန်း(၁၇) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု ဖြစ်သည့် အချက်အလက်များအကြောင်းကို လည်းကောင်း၊ အခန်း(၁၈) ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် အချက်အလက် သတ်မှတ်ချက်များအကြောင်းကို လုပ်ငန်းရှင်များသိရှိနိုင်ရန် အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး လုပ်ငန်းရှင်များက သိရှိလိုသည်များ ပြန်လည်မေးမြန်းမှုများကိုလည်း ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့သည်။ အခြားမိတ်ဖက်ဌာနများကလည်း သက်ဆိုင်ရာလုပ်ငန်းဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခဲကြကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဆွေးနွေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးသည် ၂၀၂၄ခုနှစ် မေလ ၆ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်က ကမ်းနားလမ်း မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် ဆီရောင်းချသူလုပ်ငန်းရှင် (၂၅)ဦး နှင့်တွေ့ဆုံ၍  လုပ်ငန်းရှင်အသိပညာပေးခြင်း ဟောပြောဆွေးနွေးခဲ့ကြသည်။

    အဆိုပါဆွေးနွေးပွဲတွင် မအူပင်ခရိုင်ဦးစီးမှူးရုံး ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက မအူပင်ခရိုင် ဆီရောင်းချသူလုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီ ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ရောင်းချသော ဆီဈေးနှုန်းများကို မြှင့်တင်ရောင်းချခြင်းမပြုလုပ်ရန် သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်မှု စရိတ်များအပြင် အမြတ် ၂ရာခိုင်နှုန်းသာ တိုးမြှင့်ရောင်းချကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် တာဝန်များ၊ အခန်း(၁၇)ပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုအချက်များ၊ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်း တို့ကိုရှင်းလင်းပြီး၊ စီးပွားရေးလုပ်ငန်းရှင်မှ လိုက်နာဆောင်ရွက်ခြင်း မရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။  လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး ဆွေးနွေးပွဲကို နေ့လယ် (၁၄:၀၀)နာရီတွင် ဆွေးနွေးပြီးမြောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

 

ပန်းတနော်မြို့ပေါ်ရှိ ဆန်ဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် ဝန်ထမ်းများသည် (၈.၅.၂၀၂၄) ရက်နေ့ ၊နံနက် (၁၀:၀၀)အချိန်က မိတ်ဖက်ဌာနများနှင့်အတူ ပူးပေါင်းကာ ပန်းတနော်မြို့ပေါ်ရှိ ဆန်ဆိုင်(၁၄) ဆိုင်အား ဆန်အပါအဝင် အခြေခံစားပစ္စည်းကုန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

    ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မိမိမြို့နယ်များအတွင်း ဆန်ဈေးနှုန်းများမြင့် တင်ရောင်းချခြင်း၊ ဆန်ကုန်သည်ကြီးများ အနေဖြင့် ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဆန်ဈေးနှုန်း၊ ဈေးကွက်အခြေအနေ၊ ဆန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေဂ၊ ဆန်ဈေးနှုန်းတည်ငြိမ်ရေးကို ပူးပေါင်းဆက်စပ်အဖွဲ့နှင့်အတူ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    (၉.၅.၂၀၂၄) ရက်နေ့၊နံနက် (၁၀:၀၀) နာရီအချိန်က မအူပင်ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဓနုဖြူမြို့နယ် တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမို့သည် ပူးပေါင်းမိတ်ဖွဲ့ ဌာနဆိုင်ရာများနှင့်အတူ ဓနုဖြူမြို့ပေါ်ရှိ ဆီရောင်းချနေသောဆီဆိုင်(၈)ဆိုင်အား သွားရောက်၍ ခရိုင်ဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ ဆီရောင်းချနေမှုများကို ကွင်းဆင်းဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် စားသုံးဆီ ရောင်းချနေသော ဆိုင်( ၈)ဆိုင်မှ လုပ်ငန်းရှင်များအား စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ် ထိုက်သည့် စားအုန်းဆီဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ အချို့သောမြို့နယ်များတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသူအချို့သည် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်မှု စရိတ်အပြင် အမြတ်ရာနှုန်းထက် ပိုမို၍ ရောင်းချမှုမျိုး တွေ့ရှိရပါသည်။

     ပြည်တွင်းဈေးကွက်အတွင်း စားအုန်းဆီများကို ဈေးနှုန်းကစားခြင်း၊ မြှင့်တင်‌ရောင်းချခြင်း၊ သိုလှောင်ခြင်းအပါအဝင် ပြုမှုလုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ဓနုဖြူမြို့ပေါ်ရှိ ဆန်ဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် (၉.၅.၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်က မိတ်ဖက်ဌာနများနှင့်အတူ ပူးပေါင်းကာ ဓနုဖြူမြို့ပေါ်ရှိ ဆန်ဆိုင်(၁၀) ဆိုင်အား ဆန်သိုလှောင်ထားမှု ရှိ/မရှိ၊ ဆန်လက်ကျန်အခြေအနေ၊ ဆန်ဈေးနှုန်းဈေးကွက်၊ ဈေးနှုန်းမကြီးမြှင့်စေရေးတို့အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

     ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်ရောင်းချသူလုပ်ငန်းရှင်များအား ဆန်အပါအဝင် အခြေခံစားကုန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး၊ ဆန်ဈေးနှုန်းမြင့် တင်ရောင်းချရန် သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းမျိုးမပြုလုပ်ရန် ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက်ကို ကြပ်မတ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဓနုဖြူ ထွန်းလင်း အထွန်းခံဖယောင်းတိုင်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းဆောင်ရွက်

     ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုနှင့် ဝန်ထမ်းများသည် (၉.၅.၂၀၂၄) ရက်နေ့ ၊နေ့လယ် (၁၂:၀၀)အချိန်က ဓနုဖြူမြို့ပေါ်(၁၀)ရပ်ကွက် ဗန္ဓုလလမ်းရှိ ဓနုဖြူထွန်းလင်း အထွန်းခံဖယောင်းတိုင်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

     ဓနုဖြူ ထွန်းလင်း အထွန်းခံဖယောင်းတိုင်လုပ်ငန်းပိုင်ရှင် ဦးထွန်းထွန်းဝင်းနှင့် တွေ့ဆုံ၍ ဖယောင်းတိုင်ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်အား မေးမြန်းလေ့လာခဲ့ရာ တစ်နှစ်ကို ဖယောင်းတိုင်အထုတ်ရေ (၄၀၀၀)ထုတ် ထုတ်လုပ်နိုင်ပြီး ဖရောင်းတိုင်အကြီး (၆)တိုင် ပါပြီး (၁၈၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ အသေး(၃၂)တိုင်ပါ တစ်ထုတ်(၄၀၀) ဈေးဖြင့် ရောင်းချပြီး၊ ဖယောင်းကြမ်းကြိုပြီး ပုံစံမိုတွင်လောင်းကာ ဖယောင်းတိုင်ထွက်ရှိလာပြီး ထုတ်ပိုးကာ ဓနုဖြူမြို့မဈေးအတွင်းနှင့် ဓနုဖြူကျေးရွာဘက်တို့ကို သာဖြန့်ဖြူးရောင်းချကြောင်း၊ စတင်ထုတ်လုပ်သောနှစ်မှာ ၂၀၀၅ မှ စတင်ခဲ့ကြောင်းသိရပြီး ဖယောင်းတိုင်လုပ်ငန်း အသေးစားလက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရောင်းအတွက် ဆွေးနွေးခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်တာဝန်နှင့် ကုန်အညွှန်အမှတ်အသားအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

 

ညောင်တုန်းမြို့နယ် စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

    (၈.၅.၂၀၂၄) ရက်နေ့ ၊နံနက် (၀၉:၀၀) နာရီအချိန်က မအူပင်ခရိုင်ဦးစီးမှူး ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ ဦးအောင်လွင့်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပူးပေါင်းမိတ်ဖွဲ့ ဌာနဆိုင်ရာများနှင့်အတူ ညောင်တုန်းမြို့ပေါ်ရှိ ဆီရောင်းချနေသော ဆီအရောင်းဆိုင်(၈)ဆိုင် ရပ်ကွက်ဈေးများ၊ မြို့မဈေး၊ ဆားမလောက်ဈေးတွင် ရောင်းချနေသော စားသုံးဆီအရောင်းဆိုင်(၁၀)သို့ သွားရောက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ ဆီရောင်းချနေမှုများကို ကွင်းဆင်းဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ကွင်းဆင်းဈေးကွက်စောင့်ကြည့်စစ်ဆေးမှုတွင် မြို့နယ်ဦးစီးမှူးက ဆီရောင်းချသူလုပ်ငန်းများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ် ထိုက်သည့် စားအုန်းဆီဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။ အချို့သောမြို့နယ်များတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချ သူအချို့သည် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်မှု စရိတ်အပြင် အမြတ်ရာနှုန်းထက် ပိုမို၍ ရောင်းချမှုမျိုး တွေ့ရှိရပါသည်။

      ပြည်တွင်းဈေးကွက်အတွင်း စားအုန်းဆီများကို ဈေးနှုန်းကစားခြင်း၊ မြှင့်တင်‌ရောင်းချခြင်း၊ သိုလှောင်ခြင်းအပါအဝင် ပြုမှုလုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

 

Global Earth Argo & Aqua public Co.,Ltd ၏ Gasifier စပါးခွံသုံး လုပ်ငန်းဆောင်ရွက်မှုအာ ကွင်းဆင်းလေ့လာ

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေနှင့်အတူ မအူပင်ခရိုင် ပန်းတနော်မြို့နယ်ရှိ Global Earth Argo & Aqua public Co.,Ltd သို့ (၇၊၅၊၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်က သွားရောက်၍ ကုမ္ပဏီလုပ်ငန်းအခြေအနေနှင့်  Gasifier တည်ဆောက်မှု စက်ရုံအခြေအနေများ၊ ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေတို့ကို ကွင်းဆင်းလေ့လာကြည့်ရှုခဲ့ကြသည်။

     တိုင်းဒေသကြီးဦးစီးမှူးနှင့် ကုမ္ပဏီဥက္ကဌမှ ဆွေးနွေးကြရာ Global Earth Argo & Aqua public Co.,Ltd ဥက္ကဌက ဆန်စပါးကဏ္ဍကို ဦးစားပေးဆောင်ရွက်လျက်ရှိသလို မွေးမြူရေးကဏ္ဍနှင့် ငါးလုပ်ငန်းကဏ္ဍကိုလည်း တိုးတက်အောင်မြင်အောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

       Global Earth Argo & Aqua public Co.,Ltd စနစ်သစ် ငါးတန်မွေးမြူရေး စီမံကိန်းကို ဧက (၉၀၀)ကျော်အပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စနစ်သစ် ငါးတန်မွေးမြူရေး လုပ်ငန်းစဉ်များအတိုင်း မျိုးဖောက်ကန် အရွယ်အစားအလိုက် ငါးမွေးကန်ရေဆိုးထုတ်ခြင်း၊ အောက်စီဂျင်လွှတ်ပေးခြင်း၊ အလိုအလျောက် အစာကျွေးစနစ်တို့ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းရုံသာမက ပြည်ပကနှစ်သက် သောဈေးကွက်ဝင် ဈေးကောင်းရအရည်အသွေးကောင်းသော ငါးတန်များထုတ်လုပ်လျက်ရှိနေကြောင်း လေ့လာတွေ့ရှိခဲ့ပါသည်။

      ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ငါးတန်ဈေးကွက်ကို ရန်ကုန်သို့ နေ့စဉ် ပိဿာ(၇၀၀၀) မှ (၁၀၀၀၀) အထိ တင်ပို့ဈေးကွက်ရရှိနေပြီး၊ ငါးတန် တစ်ပိဿာလျှင် (၄၅၀၀)ကျပ် ဈေးကွက်ရရှိနေကြောင်း ငါးမွေးမြူရေး တာဝန်ခံပြောပြချက်အရ သိရှိခဲ့ရပါသည်။ (၈၀)ကျပ်သား၊ (၉၀)ကျပ်သားရှိ ငါးတန်များကို ရန်ကုန်တွင် ငါးတန်ခြောက် ပြုလုပ်ရောင်းချလျက်ရှိနေကြောင်းနှင့် မွေးစမှ (၈)လအတွင်း ကန်ဖော်ရောင်းချနိုင်သည့် ဈေးကွက်ဝင်ငါးတန်များ ရရှိကြောင်း သိရသည်။

      ပြည်ပဈးကွက်ရရှိနိုင်ရေးအတွက် အအေးခန်းစက်ရုံနှင့် အသားလွှာ စက်ရုံစီမံကိန်းများ လုပ်ကိုင်လျက်ရှိရုံမက၊ ငါးတန်မွေးမြူရေးငါးသားပေါက်မှစ၍  ကုန်ချောထုတ်လုပ်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်အပေါ်  ငါးမွေးကန်စက်ရုံ၊ အလုပ်ရုံနှင့် လူနေအိမ်၊ ရုံးခန်းများ အတွက်ကိုယ်ပိုင် Gasifier  မီးပေးနိုင်‌ရေး အစီအစဉ်များဆောင်ရွက်လျက်ရှိကြောင်း ရှင်းပြဆွေးနွေးခဲ့ပါသည်။

     လျှပ်စစ်ဓာတ်အားထုတ်ပေးနိုင်ရေးအတွက် ရေဆိုးသန့်စင်နည်းစနစ်ကို  အိန္ဒိယမှပညာရှင်များနှင့်  ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး  ဂယ်စီဖိုင်ယာမီးပေးနိုင်ရေး  စီမံကိန်းပြီးဆုံးပါက   နေ့စဉ် Global Earth Argo & Aqua public Co.,Ltd  စနစ်သစ်မြစ်ငါးတန်မွေးမြူရေး လုပ်ငန်းခွင်တစ်စုလုံးကို အချိန်ပြည့်လျှပ်စစ်ပေးနိုင်ရုံသာမက ပိုလျှံသော လျှပ်စစ်ဓာတ်အားများကို နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းသို့ ချိတ်ဆက်ပေးပို့ဆောင်ရွက်သွားနိုင်မည့် အခြေအနေ ကောင်းများ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေသော Gasifier မီးပေးနိုင်ရေးစသည့် စီးပွားရေးအ‌ခြေခံကောင်းများ၊ လူမှုပတ်ဝန်းကျင်ကောင်းများကို လေ့လာတွေ့ရှိခဲ့ရပါသည်။ တိုင်းဒေသကြီးဦးစီးမှူးက Gasifier မှ လျှပ်စစ်မီးရရှိရေးအတွက် လိုအပ်ချက်ရှိသော စပါးခွံများတိုင်းအတွင်းရှိ ဆန်စက်များမှ ကြိတ်ခွဲထွက်ရှိသော စပါးခွံရရှိနိုင်ရေး ညှိနှိုင်းခြင်း၊ Gasifier သုံးစက်များအတွက် နည်းစနစ်တကျ ဆောင်ရွက်ခြင်းကြောင့် ကုန်ကျစရိတ်နည်းပါးပြီး အကျိုးများစွာရှိသည် စီးပွားရေးအခြေခံကောင်းများအကြောင်း၊ အခြားလိုအပ်သောအချက်များ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးကို ကုမ္ပဏီ ဥက္ကဌ ဦးဌေးမြင့်နှင့် တွေ့ဆုံညှိနှိုင်း ပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

         

 

လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသည့်ကုန်စုံဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်)သည် ၁၃.၅.၂၀၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော ဦးဂိုပါး (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံ ခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် P1-POPCORN အမှတ်တံဆိပ်ပါ နို့ပုလဲပေါက်ပေါက် အရန်သင့်အစားအစာတွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ