တန်ဖိုးမြှင့်ရေထွက်ပစ္စည်းထုတ်ကုန်ဖြစ်သော ပုစွန်ချဉ်ပြုလုပ်ပုံအကြောင်း

Powered by Drupal
Wed, 08/14/2024 - 13:34 -- consumer_admin

      ဧရာဝတီတိုင်းသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်ပေါများသည့်အတွက် ရေထွက်ပစ္စည်း အများဆုံး ထွက်သည့်နေရာဖြစ်သည့်အလျောက် ရရှိသော ပုစွန်များကို တန်ဖိုးမြှင့်ထုတ်ကုန် ပုစွန်ချဉ်အဖြစ် ပြန်လည်ပြုပြင်၍ ထုတ်လုပ်ကြပါသည်။ ထိုသို့ပုစွန်ချဉ်ပြုလုပ်ရာတွင် လတ်ဆတ်သော ပုစွန်များကို ရေသေချာသန့်စင်၍ ခေါင်းဖြတ်၊ အခွံခွာခြင်းများပြုလုပ်ရပါသည်။ သန့်စင်ထားပြီးသော ပုစွန်များကို ထမင်း၊ ဆား၊ သကြားအနည်းငယ်၊ ငရုတ်သီး အနည်းငယ်တို့နှင့် ရောနှောပြီး လက်ဖြင့်စေးပိုင်အောင် နာနာနှယ်ရပါသည်။ ငရုတ်ဆုံထဲတွင် ထည့်၍ ရေသမအောင် ထောင်းပေးလျှင်လည်းရပါသည်။ ရရှိလာသော နှယ်ထားပြီးသား ပုစွန်ထမင်းများကို တောင်စွန်ဖတ်၊ ငှက်ပျောဖတ်များဖြင့် ထုပ်ပိုး၍ နှစ်ရက်ခန့် နှပ်ထားပြီးလျှင် အသင့်စားပုစွန်ချဉ်အား သုံးဆောင်၍ ရပြီဖြစ်ပါသည်။ ပုစွန်ချဉ်ကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ဆီအနည်းငယ်ရှိရုံဖြင့် အလွယ်တကူသုပ်၍ စားသုံးနိုင်ပါသည်။ ထို့ကြောင့် အာဟာရပြည့်စုံ၍ အလွယ်တကူစားသုံးနိုင်သော တန်ဖိုးမြှင့်ထုတ်ကုန် ပုစွန်ချဉ်ပြုလုပ်ပုံအကြောင်း လေ့လာဖော်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)