Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
02 May 2024

                ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် စားသုံးကာကွယ်ရေးအသိပညာပေး  Talk Show ကို (၂၆.၄.၂၀၂၄) ရက်နေ့ နံနက် (၀၉:၀၀) နာရီ  အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

02 May 2024

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများသည် ဈေးကွက်အတွင်းရောင်းချနေသော  ကုန်ပစ္စည်းများနှင့်ဆေးဝါးများ ဝယ်ယူသုံးစွဲကြသည့် စားသုံးသူများ ထိခိုက်နစ်နာမှုများမဖြစ်ပေါ်စေရေးအတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ မိတ်ဖက်ဌာနများက ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းလာပါကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

02 May 2024

           ၂၀၂၄ ခုနှစ်၊ ဧပြီလ(၂၆) ရက်နေ့  နံနက်(၉:၀၀) နာရီတွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပြီး  အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး    စားသုံးသူရေးရာကော်မတီဥက္ကဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူ‌ရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးမှ  ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဦးစားပေးကုန်စည်အလိုက် ကုန်အ

02 May 2024

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီ အမံဖြင့် စားအုန်းဆီများကို ခရိုင်ဆီလုပ်ငန်းရှင်များအသင်းမှ ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည် ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ ကကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

02 May 2024

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးသည် စားသုံး သူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသလို စားသုံးသူများအလွယ်တကူ ဝယ်ယူသုံးစွဲနိုင်စေ ရန်နှင့် ဈေးနှုန်း၊ဈေးကွက်တည်ငြိမ်မှန်ကန်စေရန် ရည်ရွယ်၍ ဆောက်လုပ်ရေးသုံးပစ္စည်းရောင်းချ သည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

Pages