ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
08 Mar 2024

     မွန်ဘိုင်းဈေးကွက်ပိတ်ချိန်တွင် မြန်မာ့မတ်ပဲ FAQ မှာ ၁ကွမ်တယ်လျှင် ၈၅၂၅ရူပီးနှင့် မြန်မာ့ပဲစင်းငုံနီမှာ ၁ကွမ်တယ်လျှင် ၁၀၅၀၀ရူပီး စသည့်ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ မတ်လ ၄ရက်နေ့ အဖွင့်ဈေးနှင့်နှိုင်းယှဉ်ပါက မတ်ပဲ FAQ မှာ ၂၅ရူပီးဈေးနှုန်းကျဆင်းလာခဲ့ပြီး ပဲစင်းငုံနီမှာ ဈေးငြိမ်နေကြောင်းသိရှိရသည်။ (၁ကွမ်တယ်ဈေးဖြစ်ပြီး ၁၀၀ ကီလိုဂရမ်နှင့်ညီမျှသည်)

      မတ်လ ၄ရက်နေ့တွင် ဒေလီဈေးကွက်၌   မြန်မာ့မတ်ပဲ SQ ဈေးမှာ  ၁ကွမ်တယ် ၉၉၀၀ ရူပီး၊ မြန်မာ့မတ်ပဲ FAQ မှာ ၁ကွမ်တယ် ၈၉၀၀ရူပီးနှင့် မြန်မာ့ပဲစင်းငုံနီမှာ ၁၀၇၀၀ရူပီးရှိကြောင်းသိရှိရသည်။

08 Mar 2024

     မွန်ဘိုင်းဈေးကွက်ဖွင့်ချိန်တွင် မြန်မာ့မတ်ပဲ FAQ မှာ ၁ကွမ်တယ်လျှင် ၈၅၅၀ရူပီးနှင့် မြန်မာ့ပဲစင်းငုံနီမှာ ၁ကွမ်တယ်လျှင် ၁၀၅၀၀ရူပီးဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ခဲ့သည်။ ၂၀၂၄ခုနှစ်၊ မတ်လ ၂ရက်နေ့၌ဖြစ်ပေါ်ခဲ့သော အပိတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက မတ်ပဲ FAQ မှာ ၅၀ရူပီးနှင့် ပဲစင်းငုံနီမှာ ၁၅၀ရူပီး စသည်ဖြင့် ဈေးနှုန်းအသီးသီးမြင့်တက်လာကြောင်းသိရှိရသည်။ (၁ကွမ်တယ်လျှင် ၁၀၀ကီလိုဂရမ်နှင့်ညီမျှသည်)

08 Mar 2024

    ကမ္ဘာ့ဒုတိယအကြီးမားဆုံးစားအုန်းဆီထုတ်လုပ်သည့် မလေးရှားနိုင်ငံသည် ဥရောပသမဂ္ဂ ၏ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အသက်ဝင်မည့် သစ်တောပြုန်းတီးမှု ကာကွယ်ရေး ဥပဒေသစ်ကြောင့် တင်ပို့မှုပျက်ပြယ်နိုင်မည့် စားအုန်းဆီများကို အာရှနှင့် အာဖရိကမှ ဝယ်ယူရန် မျှော်လင့်လျက်ရှိကြောင်းသိရပါသည်။ ဥရောပသမဂ္ဂသည် သစ်တောပြုန်းတီးမှုဖြစ်ပေါ်ပြီးမှ ရရှိလာမည့် လူသုံးကုန်နှင့်စားသုံးကုန်ပစ္စည်းများကို ဆိုင်များနှင့်စူပါမားကတ်များတွင် ရောင်းချခွင့် ပိတ်ပင်မည်ဖြစ်သောကြောင့် စားအုန်းဆီထုတ်လုပ်သူများအနေနှင့် စားအုန်းဆီ ထုတ်လုပ်ရာတွင် သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေခဲ့ကြောင်း သက်သေပြရမည်ဖြစ်သည်။ စားအုန်

04 Mar 2024

     ထိုင်းနိုင်ငံအစိုးရသည် ဝန်ကြီးချုပ်မစ္စတာဆရတ်သာ မတ်လတွင် သွားရောက်မည့် ဂျာမနီနိုင်ငံခရီးစဉ်အတွင်း ဂျာမနီနိုင်ငံမှ လျှပ်စစ်ကားထုတ်လုပ်သူများကို ထိုင်းနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန်အတွက် ဖိတ်ခေါ်သွားရန်ရည်မှန်းထားကြောင်း ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် မစ္စတာပန်ပရီက ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ မစ္စတာပန်ပရီသည် ဖေဖော်ဝါရီလ ၂၁ရက်နေ့မှ ၂၅ရက်နေ့အထိ ဂျာမနီနိုင်ငံကို တရားဝင်ခရီးသွားရောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါခရီးစဉ်သည် သံတမန်ရေးရာ ရည်ရွယ်ချက်သာမက ဝန်ကြီးချုပ်မစ္စတာဆရတ်သာ၏ မတ်လ ၁၅ရက်နေ့တွင် ဂျာမနီနိုင်ငံသိ

04 Mar 2024

     ဗီယက်နမ်နိုင်ငံသည် လျှပ်စစ်ကားကဏ္ဍတိုးတက်လာပြီး အစိမ်းရောင်စွမ်းအင်သို့ အားကောင်းစွာကူးပြောင်းနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ လျှပ်စစ်ကားများအတွက် မှတ်ပုံတင်သွင်းကြေးများကင်းလွတ်ခွင့်နှင့် သုံးစွဲသူများအတွက် အခွန်အခများလျှော့ချပေးခြင်း စသည့် အစိုးရ၏ ဦးစားပေးပံ့ပိုးပေးထားသည့် မူဝါဒများမှာ လျှပ်စစ်ကားများသုံးစွဲမှုကိုအားပေးမည့် အဓိက ကဏ္ဍတွင်ရှိနေကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ၏ လျှပ်စစ်ကားအရေအတွက်မှာ ၂၀၁၉ခုနှစ်တွင် ၁၃၈စီးရှိခဲ့ရာမှ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလတွင် အစီးရေ ၂၈၀၀၀ကျော်ထိရှိလာကြောင်းသိရပါသည်။ ပြည်တွင်းလျှပ်စစ်ကားဈေးကွက်အတွက် ခန့်မှန်းမှုမှာ ၂၀၂၄ခုနှစ်တွင် အားတက်ဖ

04 Mar 2024

     ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့အကြီးမားဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်သော အိန္ဒိယသည် အစိုးရ၏ အထောက်အပံ့ပေးအပ်မှုကို အသုံးချပြီး ဆန်များတင်ပို့လျက် ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးရန် လုပ်ဆောင်သည်ဟူ၍ ထိုင်းနိုင်ငံမှ စွပ်စွဲမှုကို ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။

04 Mar 2024

   အင်ဒိုနီးရှားနိုင်ငံရှိ အစိုးရဝယ်ယူရေးအေဂျင်စီဖြစ်သော BULOG အဖွဲ့သည် ဆန်တန်ချိန် ၃၀၀၀၀၀ ဝယ်ယူရန်အတွက် နိုင်ငံတကာတင်ဒါခေါ်ယူသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်ဟု ဥရောပကုန်သည်များက ၂၇-၂-၂၀၂၄ နေ့တွင် ပြောဆိုခဲ့ကြကြောင်း၊ တင်ဒါဝင်ရောက်ယှဉ်ပြိုင်လို သည့် ကုန်သည်များအနေဖြင့် မှတ်ပုံတင်စာရင်းပေးသွင်းရမည့် နောက်ဆုံးနေ့မှာလည်း အဆိုပါ နေ့ရက်ပင်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

04 Mar 2024

    ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့ဆန်ဝယ်လိုအား ခိုင်မာကောင်းမွန်နေမှုအပေါ် ဝင်ငွေတိုးတက်ရရှိရန် ကြိုးပမ်းလျက်ရှိရာ ပြန်လည်ပြုပြင်ကြိတ်ခွဲပြီး  သန့်စင်ထားသော ဆန်ဖြူ အမျိုးအစားများကို ပြည်ပသို့ ပြန်လည်တင်ပို့ရန်အတွက် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယမှ စပါးခွံချွတ်ပြီးသော ဆန်လုံးညိုများကို တင်သွင်းခဲ့ကြောင်း ကုန်သွယ်ရေးနှင့် အစိုးရ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။

04 Mar 2024

     ဥရောပကော်မရှင်သည် ပါကစ္စတန်နိုင်ငံ၏ ဘာစမာတီဆန်အတွက် Geographical Indication (GI) လျှောက်ထားမှုအား မကြာသေးမီကာလက ခွင့်ပြုခဲ့ခြင်းက အိန္ဒိယနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား ဆွေးနွေးလျက်ရှိသော လွတ်လပ်သောကုန်သွယ်မှုဒေသဆိုင်ရာ ဆွေး နွေးမှုများအပေါ် အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်ကြောင်း သိရှိရပါသည်။

04 Mar 2024

    အင်ဒိုနီးရှားနိုင်ငံတွင် နိုင်ငံတော်ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ (Bulog) ၏ စီမံခန့်ခွဲမှုဖြင့် အရန်ဆန်များ ဖြည့်တင်းနိုင်ရေးအတွက် ဆန်တန်ချိန် ၁.၆ သန်း ထပ်မံတင်သွင်းရန် အစိုးရအနေဖြင့် ပြင်ဆင်လျက်ရှိသည်ဟု အင်ဒိုနီးရှားအမျိုးသားစားနပ်ရိက္ခာအေဂျင်စီ (Bapanas) က ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

04 Mar 2024

      အိန္ဒိယနိုင်ငံတွင် သီးနှံရာသီအသစ်မှ ရိတ်သိမ်းထွက်ရှိသော ဆီမုန်ညင်းများ ဈေးကွက်သို့ စတင်ဝင်ရောက်လျက်ရှိပြီး ယခုနှစ်၌ တန်ချိန် ၁၄ သန်းခန့်အထိ စံချိန်တင်ထွက်ရှိနိုင်မည့် ခန့်မှန်း ချက်နှင့်အတူ ဈေးနှုန်းများသည်လည်း အစိုးရက အနိမ့်ဆုံးထားရှိ ဝယ်ယူမည့် အခြေခံရည်ညွှန်း ဈေးနှုန်း (MSP) အောက်သို့ ကျဆင်းမှုက တောင်သူများအတွက် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

26 Feb 2024

    တရုတ်နိုင်ငံ၏ ဘတ္ထရီနှင့် လျှပ်စစ်ကား ထုတ်လုပ်သည့် BYD ကုမ္ပဏီသည် မက္ကဆီကိုနိုင်ငံတွင် EV စက်ရုံ တည်ဆောက်ရန် ပြင်ဆင်နေကြောင်း မက္ကဆီကို နိုင်ငံဆိုင်ရာ ကုမ္ပဏီခွဲ၏ အကြီးအကဲက သတင်းထောက်များကို ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် စက်ရုံတည်ဆောက်မည့်နေရာအတွက် မက္ကဆီကိုနိုင်ငံမှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း သိရပါသည်။

Pages