ကယားဝက်အူချောင်း

          ကယားဝက်အူ‌ချောင်းသည် ကယားပြည်နယ်၏ထင်ရှားသော ရိုးရာစားသောက်ကုန်တစ်မျိုး ဖြစ်ပြီး ဒေသခံများသာမက အခြားဒေသမှလာရောက်လည်ပတ်သူများလည်းစိတ်ဝင်စားကြသည့် ဒေသထွက်ကုန်တစ်မျိုးဖြစ်သည်။ ကယားပြည်နယ်သို့ရောက်ရှိပါက မဖြစ်မနေမြည်းစမ်းရမည့် အ ကျော်ကြားဆုံး ဒေသထွက်လက်ဆောင်တစ်ခုဖြစ်သည်။ ဝက်သား၏အရသာ၊ မက်ခါသီး၏ထူးခြား သောအနံ့အရသာနှင့် ဒေသထွက်ငရုတ်သီးတို့ပေါင်းစပ်ထားခြင်းသည် ကယားဝက်အူချောင်း၏ထူး ခြားချက်ဖြစ်သည်။

ကယားဝက်အူချောင်းပြုလုပ်ရာတွင် ဝက်သားကိုအဓိကအသုံးပြုပြီး မက်ခါသီး(ကယားင ရုတ်ကောင်း) ကယားဝက်အူချောင်း၏ အဓိကလျှို့ဝှက်ချက်ဖြစ်ပြီး အနံ့မွှေးကာ လျှာကိုအနည်းငယ် ထုံစေသည့် ဒေသထွက် မက်ခါသီးအမှုန့်ကို ထည့်သွင်းအသုံးပြုရသည်။ ဓာတုတာရှည်ခံဆေးများ နှင့် Preservatives များအသုံးမပြုဘဲ ဝက်သား၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် တောင်ပေါ်ငရုတ်သီး တို့ကိုသမအောင်ရောနယ်ပြီး သန့်ရှင်းစွာဆေးကြောထားသော ဝက်အူအတွင်းသို့ထည့်သွင်းကာ အခွေပုံစံပြုလုပ်ကြသည်။ ထုတ်လုပ်သူတစ်ဦးနှင့်တစ်ဦး အသုံးပြုသည့်ပါဝင်ပစ္စည်းနှင့် ပြုလုပ်နည်း အနည်းငယ်ကွဲပြားနိုင်သည်။
 

ကယားဝက်အူချောင်းကို ဒေသတွင်းအစားအသောက်ပြုလုပ် ရောင်းချသူများမှတစ်ဆင့်ဝယ် ယူနိုင်သကဲ့သို့ အွန်လိုင်းအစားအသောက်မှာယူမှုများတွင်လည်းတွေ့နိုင်ပါသည်။ ထို့အပြင်ဒေသအ စားအစာအဖြစ်လူသိများသကဲ့သို့ အခြားမြို့များသို့ သယ်ဆောင်သွားရန် ကြိုတင်မှာယူသည့်အပြင် ‌ဒေသသို့လာရောက်လည်ပတ်သူများအနေဖြင့် မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများအတွက် ဒေသအမှတ်တရလက်ဆောင်အဖြစ် ဝယ်ယူပေးနိုင်သည့် ထုတ်ကုန်တစ်မျိုးလည်းဖြစ်သည်။ အထူး သဖြင့် မက်ခါသီး၏ထူးခြားသောအနံ့အရသာနှင့် ဒေသရိုးရာပြုလုပ်နည်းတို့ကြောင့် အခြားဝက်အူ ချောင်းများနှင့်မတူပဲ အရသာထူးခြားသော ဒေသထွက်ထုတ်ကုန်တစ်မျိုးဖြစ်သည်။ စျေးနှုန်းမှာ ၁၀ ကျပ်သား တစ်ခွေလျှင် ၂၄၀၀၀ ခန့်ရှိကြောင်း သိရှိရပါသည်။

ကယားဝက်အူချောင်းသည်ဒေသ၏ ရိုးရာအစားအစာ အမွေအနှစ်ကို ထိန်းသိမ်းထားနိုင် သည့်အပြင် စားသောက်ကုန်ထုတ်လုပ်မှုနှင့် ရောင်းဝယ်ရေးလုပ်ငန်းများနှင့်လည်း ဆက်စပ်နေ သောထုတ်ကုန်တစ်မျိုးဖြစ်သည်။ ထို့ကြောင့် ကယားဝက်အူချောင်းကို ရိုးရာအရသာနှင့် အရည် အသွေး ကောင်းမွန်မှုတို့ကိုထိန်းသိမ်းကာ စျေးကွက်ပိုမိုကျယ်ပြန့်လာစေရန်ဆောင်ရွက်ခြင်းသည် ဒေသထွက်ကုန်တန်ဖိုးမြှင့်တင်ရေးအတွက် အရေးပါလျက်ရှိသည်။

DOCA(ကယား)