News & Activitiesများ

Date:
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၌ ညောင်တုန်းဆန်စပါးလုပ်ငန်းရှင်များအသင်းဟောင်းဥက္ကဋ္ဌ၊ အတွင်းအရေးမှုတို့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးတို့ တွေ့ဆုံ၍ (၉-၁၀-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်ဦးက ညောင်တုန်းမြို့ ယခင်ဖွဲ့စည်းပြီးအသင်းမှ တာဝန်ရှိသူများနှင့် အသင်းအသစ်ပြန်လည်ဖွဲ့စည်းနိုင်ရေးကိစ္စရပ်များကိုဆွေးနွေးခြင်း၊ အသင်းသစ်ဖွဲ့စည်းမည့် အခြေအနေကိစ္စရပ်များကိုညှိနှိုင်းခြင်း၊ ဆန်စပါးဆိုင်ရာ မူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများထွက်ရှိလာမည်ဖြစ်၍ ဆန်စ
Date:
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၈-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားအုန်းဆီများကို ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာ၌ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချနေသော ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးရာ ဆီကုန်သည်ကြီးများအသင်း၏ တိုင်းဒေသကြီး၊ ခရိုင်/ မြို့နယ်အသီးသီးရှိ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းခွဲများသို့ ဖြန့်ဖြူးရောင်းချထားသော
Date:
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအား အသိပညာပေးဆောင်ရွက်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တာဝန်ခံ ဒေါ်ဟေမာန်ဦးသည် (၉-၁၀-၂၀၂၄)ရက်နေ့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ သင်တန်းတက်ရောက်နေသော ဆရာ/ ဆရာမများအား Online မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ထိုသို့ဟောပြောဆောင်ရွက်ရာတွင် Online မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ Online မှတစ်ဆင့်ဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့်အချက်များ၊ Online လုပ်ငန်းဆောင်ရွက်လျှင် မှတ်ပုံတင်ခြင်းဖြင့် ရရှိ
Date:
စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်အနေဖြင့် ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံတို့ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ (၉-၁၀-၂၀၂၄)ရက်နေ့တွင် ကင်မလင်းကျွန်းရပ်ကွက်အတွင်းရှိ ဆန်အရောင်းဆိုင်များအား သွားရောက်၍ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှော
Date:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၉.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင် လျှောက်ထားရန်အတွက်နှင့် မှတ်ပုံတင်လက်မှတ်ရရှိသူများ အနေဖြင့် လိုက်နာရမည့်တာဝန်များနှင့် အခွင့်အရေးများအား သိရှိစေရန်ရည်ရွယ်၍ ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်၊ မြိုင်လမ်းပေါ်ရှိ Cosmetics များ ရောင်းချသည့် လုပ်ငန်းရှင်ထံသို့ သွားရောက်၍ အသိပညာပေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

Date:
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်တိုးတက်အောင်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်များပိုမိုအဆင်ပြေချောမွေ့အောင် အသင်းအဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် (၁၀-၁၀-၂၀၂၄)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ခရိုင်ဆန်စပါးကုန်သည်အသင်းဖွဲ့စည်းဆောင် ရွက်ခဲ့ရာ ပုသိမ်ခရိုင်အတွင်းရှိ ဆန်ကုန်သည်နှင့် လုပ်ငန်းရှင် (၁၆)ဦးတက်ရောက်ခဲ့ပြီး ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး(၁)၊ တွဲဖက်အတွင်းရေးမှူး(၂)၊ ဘဏ္ဍာရေးမှူး၊ တွဲဖက်ဘဏ္ဍာရေးမှူး(၁)၊ တွဲဖက်ဘဏ္ဍာရ
Date:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၈.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဦးစားပေးကုန်စည်(၁၀)မျိုးမှ အမှတ်စဉ်(၆) ဖြစ်သည့် ကလေးတစ်ကိုယ်ရည်သုံး ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြီးပြည့်စုံပြီး ဘေးန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ မြိုင်လမ်း ပေါ်ရှိ “Boo Baby” နှင့် “Baby Boss” စတိုးဆိုင် (၂)ဆိုင်သို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

Date:
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကျောင်းနေအရွယ် ကျောင်းသား/ ကျောင်းသူများစားသောက်နေသောမုန့်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စားသုံးသူအခွင့်အရေးနစ်နာမှုမရှိစေရန် ကုန်စည်နှင့် အစားအသောက်များကိုရွေးချယ်ဝယ်ယူစားသောက်နိုင်ရေးအတွက် (၁၁-၁၀-၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် ညောင်တုန်း စက္ကော့ အထက်တန်းကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။ ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းရှိ ရောင်းချသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော၊ မြန်မာစာတန်းမပါသော၊
Date:
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ခြောက်ဆိုင်များသို့ အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၌ အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိခြင်းအခြေအနေအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်မှ ကုန်ခြောက်ဆိုင်များဖြစ်သော ရုံ(E) အမှတ်(၈/၉)ရှိ ဒေါ
Date:
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ ကော့မှူးမြို့နယ် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ရပ်ကွက်များရှိ စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံတို့သည် အမှတ်(၂၂)၊ ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်ရှိ ဦ
Date:
အထက်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားအုန်းဆီများသည် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားချက်အရ သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ တာမွေမြို့နယ်၊ ရန်ကင်းမြို့နယ်တို့၏ ဈေးများရှိ စားအုန်းဆီအရောင်းဆိုင်တို့အား (၁၁-၁၀-၂၀၂၄) ရက်နေ့တွင် ဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ ထိုသို့ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းရှိ/မရှိကိုစစ်ဆေးရာ၌ စားအုန်းဆီများကို အိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီ၏သည် Door t
Date:
အထက်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားအုန်းဆီများသည် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားချက်အရ ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ တောင်ဒဂုံမြို့ နယ်၊ မြောက်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အရှေ့ဒဂုံမြို့နယ်တို့၏ ဈေးများရှိ စားအုန်း ဆီအရောင်းဆိုင်တို့အား (၁၁-၁၀-၂၀၂၄) ရက်နေ့တွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ ထိုသို့ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းရှိ/ မရှိကိုစစ်ဆေးရာ၌ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်းကိ
Date:
အထက်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားအုန်းဆီများသည် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားချက်အရ ဗိုလ်တထောင်ခရိုင်အတွင်းရှိ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ဒေါပုံမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာကေတမြို့နယ်တို့၏ ဈေးများရှိ စားအုန်းဆီအရောင်းဆိုင်တို့အား (၁၀-၁၀-၂၀၂၄) ရက်နေ့တွင် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ ထိုသို့ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းရှိ/ မရှိကိုစစ်ဆေးရာ၌ သက်ဆိုင်ရာဈေးစည်ပင်ရုံးမှ တာဝန်ရှိသူများက ပူးပေါင်းကွင်းဆင်းဆောင်
Date:
၁၁-၁၀-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည် လှိုင်သာယာမြို့နယ်ရှိ ဆန်ဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဈေးကွက်အတွင်း ဆန်များပြတ်လပ်မှုမရှိစေဘဲ အလွယ်တကူဝယ်ယူရရှိစေရေးအတွက် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကိုတွေ့ရှိပါက အရေးကြီး
Date:

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၉.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ပြည်တော်သာလမ်း ရှိ 21 MART တွင် ရောင်းချလျက်ရှိသော ကုန်စည်များတွင် စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံစွာ ဖော်ပြပါဝင်ခြင်းမရှိသော ကုန်စည်များရောင်းချမှုရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

Date:
၁၁-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဒေါ်မြင့်မြင့်စန်း၊ ဒု-ဦးစီးမှူးသည် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များ၌ အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များဖြစ်သော ခိုင်သဇင်၊ ဦးထက်မောင်ဆိုင်များ၌ xcite, Jumbo, Wah-Wah, mameeနှင့် Yum Yum အမှတ်တံဆိပ်ပါ ရောင်းချနေသော အသင့်စားခေါက်ဆွဲထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ထောက်ခံချက်ပါ/ မပါတို့ကိုစစ်ဆေးခဲ့ရာ ကုန်အညွှန
Date:

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းသည် (၈.၁၀.၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ကင်းစျေး၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့များနှင့်ပူးပေါင်းပြီး စျေးကွက်အတွင်း တရားမဝင်ကုန်သွယ်မှု လမ်းကြောင်းမှ ဝင်ရောက်လာသော ပုဇွန်(၂)ကောင်အမှတ်တံဆိပ်စားအုန်းဆီများရောင်းချမှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

Date:
တိုက်ကြီးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၁၀-၁၀-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုသို့အစည်းအဝေးကျင်းပရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကိုပံ့ပိုးမြှင့်တင်နိုင်ရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အထူးကြိုစားဆောင်ရွက်သွားရန်ဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့ ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် စိုက်ပျိုးရေးပညာရှင်များ၊ ဌာနဆိုင်ရာတိုင်းခရိုင်၊ မြို့နယ်အဆင
Date:
(၉-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စီမံကိန်းအစည်းအဝေးနှင့် စုပေါင်းသံဃာမဟာပဝါရဏာပြုပွဲကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် အထွေထွေအုပ်ချုပ်ရေးမှူးက စီမံကိန်းလုပ်ဆောင်နေသော ဌာနဆိုင်ရာများကို လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်အခြေအနေများအား ၂၅-၁၀-၂၀၂၄ ရက်နေ့အရောက် အမြန်ဆုံးတင်ပြရန် ဆွေးနွေးပြီး ကျန်ဌာနများနှင့်လည်း အပြန်အလှန်ဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေးသို့ (၅၀)ဦးခန့်တက်ရောက်၍ နံနက်(၁၁:၃၀)နာရီအချိန်တွင် အစည်းအဝေးရုပ်သိမ်းခဲ့ကြောင်းသိရပါသည်။ DOCA(ရ
Date:

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ (၇.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့ သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ချောက်မြို့မစျေးတွင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်