ဆေးဖက်ဝင်ငါးရံ့ပတူရွက်

Powered by Drupal
Wed, 08/30/2023 - 10:47 -- consumer_admin

     ငါးရံ့ပတူရွက်သည် မိုးဦးကျချိန်တွင် လှိုင်လှိုင်ပေါ၍ နေရာအနှံ့အပြားတွင် အလေ့ကျပေါက်လေ့ရှိသော အပင်တစ်မျိုးဖြစ်ပါသည်။ ရှည်မြောမြောအရွက်လေးများရှိသော အပင်တစ်မျိုးဖြစ်ပါသည်။ အရွက်ကိုစားလိုရသလို အမြစ်နှင့် ပင်စည်ကလည်းဆေးဖက်ဝင်ပါသည်။ အရွက်ကိုရေနွေး ဖျောပြီး တို့စားလိုရသလို သုပ်စာလို့လည်းကောင်းသော အရွက်တစ်မျိုးဖြစ်ပါသည်။

    ငါးရံ့ပတူရွက်တွင် ကျန်းမာရေးနှင့်ပတ်သက်သော အာဟာရဓာတ်များစွာပါဝင်နေပါသည်။ ဗီတာမင် A၊ B၊ C၊ B6၊ B12၊ အမျှင်ဓာတ်၊ ဇင့်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ အမိုင်နိုအက်ဆစ်၊ ကော့ပါး၊ ပရိုတင်းနှင့် ကာဗွန်ဟိုက်ဒရိတ်တို့ ပါဝင်ပြီးလူတို့ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုပါသည်။ ဓာတ်တိုးဆန့်ကျင်အာနိသင်များစွာကြွယ်ဝသောကြောင့် တစ်ရူးနှင့် ဆဲလ်များမပျက်စီးအောင်ကာကွယ်ပေးခြင်း၊ နာတာရှည်ရောဂါသက်သာစေခြင်း၊ ကင်ဆာမဖြစ်စေဖို့နှင့် ကင်ဆာရောဂါသက်သာစေဖို့အတွက် ငါးရံ့ပတူရွက်ကို စားသုံးပေးသင့်ပါသည်။

   ငါးရံ့ပတူရွက်သည် ခန္ဓာကိုယ်ကိုအကျိုးပြုသည့် ဘက်တီးရီးယားတွေကို အားဖြည့်ပေးပြီး ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သည့် ဘက်တီးရီးယားများကို တိုက်ထုတ်ပေးနိုင်စွမ်းရှိပါသည်။ ဘက်တီး ရီးယားကူးစက်မှုကြောင့်ဖြစ်သည့် ကျန်းမာရေးပြသာနာများကိုကာကွယ်ပေးနိုင်သောကြောင့် စားသုံး ပေးသင့်သော အရွက်တစ်မျိုးဖြစ်ပါသည်။

    အာရုံကြောဆိုင်ရာရောဂါများဖြစ်ကြသော အယ်လ်ဇိုင်းများ၊ ပါကင်ဆန့်၊ multiple scierosis လိုရောဂါများကင်းစေဖို့ စားသုံးပေးသင့်သလို ဓာတ်တိုးပစ္စည်းပါဝင်သောကြောင့် အာရုံကြော ထိခိုက်မှုကိုကာကွယ်ပေးနိုင်ပါသည်။ Bioactive ဒြပ်ပေါင်းတွေ ပါဝင်သောကြောင့်ဆေး၊ အယ်လ်ကိုဟောနှင့် အခြားသောအရာများကြောင့် အသည်းကိုထိခိုက်စေခြင်းမှလည်း ကင်းဝေးစေပါသည်။ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ဖို့အတွက်ဆိုလျှင် ငါးရံ့ပတူရွက်ကို စားသုံးပေးသင့်ပါသည်။

   မြန်မာဆေးကျမ်းများအရ ငါးရံ့ပတူပင်သည် အရွက်၊ အမြစ်နှင့် အစေ့သည် ဆေးဖက်ဝင်ပါသည်။ အရသာမှာပူ၊ ခါးသောအရသာရှိပြီး အရွက်နှင့်အမြစ်တို့ကို အနာကြီးရောဂါ၊ မီးယပ်ဆေး များဖော်စပ်ရာတွင် အသုံးပြုပါသည်။ အရွက်သည် ကိုယ်ပူနာ၊ လေနာ၊ ချောင်းဆိုးနာများ ပျောက်စေပြီး မီးယပ်သွေးခဲ၊ သွေးကျန်များကို ကြေပျက်၍ ကျစေပါသည်။ အမြစ်ကိုသွေး၍ချင်းခြောက်မှုန့်နှင့်ရောပြီး ရေနွေးနှင့်သောက်ပါက အဆုတ်နာပျောက်ပါသည်။ အစေ့ကို အဆစ်ရောင်ရောဂါများအတွက် အသုံးပြု၍ရပါသည်။ အိမ်ရှင်မများအတွက် အရသာရှိသောဟင်းတစ်ခွက်ဖြစ်စေပြီး လူတို့ကျန်းမာရေးအတွက် ဆေးဖက်ဝင်သော ငါးရံ့ပတူရွက်ကို လူတိုင်းစားသုံးသင့်ပါသည်။

DOCA(ကယား)