ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
19 Mar 2024

         ပြည်တွင်း၌ စပါးရိတ်သိမ်းထွက်ရှိမှု ကြီးမားစွာ လျော့နည်းကျဆင်းဖွယ်ရှိသည့် အခြေအနေတွင် ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့ဈေးကွက်၌ ဆန်အများဆုံး ဝယ်ယူသည့်နိုင်ငံအဖြစ် ဆက် လက်တည်ရှိပြီး ယခုနှစ်အစောပိုင်းတွင် ခန့်မှန်းထားသည့် ပမာဏထက် ပိုမို၍  ဆန်တင်သွင်းရနိုင်ကြောင်း သိရှိရသည်။

19 Mar 2024

ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရှေ့အလယ်ပိုင်းရှိ အကြီးဆုံး နိုင်ငံတကာ အစားအစာနှင့် အဖျော်ယမကာ ကုန်စည်ပြပွဲဖြစ်သည့် Gulfood 2024 ပြပွဲ၌ ထိုင်းဆန်အရောင်းမြှင့်တင်သည့်ပွဲကို စီစဉ်ကျင်းပခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး၏ ပြော ရေးဆိုခွင့်ရှိသူ Chai Watcharong က မကြာသေးမီက ထုတ်ဖော်ပြောကြားခဲ့သည်။

19 Mar 2024

      အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် လယ်သမားများဖူလုံရေးဝန်ကြီးဌာနမှ နောက်ဆုံး ထုတ် ပြန်သော သီးနှံအထွက်ပမာဏ ခန့်မှန်းချက်များအရ အိန္ဒိယနိုင်ငံတွင် ထိပ်တန်း စပါးစိုက်ပျိုး သည့် အနောက်ဘင်ဂယ်ဒေသသည် ၂ဝ၂၃-၂၄ ခုနှစ် သီးနှံရာသီ (ဇူလိုင်လ-ဇွန်လ) အတွင်း ဆန်စပါးထုတ်လုပ်မှု စတုတ္ထနေရာသို့ ကျဆင်းခဲ့ကြောင်း၊ နွေစပါးသီးနှံ ထွက်ရှိမှုကို ထည့်သွင်း တွက်ချက်လျှင်ပင် ထုတ်လုပ်မှု အနည်းငယ်တိုးတက်ရုံသာရှိပြီး ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနိုင် မည် မဟုတ်ကြောင်း၊ တဲလန်ဂါနာပြည်ကမူ နှစ်စဉ် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လျက် ဥတာပရာဒေ့ရှ်ပြည်နယ်၏ နောက်တွင် ဒုတိယနေရာသို့ တက်လှမ်းလာခဲ့ကြောင်း သိရှိရပါသည်။

19 Mar 2024

        ကမ္ဘာ့ရော်ဘာဈေးနှုန်းများ မြင့်တက်လျက်ရှိသော်လည်း အိန္ဒိယပြည်တွင်း၌ ဈေးနှုန်းများ လိုက်ပါပြောင်းလဲမှု ရပ်တန့်နေသဖြင့် ပြည်တွင်းဈေးကွက် ခိုင်မာအားကောင်းစေရေးအတွက် ပြည်ပတင်ပို့မှုကို မြှင့်တင်ဆောင်ရွက်ရန် အိန္ဒိယတောင်သူများက တောင်းဆိုလျက်ရှိကြောင်း သိရှိရသည်။

11 Mar 2024

     ပြည်တွင်းဈေးကွက်၌ လိုအပ်ချက်မြင့်မားလျက်ရှိမှုအပေါ် အရန်ရိက္ခာဖြည့်တင်းနိုင်ရေးအတွက် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကကဏ္ဍထံမှ ဆန်နှင့် အခြားလယ်ယာထွက်ကုန်များ ဝယ်ယူရရှိနိုင်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

11 Mar 2024

    ဗီယက်နမ်နိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း ဆန်တန်ချိန် ၈.၁ သန်းအထိ စံချိန်တင် တင်ပို့နိုင် ခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင်မူ တန်ချိန် ၆.၅ သန်းမှ ၇ သန်း အတွင်းသာ လျော့နည်းတင်ပို့နိုင်ဖွယ်ရှိကြောင်း ဗီယက်နမ်စားနပ်ရိက္ခာအသင်း၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားပါသည်။

11 Mar 2024

      ပြည်တွင်း စားနပ်ရိက္ခာထောက်ပံ့မှုအပေါ် အယ်နီညိုဖြစ်စဉ်၏ သက်ရောက်မှု အကျိုးဆက်ကို ကြံ့ကြံ့ခံရင်ဆိုင်နေရသည့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် ဆန်ထောက်ပံ့ပေးသွင်းမှု သဘောတူညီချက်တစ်ရပ် ရေးထိုးနိုင်မည့် အလားအလာကို လေ့လာလျက်ရှိကြောင်း သိရပါသည်။

11 Mar 2024

     အိန္ဒိယနိုင်ငံအစိုးရသည် တန်ဇန်နီးယားနိုင်ငံသို့ ဘာစမာတီမဟုတ်သောဆန်ဖြူ တန်ချိန် ၃ဝဝဝဝ နှင့် ဂျီဗိုတီနှင့် ဂီနီယာဘစ်ဆောနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၈ဝဝဝဝ တို့ကို အမျိုးသားပို့ကုန်များ သမဝါယမလီမိတက် (National Cooperative Exports Limited - NCEL) မှတစ်ဆင့် တင်ပို့ခွင့်ပြုကြောင်း ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ၁-၃-၂၀၂၄ ရက်နေ့တွင်  အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါသည်။

11 Mar 2024

    အိန္ဒိယနိုင်ငံတွင် ၂ဝ၂၃-၂၄ သီးနှံရာသီနှစ်အတွင်း မိုးရွာသွန်းမှုမှာ ပျှမ်းမျှမိုးရေချိန်အောက်သို့ ရောက်ရှိခဲ့သဖြင့်  ဆန်ထုတ်လုပ်မှုမှာ ၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် လျော့နည်း ကျဆင်းဖွယ်ရှိသော်လည်း ဂျုံအထွက်နှုန်းမှာ ယခင်နှစ်ထက် ၁.၃% တိုးတက်လာနိုင်သည်ဟု ၂၉-၂-၂၀၂၄ နေ့၌ ထုတ်ပြန်သော အစိုးရ၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားပါသည်။

11 Mar 2024

    အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ် မတ်လမှ ဧပြီလအတွင်း တစ်နိုင်ငံလုံး၌ စပါးတန်ချိန် ၈.၄၆ သန်း အထိ  ရိတ်သိမ်းထွက်ရှိနိုင်မည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းလျက်ရှိပါသည်။

11 Mar 2024

   သြစတြေးလျနိုင်ငံသို့ ဈေးကွက်ချဲ့ထွင်မှုအပြင် ကမ္ဘောဒီးယား၏ ပို့ကုန်အခွင့်အလမ်း များကိုလည်း တိုးမြင့်စေနိုင်မည်ဖြစ်သော ကမ္ဘောဒီးယား စံပယ်မွှေးဆန်များ ပိုမိုတင်သွင်းမည့် SunRice Group ၏ အစီအစဉ်အပေါ်  ကမ္ဘောဒီးယား ဆန်စပါးလုပ်ငန်းရှင်များက အပြုသဘော ရှုမြင်လျက် ရှိကြကြောင်း သိရှိရသည်။ 

11 Mar 2024

    ဩစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ကျင်းပလျက်ရှိသော အာဆီယံ-ဩစတေးလျ အထူး ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်နေသည့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်တို့သည် ၅-၃-၂၀၂၄ နေ့၌ နှစ်နိုင်ငံအကြား ဆန်ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Pages