ကွမ်းရွက်၏အသုံးဝင်ပုံများ

Powered by Drupal
Tue, 08/22/2023 - 13:43 -- consumer_admin

    ကွမ်းရွက်ပင်သည် ပင်ပျော့အမျိုးအစားဖြစ်သည့်အားလျော်စွာ သစ်ပင်ကြီးများအား အမှီပြု၍ပေါက်ရောက်ကြသည်။ မြန်မာလူမျိုးများသည် ကွမ်းရွက်ပင်များကို ကွမ်းစားခြင်းအလေ့အထများကြောင့် ရှေးယခင်ကပင် စိုက်ပျိုးခဲ့ကြပါသည်။ ပူအိုက်စွတ်စိုသောရာသီတုတွင် ကောင်းစွာရှင်သန်ကြသည်။  ရှေးမြန်မာလူမျိုးများအထွတ်အမြတ်ထားကာ အသုံးပြုသောအပင်နှစ်မျိုးတွင် ကွမ်းရွက်ပင်သည် တစ်မျိုးအပါအဝင်ဖြစ်သည်။ ကွမ်းရွက်သည် ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝသောအရွက်ဖြစ်သဖြင့် လူ့ခန္ဓာကိုယ်အတွင်းရှိ ဓာတ်တိုးပစ္စည်းများအား ဖယ်ရှားပေးပြီး ဝမ်းမှန်စေသည်။ သွေးတွင်းကိုလက်စရောကိုပါကျစေနိုင်၍ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်းလျော့နည်းစေသည်။   ကွမ်းရွက်ကိုအနည်းငယ်ယူ၍ မျက်စိ၏အစွန်းနှစ်ဖက်တွင်ကပ်ပေးခြင်းကို အိပ်ရာဝင်ခါနီးတိုင်းတွင် မှန်မှန်ပြုလုပ်ပေးပါက မျက်စိမှုန်ခြင်းကိုလည်းဟန့်တားနိုင်သည်။ ကွမ်းရွက်ကိုအပေါက်ဖောက်၍ မျက်စိတစ်ဝိုက်ကပ်ပေးပါက မျက်စိမှုန်ခြင်း၊ မျက်စိအားနည်းခြင်းဝေဒနာများကိုသက်သာပျောက်ကင်းစေနိုင်သည်။ ကွမ်းရွက်ကိုဝါးစားပေးပါက ခံတွင်းထဲရှိ ascorbic acid ပမာဏကိုထိန်းညှိပေးပြီး ခံတွင်းကင်ဆာမဖြစ်အောင်ကာကွယ်ပေးပါသည်။ ကွမ်းရွက်ကိုရေနွေးဆူဆူထဲထည့်ပြုတ်ပြီး ပျားရည်အနည်းငယ်ထည့်သောက်သုံးပေးပါက ကင်ဆာရောဂါကာကွယ်ရန်အထောက်အပံ့ဖြစ်စေသည့်အပြင် အညှီအဟောက်၊ အပုပ်အစပ်အနံ့များလက်တွင်စွဲနေပါက ကွမ်းရွက်ကိုလက်တွင်ပွတ်ချေပေးခြင်းဖြင့် အနံ့များပျောက်ကင်းစေနိုင်သည်။ အနံ့ပြင်းသော ဒညင်းသီး၊ ဒူးရင်းသီးများစားပြီးပါက ကွမ်းရွက်ကိုဝါး၍ အရည်ကိုမျိုချခြင်းဖြင့် အနံ့များပျောက်ကင်းစေနိုင်သည်။ ကွမ်းရွက်မှထုတ်ယူရရှိသော ပေါင်းခံရည်တစ်စက်ကို ရေ (၁၀၀) စီစီနှင့်ရောစပ်၍ အာလုတ်ကျင်းပေးနိုင်သည်။ ခံတွင်းပျက်ခြင်း၊ အော့အန်ခြင်းများအတွက် ကွမ်းရွက်ရင့်ရင့်ကို ကွမ်းစားဂမုန်းဥနှင့်ညက်စွာရောကြိတ်၍ သင့်တော်သည့်အရွယ်အလုံးများလုံးကာ နေ့စဉ် တစ်လုံးစီစားပေးနိုင်ပါသည်။ ကွမ်းရွက်ကိုလက်ဖြင့်ချေ၍အနံ့ရှုခြင်း၊ ဘယ်ဘက်ရင်အုံပေါ်တွင် ကွမ်းရွက်ကိုတံတွေးဆွတ်၍ကပ်ပေးခြင်းဖြင့် နှလုံးတုန်၊ မူးဝေ၊ ထိုင်းမှိုင်းခြင်းကိုသက်သာစေသည်။ ထို့ပြင် နို့တိုက်မိခင်များနို့ရည်တင်း၍ ကိုက်ခဲခဲ့သော် ကွမ်းရွက်ကိုဆီသုတ်၍ မီးကင်ကာအုံပေးခြင်းဖြင့် သက်သာစေပါသည်။ ကွမ်းရွက်ကို နို့ချောင်းပိတ်ရောဂါ၊ နို့ကျိတ်ရောင်ရောဂါများအတွက်ပါ အသုံးပြုနိုင်ပါသည်။ ထိုကြောင့် ကွမ်းရွက်သည် ခန္ဓာကိုယ်အတွက် များစွာအထောက်အကူပြုသည့် မြန်မာ့ဆေးစွမ်းကောင်းတစ်လက်လည်းဖြစ်ပါသည်။

DOCA(ကယား)