Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
02 May 2024

           ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ၂၀၂၄ခုနှစ် ဧပြီလအတွင်း အပတ်စဉ်တနင်္လာနေ့နှင့်  အင်္ဂါနေ့တိုင်း ဈေးကွက်အတွင်းသို့ လက်ပံတန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးရှိ ဝန်ထမ်းများသည် ဈေးကွက်အတွင်း၌ ဘိလပ်မြေများ ပစ္စည်းပြတ်လတ်မှု ရှိ/ မရှိနှင့် ဈေးနှုန်း/ ဈေးကွက်အခြေအနေတို့ကို ဘိလပ်မြေ ရောင်းချသည့် ဆိုင်ကြီးများသို့ ကွင်းဆင်းစုံစမ်း စစ်ဆေး ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆေးနှင့် ဆေးပစ္စည်းဆိုင်များ ဖြစ်သော ရွှေညွန့်ဆေးဆိုင်၊

02 May 2024

          ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ဖုန်းဆိုးစုအုပ်စု၊ ရဲတမံရွာ ထိပ်တွင် ဧက(၃)ဧက ခန့်ရှိသော နေရာ၌ တိုးမြင့်နို့စားနွားမွေးမြူရေးခြံသို့ (၂၅.၄.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် စားသုံးသူရေးရာဦးစီးဌာန ကြို့ပင်ကောက်မြို့နယ်တာဝန်ခံနှင့် တိရိစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူးတို့သည် နွားမွေးမြူထားသော အခြေအနေ အား သိရှိနိုင်ရန် သွားရောက်ခဲ့ပါသည်။

02 May 2024

            စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တာဝန်ခံရုံးရှိ ဝန်ထမ်းများသည် (၂၅.၄.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် အုတ်ဖိုမြို့နယ်အတွင်းရှိ အိမ်ဆောက် ပစ္စည်းဆိုင်များသို့ ဈေးနှုန်းစာရင်းများနှင့် ပစ္စည်းများရောင်းချမှု လက်ကျန် စာရင်းများ  တင်သွင်းမှု၊ အခြေအနေများအား  သွားရောက်ကြည့်ရှုမေးမြန်းခဲ့ပါသည်။

02 May 2024

        စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ သည် (၂၆.၄.၂၀၂၄) ရက်နေ့တွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ခဲ့ ပါသည်။

02 May 2024

             စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင်ဦးစီးမှူးဦးသန်းစိုးသည် မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများနှင့်အတူ (၂၆.၄.၂၀၂၄)ရက်နေ့ အုတ်ဖိုမြို့နယ် တာဝန်ခံရုံးတွင် အုတ်ဖိုမြို့နယ်ဆီ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အုတ်ဖိုမြို့နယ်၏ စားသုံးဆီရရှိမှုနှင့် ဆီခွဲဝေရောင်းချမှု အခြေအနေများ၊ လုပ်ငန်းသုံးဆီလျှောက်ထားမှု၊ ရောင်းချမှု အခြေအနေများကို တွေ့ဆုံဆွေးနွေး မေးမြန်းခဲ့ ပါသည်။

Pages