အွန်လိုင်းအသုံးပြုခြင်းမှ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာဝယ်

Powered by Drupal
Tue, 09/03/2024 - 12:33 -- consumer_admin

      နည်းပညာတိုးတက်လာသည်နှင့်အမျှ အွန်လိုင်းအသုံးပြုမှုတိုးတက်များပြားလာသည်။  အွန်လိုင်းသုံးစွဲခြင်းဖြင့် “ကမ္ဘာကြီးသည် ရွာကြီးသဖွယ်”  သတင်းအချက်အလက်များစွာနှင့် သင်ယူလိုသည့်ဘာသာရပ်များကို လွယ်ကူစွာလေ့လာနိုင်သည်။  အွန်လိုင်းကို လူအများအပြားသုံးစွဲသောကြောင့်  စီးပွားရေးသမားများ၏ ဈေးကွက်သဖွယ်လည်းရှိနေသည်။

     အွန်လိုင်းသုံးစွဲခြင်းသည် ကောင်းခြင်းများရှိသကဲ့သို့ ဒွန်တွဲစွာ ဆိုးကျိုးများလည်းရှိလာခဲ့သည်။ စားသုံးသူများ (ပြည်သူများ) အွန်လိုင်းမှ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် လိမ်လည်မှုများစွာရှိနေခဲ့သည်။ စားသုံးသူ (ပြည်သူများ) အနေဖြင့် အွန်လိုင်းအသုံးပြု၍ ကုန်စည်နှင့် ဝန်ဆောင်မှုများ  ဝယ်ယူသုံးစွဲရာတွင် လိမ်လည်မှုမရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရည်ရွည်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယခုအခါ မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပါသည်။

     စားသုံးသူများ(ပြည်သူများ) အနေဖြင့် အွန်လိုင်းမှ ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူရာတွင် မိမိဝယ်ယူလိုသောလုပ်ငန်းများမှာ  (www .ecomreg .gov.mm)  website တွင် မှတ်ပုံတင်ထားရှိခြင်းရှိ/မရှိ၊ ဖုန်းနံပါတ်နှင့်နေရပ်လိပ်စာများမှန်ကန်မှုရှိ/မရှိ၊ သတ်မှတ်ထားသော ငွေပေးချေမှူစနစ်ရှိ/မရှိ၊ သတ်မှတ်ထားသော  ကုန်စည်ပို့ဆောင်မှုစနစ်ရှိ/မရှိ အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ပစ္စည်းလဲလှယ်ပေးခြင်း၊ (သို့) ငွေကြေးပြန်လည်ပေးအပ်ခြင်းနှင့် အစားထိုးရယူခွင့်ရှိ/မရှိနှင့် မိမိ၏ကိုယ်ရေးအချက်အလက်များပေးအပ်ရန်လိုအပ်ပါက ကျိုးကြောင်းခိုင်လုံမှုရှိ/မရှိတို့ကို သေချာစွာမေးမြန်းပြီးမှသာ ဝယ်ယူသုံးစွဲသင့်သည်။ အွန်လိုင်းအသုံးပြုခြင်းသည် သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေးဖြစ်နိုင်သဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် (အသိ/သတိ) ဖြင့်  အသုံးပြုကြရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

DOCA(ဧရာဝတီ)