သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ဧပြီလ (၂၄)ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျောင်းကုန်း မြို့နယ်ရှိ အငြိမ်စားဝန်ထမ်းများအား စားအုန်းများကို ရည်ညွှန်းဈေးဖြင့် ဆီ(၁) ပိဿာလျှင် (၆၀၀၀/-) ကျပ်နှုန်းဖြင့် စားအုန်းဆီ ပိဿာ (၁၀၀) ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့နယ် တာဝန်ခံသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ ဧပြီလ (၂၄)ရက်၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၊ တောင်ယာစု စာသင်ကျောင်းတွင် ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများနှင့်တွေ့ဆုံ၍ ပြည်သူ အသိပညာပေး ဟောပြောခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့များ၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ကြီးကြပ်မှုဖြင့် ထိုမြို့နယ်များအတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနများ ပူးပေါင်းကာ ၂၀၂၃ခုနှစ် ဇွန်လမှ စတင်၍ ယခု၂၀၂၄ခုနှစ် ဧပြီလအထိ အခြေခံစားသောက်ကုန်မျ