ပြည်တွင်းစားသုံးဆီဖူလုံဖို့ ပြည်တွင်းဖြစ် ဆီများကိုအားပေးစို့

Powered by Drupal
Tue, 05/21/2024 - 11:27 -- consumer_admin

       သွင်းကုန်လျှော့ချပြီး ပို့ကုန်တိုးမြှင့်ကာ နိုင်ငံခြားဝင်ငွေပိုမိုရရှိနိုင်စေရန်နှင့် MSMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်တွင်းဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ လမ်းညွှန်ချက်ဖြစ်သော ပြည်တွင်းဆီထွက်သီးနှံများမှ  ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ပြည်တွင်းလိုအပ်ချက် လုံလောက်စေရန် ဆီစက်များ၏ ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်လုပ်ငန်း အစီအမံ action plan များရေးဆွဲရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစိးဌာနမှကြီးမှူး၍ ‘ပြည်တွင်းစားသုံးဆီဖူလုံစေရန်အတွက် ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ’ကို ၃၀.၄.၂၀၂၄ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ်(၃၀)၊ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး ဆွေးနွေးပွဲတွင် ပြည်တွင်း စားသုံးဆီဖူလုံစေရန်အတွက် ပြည်တွင်းဆီစက်များ၏ ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေး အထောက်အကူဖြစ်စေမည့် အောက်ဖော်ပြပါ ကဏ္ဍ(၄)ခုအပေါ် အခြေခံ၍ အပိုင်း(၄)ပိုင်းခွဲကာ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်-

(က) ပြည်တွင်းဆီကြိတ်စက်များအတွက် ကုန်ကြမ်းသီးနှံများ စဉ်ဆက်မပြတ်ရရှိစေရေး ဆွေးနွေးဖော်ထုတ်ခြင်း၊

(ခ)     ပြည်တွင်းစားသုံးဆီဖူလုံစေရန်အတွက် လိုအပ်သောဆီ(တန်ချိန်)များအား ပြည်တွင်း ဆီစက်များမှ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး ဆွေးနွေးဖော်ထုတ်ခြင်း၊

(ဂ)     ပြည်တွင်းဆီစက်များမှ ထွက်ရှိသော စားသုံးဆီကုန်ချောများ ဈေးကွက်စဉ်ဆက်မပြတ် ရရှိရေး ဆွေးနွေးဖော်ထုတ်ခြင်း၊

(ဃ)    ဆီကြိတ်ဖတ်များအား မွေးမြူရေးအစားအစာထုတ်လုပ်မှုကဏ္ဍသို့ အပြည့်အဝ ရောင်းချနိုင်ရေးအတွက် ဆွေးနွေးဖော်ထုတ်ခြင်းစသည်တို့ကိုဆွေးနွေးခဲ့ကြပြီးဆွေးနွေးပွဲရလာဒ်  များအနေဖြင့်-

(၁) ဆီထွက်သီးနှံကုန်ကြမ်းရရှိနိုင်မှုအခြေအနေကိုသုံးသပ်နိုင်ခြင်း၊

(၂)ပြည်တွင်းဆီစက်များမှ ကြိတ်ခွဲထုတ်လုပ်နိုင်မှုအခြေအနေကို သုံးသပ်နိုင်ခြင်း၊

(၃) ဆီထွက်သီးနှံစိုက်ခင်းမှသည် ကြိတ်စက်နှင့် ဈေးကွက်ဆီသို့ တိုင်အောင် တန်ဖိုးမြှင့် ကွင်းဆက်တလျှောက် လုပ်ငန်းအစီအမံများ ချမှတ်နို်ငခြင်း၊

(၄)ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကို ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့် လုပ်ငန်းအစီအမံများ ချမှတ်နို်ငခြင်း၊

(၅) ဆီကြိတ်ဖတ်များအား မွေးမြူရေးအစားအစာ ထုတ်လုပ်မှုကဏ္ဍသို့ အပြည့်အဝ ရောင်းချနိုင်မည့် လုပ်ငန်းအစီအမံများ ချမှတ်နိုင်ခြင်း၊

(၆) ဆီစက်များ၏ လည်ပတ်ထုတ်လုပ်နိုင်မှုအခြေအနေ၊ ပြည်တွင်းဆီစက်များတွင် အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ခေတ်မီဆီစက် အသစ်များထပ်မံတည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ရန်အတွက် ရင်းနှီးမြှပ်နှံမှု လိုအပ်ချက်ကို ဖြည့်ဆည့်ပေးနိုင်မည့် လုပ်ငန်းအစီအမံများ ချမှတ်ခြင်း၊

(၇)     ပြည်တွင်း၌ အလုံအလောက်ထုတ်လုပ်ပြီး အရည်အသွေးပြည့်ဝသော ကျန်းမာရေး နှင့် ညီညွတ်သည့် စားသုံးဆီများ သုံးစွဲနိုင်မည့် လုပ်ငန်းအစီအမံများ ချမှတ်နိုင်ခြင်း၊

(၈)     စားသုံးဆီလုပ်ငန်း၏ လက်ရှိအခြေအနေကို ခြုံငုံသုံးသပ်၍ စားသုံးဆီလုပ်ငန်း တိုးတက်မှုအတွက် အထောက်အကူဖြစ်စေသော စီးပွားရေးပတ်ဝန်းကျင်းတစ်ခု ဖန်တီးနိုင်မည့် လုပ်ငန်းအစီအမံများ ချမှတ်နိုင်ခြင်း၊

(၉)     စီးပွားရေးဦးတည်ချက်ဖြစ်သော ‘ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက် သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး’အား ဌာနအလိုက်၊အသင်းအဖွဲ့အလိုက် အကောင်အထည်ဖော်ဆောင်ရွက် နို်ငမည့် လုပ်ငန်းအစီအမံများ ချမှတ်နိုင်ခြင်း၊

(၁၀) ပြည်တွင်းတွင်ထုတ်လုပ်သည့် ဆီထွက်သီးနှံများမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အပြည့်အဝဆီကြိတ်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ လက်ရှိကြိတ်ခွဲလျက်ရှိသည့် ဆီစက်များ၏ ဆီကြိတ် ခွဲနိုင်စွမ်းအားနှင့် ဆီစက်များအဆင့်မြှင့်တင်ရေးလိုအပ်ချက်များစသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးလိုအပ်သော မူဝါဒနှင့် ညွှန်ကြားချက်များ ချမှတ်နိုင်ခြင်းစသည့် ဆွေးနွေးပွဲ ရလာဒ်များကို ဖော်ထုတ်ဆွေးနွေးနိုင်ခဲ့ပါသည်။

    ထို့အပြင် ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အရည်အသွေးကောင်း စားသုံးဆီများ ထုတ်လုပ်နိုင်ရန်အတွက် ဆွေးနွေးပွဲ Action Plan များတွင် ပါဝင်သော အချက်များမှ ပြည်တွင်းဆီစက်များကို အဆင့်မီ စက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက် ခြင်းနှင့် လက်ရှိဆီစက်များအ ဆင့်မြှင့်တင်တို့ကို ဆောင်ရွက်နိုင်ရန် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ (၃၀.၃.၂၀၂၄) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၈၅/၂၀၂၃ ဖြင့် ဖွဲ့စည်းပေခဲ့ပြီး နိုင်ငံ စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကျပ် (၅၀) ဘီလီယံခွင့်ပြုပေးခဲ့ပြီး ဆီစက်များ အဆင့်မြှင့် တည်ဆောက်ရေးနှင့် လုပ်ငန်းသုံး ရင်းနှီးလည်ပတ်ငွေလိုအပ်ချက်အတွက် တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် အနည်းဆုံး ကျပ်သိန်း (၁၀၀) မှ သိန်း (၃၀၀၀) အထိ ချေးငွေထုတ်ချေးမည် ဖြစ်ကြောင်း ဆီစက်လုပ်ငန်းမှားဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ ကို (၆.၇.၂၀၂၃) နေ့တွင် နေပြည်တော်ဇမ္ဗူသီရိခန်းမ၌ ဆီစက်လုပ်ငန်းရှင်(၈)ဦးအား ငွေကျပ်(၇၉၃)သန်းကို အခမ်းအနားဖြင့် စတင်ထုတ်ချေးခဲ့ပြီး (၃၁.၈.၂၀၂၃)ထိ ဆီစက်လုပ်ငန်းရှင် (၁၉)ဦးသို့ ကျပ်(၁၄၉၈) သန်း ထုတ်ချေးထားပြီး ဆက်လက် ထုတ်ချေးမှု များလည်း ဆောင်ရွက်လျက် ရှိပါသည်။

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအတွက် ချေးငွေဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များမှ ချေးငွေပမာဏအနေဖြင့် -

(၁) လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ(working capital)အတွက် ချေးငွေ  အနည်းဆုံး ကျပ်သိန်း-၂၀၀မှ အများဆုံး ကျပ်သိန်း-၃၀၀၀အထိ

(၂) မတည်ရင်းနှီးငွေ (fixed capital)အတွက် ချေးငွေအနည်းဆုံး ကျပ်သိန်း-၂၀၀မှ အများဆုံး ကျပ်သိန်း ၃၀၀၀အထိ

(၃) ကျပ်သိန်း ၃၀၀၀အထက် ချေးငွေရယူလိုသော ဆိစက်လုပ်ငန်းရှင်များအနေဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးရုံး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) သို့ တိုက်ရိုက်လျှောက်ထားရမည်ဖြစ်သည်။

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို အောက်ပါအချက်များနှင့် ညီညွတ်ပါက လျှောက်ထားနိုင်ကြောင်း သိရသည်။

-လက်ရှိလုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက် ဖြစ်ရမည်၊

-လုပ်ငန်းအမည်ပေါက် လိုင်စင် (သက်တမ်းရှိ) ရရှိရမည်

-ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက် ပိုင်ဆိုင်သောမရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ၊ လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်ပုံစံ(၇) ပေးအပ်နိုင်ရမည်၊

- နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိ ချေးငွေရယူထားသူများအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေး ချေးငွေရယူလိုပါက သီးခြားအာမခံ တင်သွင်းနိုင်မှသာ လျှောက်ထားနိုင်သည်၊

-FDA လက်မှတ် ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိပြီးသူ၊

-သက်ဆိုင်ရာ ဒေသရှိဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များ အသင်းဝင် ဆီစက်လုပ်ငန်းရှင်များအား ဦးစားပေးစဉ်းစားမည်ဖြစ်ပြီး ချေးငွေသက်တမ်းနှင့် ပြန်ဆပ်ကာလအနေဖြင့်  လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေအတွက် ချေးငွေ သက်တမ်းတစ်နှစ်၊ မတည်ရင်းနှီးငွေအတွက် ချေးငွေသက်တမ်းမှာ သုံးနှစ် သုံးရစ် ဆပ်ရမည် ဖြစ်ပြီး ချေးငွေအတိုးနှုန်းမှာ ငါးရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရပါသည်။

 ဆီစက်ချေးငွေကို ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ဆီစက်ပိုင်ရှင်များ အသင်းရုံးများအားလုံး၊(ခ)ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး /ပြည်နယ်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်မျာအသင်းရုံးမျာအားလုံး၊ (ဂ) ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ရုံးခွဲများအားလုံး၊ (ဃ) ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် /ခရိုင်နှင့် မြို့နယ်မြန်မာ့စီးပွားရေး ဘဏ်ခွဲများအားလုံး၊ (င) ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်နှင့် မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲများအားလုံးတို့တွင် လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

သို့ဖြစ်ရာ ပြည်ပမှ တင်သွင်းသည့် ဆီများအစား ပြည်တွင်းကြိတ်ခွဲထုတ်လုပ်‌သော ဆီများအား အစားထိုးသုံးစွဲခြင်းဖြင့် နိုင်ငံခြားသုံးငွေလျော့ချနိုင်သည့်အပြင် အသေးစား၊ အငယ်စား၊အလတ်စား စီးပွားရေးလုပ်ငန်းများကိုလည်း ပိုမိုအထောက်အကူပြုလာနိုင်သည်ဖြစ်ရာ ပြည်တွင်းဆီစက်လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အစိုးရ၊ ပုဂ္ဂလိက လက်တွဲညီညီ ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း သိရှိသမျှ လေ့လာတင်ပြလိုက်ရပါသည်။

Source- https://msmewebportal.gov.mm/latest-news/320

DOCA(မန္တလေး)