Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဇလွန်မြို့နယ် ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၈.၅.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ လမ်းမတော်(မ)ရပ်ကွက်နှင့် လမ်းမတော်(တ)ရပ်ကွက်ရှိဆန်ဆိုင်ကြီးများနှင့်ဆန်ဂိုဒေါင်များအား ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းရာတွင်  ဆန်ဆိုင်(၆)ဆိုင်အားစစ်ဆေးခဲ့ပြီး ဆင်းသုခ တစ်အိတ်လျှင် (၈၀၀၀၀ ကျပ်)၊ ရွှေသွယ်တစ်အိတ်လျှင်(၁၁၂၀၀၀ ကျပ်)၊ ဖန်သီးတစ်အိတ်လျှင် (၉၅၀၀၀ ကျပ်)၊ ဧရာဝတီ ပေါ်ဆန်းတစ်အိတ်လျှင်(၁၄၀၀၀၀ ကျပ်)ဖြင့်ရောင်းချပြီး ၊ ဇလွန်မြို့နယ်အပြင် ဖျာပုံ၊ မြောင်းမြ၊ ပုသိမ်မှ စားဆန်များကို လိုသလောက်သာမှာယူရောင်းချပြီး သိုလှောင်ခြင်း၊  ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိပါကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)

လုပ်ငန်းရှင် အသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၈.၅.၂၀၂၄)ရက်နေ့ ၊နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ညောင်ပင်ဈေးရပ်ကွက်၊ ဆေးရုံလမ်းရှိ မြို့နယ်ထွေ/အုပ်ရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြား ချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းစသည့်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

အင်္ဂပူမြို့နယ် ပဲပြား၊ မုန့်ဖတ်၊ မျှစ်နှင့် ငရုတ်သီးအရောင်တင်မှုန့် အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် ခရိုင်FDA ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန ပူးပေါင်းအဖွဲ့သည် (၉.၅.၂၀၂၄) ရက်နေ့ နံနက်(၀၉:၃၀)နာရီ အချိန်တွင် အင်္ဂပူမြို့ စည်ပင်သာယာဈေးရှိ ပဲပြား၊ မုန့်ဖတ်၊ မျှစ်နှင့် ငရုတ်သီးအရောင်တင်မှုန့် အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်စည်များ ဖြစ်သည့် ပဲပြား၊ မုန့်ဖတ်၊ မျှစ်နှင့် ငရုတ်သီးအရောင်တင်မှုန့်များအား တားမြစ်ဆေးဝါးများသုံးစွဲခြင်းရှိ/မရှိ နမူနာကောက်ယူစစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံ ဦးဘိုဘိမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းနှင့် တားမြစ်ချက် များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင် ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံအရောင်းဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါ သည်။

DOCA(ဧရာဝတီ)

 

 

ဟင်္သာတမြို့နယ် ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်တာဝန်ခံသည်မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍(၉.၅.၂၀၂၄)ရက်နေ့ ၊နံနက်(၀၈:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ မြို့ပေါ်ရပ်ကွက်ရှိ ဆန်ဆိုင် ကြီးများနှင့်ဆန်ဂိုဒေါင်များအားကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းရာတွင်  ဆန်ဆိုင်(၁၃)ဆိုင်အားစစ်ဆေးခဲ့ပြီး ဆင်းသုခနှင့် ဖန်သီးသည် ဒေသမှ ထွက်သော ဆန်များဖြစ်သည့်အတွက် ဒေသတွင်းရှိ ဆန်စက်မှ လိုသလောက်သာမှာယူရောင်းချခြင်း၊ ရွှေသွယ်နှင့်ဧရာဝတီပေါ်ဆန်း ဆန်များကိုမိမိတို့ဆိုင်များ၏ ဝယ်လိုအား၊ရောင်းလိုအားကို လိုက်၍ ပုသိမ်မြို့မှ မှာယူရောင်းချကြကြောင်း၊ ပြန်လည်ရောင်းချသည့်ဈေးနှုန်းမှာလည်း သင့်တင့်မျှတသော အမြတ်ရာခိုင်နှုန်းဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက် ဖြင့် သိုလှောင်ရောင်းချခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပါသည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

     ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဘိုကလေးမြို့နယ်တာဝန်ခံ တို့သည်  (၃-၅-၂၀၁၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးဦးဆောင်၍ ဘိုကလေးမြို့နယ်ရှိ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်(၂၈)ဦးအား ဘိုကလေးမြို့နယ် တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးဦးထွေးသိမ်းက “ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအား  စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချရေး၊ ဆိုင်းဘုတ်တင် ရောင်းချရေး၊ ဘောက်ချာဖွင့်လှစ်ရောင်းချရေး၊ဘူးဆီများနှင့် ပတ်သက်၍ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ပါရှိပြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါရှိသော ဘူးဆီမျာအား ဝယ်ယူဖောက်ကားကြရန် ဟောပြောဆွေးနွေးခဲ့ပြီး၊ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးမှ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအား ဆက်လက် ဟောပြောဆွေးနွေးခဲ့ရာ ဆီလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ လုပ်ကိုင်နေသော လုပ်ငန်းတွင်သာ လုပ်ငန်းရှင်ဖြစ်သော်လည်း အခြားလိုအပ်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် စားသုံးသူတစ်ဦးဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးများ၊လုပ်ငန်းရှင်များ၏တာဝန်များအား ဟောပြောဆွေးနွေးခဲ့ပါကြောင်း”  တက်ရောက်လာသူများမှ သိရှိလိုသည်များအား ခရိုင်ဦးစီးမှူးနှင့် မြို့နယ် တာဝန်ခံတို့မှဖြေကြားခဲ့ပြီး နံနက် (၁၁:၃၀)နာရီတွင် ဟောပြောဆွေးနွေးပွဲ ကျင်းပပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ဌာနဆိုင်ရာအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ မေလ(၉)ရက်နေ့တွင် မြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးနှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအနေဖြင့် ဆန်ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆန်အမျိုးအစားအလိုက် လက်ကျန်နှင့် ဈေးနှုန်းဈေးကွက်အနေဖြင့် ပေါ်ဆန်းတစ်တင်းခွဲ တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ဧည့်မထ(ရက်-၉၀) တစ်အိတ်လျှင် (၉၅၀၀၀ကျပ်မှ၉၈၀၀၀)ကျပ်၊ ဆန်ကွဲတစ်အိတ်လျှင်(၅၀၀၀၀)ကျပ်အသီးသီးရှိ ကြောင်း ဈေးကွက်မှ သိရပါသည်။

DOCA(ဧရာဝတီ)

မြိုု့ပေါ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     ဖျာပုံမြို့နယ်ရှိ ဓာတ်မြေဩဇာ အရောင်းဆိုင်များသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရဲတပ်ဖွဲ့၊  စည်ပင်နှင့် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်  တာဝန်ခံတို့လိုက်ပါ၍ မေလ(၃)ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    အဆိုပါ ဓာတ်မြေဩဇာအရောင်းဆိုင်များအား စစ်ဆေးရာတွင် တရားဝင်တင်သွင်းမှု ရှိ/မရှိ ခွင့်ပြုချက်လိုင်စင်၊ စည်ပင်လုပ်ငန်းလိုင်စင်နှင့် အမျိုးအစားအလိုက် မြေဆီအိတ်များ ပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါဝင်မှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များအား ပြည်တွင်းမှထုတ်ကုန်များ၊ ပြည်ပမှ တင်သွင်းသည့် ကုန်စည်များ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်ကို သုံးစွဲသူများ ဘေးအန္တရာယ်ရှိ/မရှိ စောင့်ကြည့်စစ်ဆေးရပြီး ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့် အချက်များပါဝင်မှုရှိ/မရှိ  စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ရကြောင်း၊ လုပ်ငန်းရှင်များအနေနှင့်လည်း သေချာစွာစိစစ်ပြီး ဝယ်ယူရောင်းချရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

    ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိမ်းမောင်သည် (၃.၅.၂၀၂၄) ရက်နေ့တွင် ဒေးဒရဲမြို့နယ်ရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်(၁၂)ဦးအား မြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် ဒေးဒရဲမြို့နယ်တာဝန်ခံ ဦးသိမ်းမောင်မှ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအား စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချစေရေး၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ၊FDA ထောက်ခံချက်ပါရှိသည့် ဘူးဆီများကိုသာ ဝယ်ယူရောင်းချရန်နှင့် စားသုံးဆီသည် အရေးကြီးကုန်စည်ဖြစ်သဖြင့် ဈေးနှုန်းကြီးမြှင့် ရောင်းချရန် ရည်ရွယ်၍ ထုတ်လုပ်ဖြန့်ဖြူး တင်သွင်းရောင်းချမှုမပြုရန် ရှင်းလင်းဟောပြောခဲ့ပြီး အထက်ပါအချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက စားသုံးသူကာကွယ်ရေးဥပဒေ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  အသိပညာပေးဟောပြောခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် ဆန်ဆိုင်နှင့် ဆန်ဂိုဒေါင်များသို့ ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာ၊ မီးသတ်ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် (၉.၅.၂၀၂၄) ရက်နေ့တွင် ကျိုက်လတ်မြို့နယ် ဆန်ဆိုင်နှင့် ဆန်ဂိုဒေါင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့ပေါ် ရပ်ကွက်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပေါ်ဆန်းတစ်အိတ်လျှင် (၁၄၀၀၀၀) ကျပ်၊ ဧည့်မထ (ရက်-၉၀) တစ်အိတ်လျှင် (၉၂၀၀၀ မှ ၁၀၆၀၀၀)၊ ဆန်ကွဲတစ်အိတ်လျှင် (၄၈၀၀၀ မှ ၅၂၀၀၀) ထိ အသီးသီးရှိကြောင်း ၊ ဆန်ဆိုင်ကြီးများအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများရှိ/မရှိ စစ်ဆေးခဲ့ရာ လိုသလောက်သာ မှာယူဖြန့်ဖြူးရောင်းချကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ၊မရှိ ကွင်းဆင်းစိစစ်

      ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်မြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၉-၅-၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီက ဝါးခယ်မမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ကလေးတကိုယ်ရေသုံးကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ မြို့မဈေးတွင် ရောင်းချနေသော ကလေးတကိုယ်ရေသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ၊မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှုရှိမရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ