မေတ္တာဖြင့် စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ်ခြင်းမှ အော်ဂဲလ်နစ် သီးနှံ စိုက်ပျိုးစို့

Powered by Drupal
Fri, 05/03/2024 - 15:22 -- consumer_admin

        သဘာဝ ပတ်ဝန်းကျင် လို့ဆိုလိုက်ရင် လူအများစုက တောတောင် ၊ရေမြေ ၊သစ်ပင် ၊ ရေအိုင် ၊ပင်လယ် ၊သမုဒ္ဒရာ၊ အင်းအိုင်ချောင်းမြောင်းတွေကို သိမြင်ကြတာများပါတယ်..။ လူ၊ တိရိစ္ဆာန် တို့ နေ့စဉ် စားသုံးနေကြတဲ့ အစားအစာကို အဓိက ဖန်တီးပေးနေသူ တွေ ရဲ့ အခန်းကဏ္ဍ က သေးလွန်းလို့ မမြင်နိုင်ကြတာအမှန်ပါပဲ..။

      ကိုယ်ပိုင် စိုက်ပျိုးထုတ်လုပ်ခြင်းမှ အများပြည်သူအကျိုးရှိအောင် စိုက်ပျိုးထုတ်လုပ်သော သီးနှံများ စနစ်ကျစွာ စိုက်ပျိုးနိုင်ရန် အရေးကြီးပါသည်။ ယခု ရာသီဥတုသည်  ဖောက်ပြန်သော ရာသီဥတုဖြစ်၍ နွေဆို ပိုပူ၍ မိုးရာသီဆို မိုးများလွန်းတာကြောင့် သီးနှံစားပင်များ ယခုဒေသအတွင်း စိုက်ပျိုးသူခြံပိုင်ရှင်များ စိုက်ပျိုးသည့် ကွမ်းပင်များ အပင်သေခြင်းများဖြစ်၍ လိုအပ်သလောက် ခရီးမရောက် ထွက်ရှိမှု နည်းပါးလာနိုင်သည်။

    သူတို့ တတွေကတော့ Micro-organism လို့ ခေါ် တဲ့မြေ ထဲ မှာ နေထိုင်တဲ့အလွန်သေးငယ် တဲ့သက်ရှိတွေ ပဲဖြစ်ပါတယ်။ ဘက်တီးရီးယား Yeast တို့ ဗိုင်းရပ်စ်တို့ဆိုလျင် သာမာန် ပကတိမျက်စေ့ နဲ့ မမြင်နိုင်ကြပါဘူး ။ မှိုတို့ ၊ ပရိုတိုဇိုးဝါးတို့ အယ်ဂျေး ခေါ် ရေညှိတွေကတော့မြင်တွေ့လို့ ရပါသေးတယ်။

    ပကတိမျက်စေ့ နဲ့မမြင်နိုင်တဲ့အဏုဇီဝ တွေဖြစ်တဲ့ ဘက်တီးရီးယား တွေဆိုမြေကြီး ကော်ဖီမှုန့် ဇွန်းတစ်ဇွန်းမှာ သန်းရာထောင်လောက်ထိရှိပါတယ်..။

     ယနေ့ သီးနှံတစ်မျိုးတည်းကိုသာ စိုက်ပျိုးကြတဲ့ စနစ်မှာ nicheကတစ်မျိုးထဲဖြစ်ပြီး အဲဒီမှာ နေတဲ့အဏုဇီဝ သာရှိပြီး ကျန် တဲ့အဏုဇီဝတွေ မနေနိုင်ကြတော့ပါဘူး။ဒါကြောင့် စိုက်ခင်းဂေဟစနစ် မှာ အဏုဇီဝ အမျိုးမျိုးရှင်သန် နေထိုင်ဖို့ နေစရာများများ ဖန်တီးပေးသင့်ပါတယ်..။ ကမ္ဘာကြီးပူနွေးလာလို့ စက်ရုံအလုပ်ရုံများမှ ထွက်သော မီသိန်းဓါတ်(Methane) ကြောင့်လည်းကောင်း၊ စွန့်ပစ်၊ သား၊ ငါး၊ ပုပ်သိုးခြင်း၊ အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်း မရှိသောကြောင့် ရာသီဥတု ပူနွေးဖောက်ပြန်လာခြင်းများဖြစ်တယ်။ သီးပင်၊ စားပင်များ၊ လယ်၊ ကိုင်း၊ စိုက်ပျိုးရာတွင် ဓါတုဆေးသုံးများခြင်းကြောင့် ဓါတ်တွေပျက်စီးလာပြီး နှစ်ကြာလာသည်နှင့်အမျှ မြေဆီလွှာပျက်စီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ မြေဆီလွှာဟာ အပင်ကလိုအပ်တဲ့ အာဟာရ ဓာတ်မျိုးစုံကို အသင့်စားသုံးနိုင်အောင် ဖန်တီးပေးပါတယ်။

     မြေဆီလွှာပျက်စီးခြင်းကြောင့်  အထွက်နှုန်း နည်ပါးလာနိုင်ခြင်း၊ ဓါတ်မြေဩဇာပိုထည့်လေ ၊ မြေဆီမြေလွှာ ပျက်စီးလေဖြစ်နိုင်ပါတယ်။ မြေဆီလွှာပျက်စီးခြင်းကြောင့် အထွက်နှုန်း ကျဆင်းနိုင်သဖြင့် မြေဆီလွှာကို ထိန်းညှိပေးနိုင်ရန် သဘာဝမြေဩဇာကို အသုံးပြုရန် လိုအပ်ပါတယ်။ သဘာဝပတ်ဝန်း ကျင်ကို ထိန်းသိမ်းမှ အဓိကအရေးကြီးတဲ့ ဇီဝမျိုးကွဲ ကြွယ်ဝမှုကို ဆိုးရွာစွာ   ထိခိုက်ပါတော့တယ်။ အော်ဂဲနစ် စိုက်ပျိုးရေးကို ကျင့်သုံးခဲ့မယ်ဆိုရင် သီးနှံတစ်မျိုးတည်း  အော်ဂဲနစ်သွင်းအားစု အသုံးပြုရမည်မှာ အမှန်ပင် ဖြစ်ပါတယ်။ သဘာဝမြေဩဇာအသုံးပြုခြင်းကြောင့် အချိန်ကြာလာလျှင် မြေဆီလွှာကို ထိန်းညှိပေးပြီး၊ အချိန်အလေအလွင့်မဖြစ်စေပဲ ဈေးနှုန်း ကုန်ကျစရိတ်ကို သက်သာစေနိုင်မည်ဖြစ်ပါတယ်။ သီးနှံတစ်မျိုးတည်းကို စိုက်ခင်းတစ်ခုထဲမှာ နှစ်စဉ် တစ်ကွင်း တစ်ပြန့်ထဲ စိုက်တဲ့အခါ ၃နှစ်လာကြာလာပါက မြေပျက်တာတွေ..အထွက်လျော့တာတွေ၊ ပိုးမွှားပြဿနာတွေ၊ ရောဂါ တွေ များလာတာ တွေ့နေရတာ ဘယ်လိုမှ ငြင်းမရတဲ့အချက်ဖြစ်ပါတယ် ။

     စိုက်ပျိုးရေးလုပ်ငန်းကြောင့် ဇီဝမျိုးကွဲများဟာ တစ်နေ့လျှင် ၃မိနစ်အတွင်း ပျောက်ကွယ်နေကြရပါတယ်။ သက်ရှိများ မှီတည်ရာ ကမ္ဘာမြေကြီးမှာ သက်ရှိတိုင်းလိုလိုဟာ အရေးပါတဲ့ အခန်းကဏ္ဍရှိကြပါတယ်။ ကဏ္ဍဖွံ့ဖြိုး တိုးတက်ဖို့ဆိုသည်မှာလည်း မျိုးစေ့အနေဖြင့် ဒေသမျိုးစေ့ကို ပစ်ပယ်၍ မရပါ၊ ဈေးကွက်ကျသော မျိုးစေ့ကိုပဲ စိုက်ပျိုးခြင်းကိုလည်း တွေ့ရှိရပါတယ်။ ပိုးသတ်ဆေးအသုံးပြုမှုဟာ လူတွေမူးယစ်ဆေးဝါးစွဲသလိုကို စွဲနေကြပြီး သီးနှံထုတ်လုပ်မှု ပုံစံမျိုးကို သေချာလေ့လာကြည့်မယ်ဆိုရင် ကမ္ဘာကို ကျွေးမွေးဖို့ အဓိက မကျခဲ့ပါ။ ထုတ်လုပ်မှုရဲ့ ၃၀% ကိုသာ လူတို့စားသုံးကြပြီး ထို့ ၃၀% သော သီးနှံထုတ်လုပ်မှုအတွက် မြေဧရိယာ ၇၀ မှ ၈၀ % ရေကို ၇၀% ရေလောင်စာကို ၈၀% အသုံးပြုခဲ့ရပါတယ်။ ဂေဟအကျိုးပြု စိုက်ပျိုးကျွေးမွေးကို လုပ်ဆောင်ရာတွင် မြေဆီမြေကောင်းအောင်ကျွေးမွေးရတယ်၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ဇဝအမယ်စုံခြင်းက ကျွေးမွေးရတယ်၊ စက်မှုလယ်ယာက မကျွေးမွေးပါ၊

    တိတ်ဆိတ်သော နွေရာသီတွင် စာရေးဆရာမ ရေချယ်ကာဝင်က ၁၉၄၂ခုနှစ်တွင် ပိုးသတ်ဆေး၏ ဆိုးကြိုးကို စတင်တွေ့ရှိပြီး ၎င်းအချိန်က ပိုသတ်ဆေးထုတ်လုပ်သူက နိုဘယ်ဆုကိုရရှိနေတယ်၊ ပိုးသတ်ဆေး၏ ဘေးထွက်ဆိုးကျိုးသည် အကျိုးပြု သက်ရှိမျိုးစိတ်များကို လျော့နည်းစေခြင်း၊ ပိုးသတ်ဆေး အရည်အငွေ့များ လေတွင် လွင့်မျောခြင်း၊ အစားအသောက်များတွင် ပိုးသတ်ဆေးဓါတ်ကျွင်းများ ပါရှိခြင်း၊ မြေအောက်ရည် ညစ်ညမ်းခြင်း၊ ပိုးသတ်ဆေးအား ခံနိုင်ရည်ရှိလာခြင်း၊ အဆိပ်သင့်အန္တရာယ်ရှိခြင်း၊ အခြားဖြစ်နိုင်ဖွယ် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ ဖြစ်စေနိုင်သည်ကို သိရှိရန်လိုအပ်ပါတယ်။

     အော်ဂဲနစ် သီးနှံ စိုက်ပျိုးသူများဟာ သဘာဝပတ်ဝန်းကျင်အပေါ် အထူးအလေးအမြတ်ထားသူများ ဖြစ်ကြပါတယ်။ သူတို့ဟာ သဘာဝမြေဩဇာများကို အသုံးပြု၍ ဖန်လုံအိမ်အာနိသင် ဓါတ်ငွေ့ထွက်မှုကို လျှော့ချကာ ဓါတုပစ္စည်းများ နည်းပညာများထက် လူသားလုပ်သားများနဲ့ အဓိကလုပ်ကြပြီး၊ စဉ်ဆက်မပျက် တိုးတက်သော စိုက်ခင်းများ သီးနှံများကို စိုက်ပျိုးကာ ဇီဝမျိုးကွဲများကို အားပေးခြင်း၊ ရေအရင်းအမြစ်ကို ထိန်းသိမ်းခြင်း၊ မြေဆီလွှာကို ပြုပြင်ခြင်း ကောင်းမွန်သော လူသားအကျိုးပြု စားနပ်ရိက္ခါ စိုက်ပျိုးထုတ်လုပ်ခြင်းသို့ ပြောင်းလဲနိုင်မည်ဖြစ်သည်။ ဒါကြောင့် အော်ဂဲနစ် တောင်သူများကို တိုက်တွန်းလိုတာက ငါတို့မြေ မှာ အင်မတန် ချစ်စရာကောင်း တဲ့ အဏုဇီဝ လေးတွေ ရှိတယ် ။ သူတို့ မပူအောင် မြေဖုံးပင်လေးတွေ စိုက်ပေးမယ် ။ မြေဆွေးတွေ အင်တိုက်အားတိုက်လုပ်ကြမယ်။ မြေကြီးအပေါ်ကို မြေဖုံးပေးမယ်။ အဏုဇီဝကော အပင် ဇီဝမျိုးစုံကော တိုးပွားလာအောင် အပင်စုံစိုက်ပေးမယ် ဆိုတဲ့ သက်ရှိကဲ့သို့ ကရုဏာ တရား  ထားပေးစေချင်ပါတယ် ။ စိုက်ပျိုးရေးနှင့် အသက်မွေးနေသော တောင်သူ၊ သီးနှံစိုက်ခြံ လုပ်ငန်းရှင်များ အနေဖြင့် ဓါတုမြေဩဇာအသုံးပြုခြင်းမှ သီးနှံများကို အော်ဂဲနစ် သီးနှံစိုက်ပျိုးမှုစနစ်သို့ တဖြေးဖြေးခြင်း ပြုပြင်ပြောင်းလဲ စေနိုင်ရန် ကျေးဇူးသိတက်သော စိတ်ဖြင့် အောင်မြင်မှုရဲ့ အထောက်အပံ့ရအောင် ၇လွှာ အမယ်စုံ သီးနှံစိုက်ပျိုးခြင်းကို စတင်စိုက်ပျိုးစေနိုင်ဖို့ တင်ပြလိုက်ပါတယ်။

(ကိုးကား -         ၂၀၂၃ခုနှစ် ဒီဇင်ဘာလ မအူပင် တိုးရွှေဝါခန်းမတွင် ဩဂဲနစ်သီးနှံစိုက်ပျိုးမှု ဒေါ်က်တာ သန်းသန်းစိန်၏ အသိပညာပေး ဟောပြောမှုမှ ကောက်နှုတ်ရေးသားခြင်းဖြစ်သည်။)

DOCA(ဧရာဝတီ)