ကျန်းမာရေးနှင့် မျှစ်

Powered by Drupal
Thu, 09/05/2024 - 15:54 -- consumer_admin

       မြက်မျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပါသည်။ မြက်မျိုးနွယ်များထဲတွင် အကြီးဆုံးနှင့် အရှည်ဆုံး သော မြက်မျိုးရင်းဝင် အပင်တစ်မျိုး ဖြစ်ပါသည်။ ရက်သတ္တပတ် (၁)ပတ် မတိုင်မီ ဝါးပင်ရဲ့ သားတက် ဖြစ်ပါသည်။ မျှစ်ကို အင်္ဂလိပ်အခေါ်အဝေါ်အရ Bamboo Shoots (Bamboo Sprouts) ဟုခေါ်ပြီး ရုက္ခဗေဒအရ Bambusa vulgaris, Phyllostachys edulis ဟုခေါ်ပါသည်။ မျှစ်တွင် ပိုတက်ဆီယမ် (၁၅%)၊ ကာဗိုဟိုက်ဒြိုက်(၁%)၊ အမျှင်ဓါတ်(၈%)၊ သကြားဓါတ် (၃%)၊ ပရိုတိန်း(၂.၆%)၊ ဗီတာ မင်စီ(၆%)၊ ကယ်စီယံ(၁%)၊ သံဓါတ်(၂%)၊ ဗီတာမင်B6(၁၀%)၊ အဆီဓါတ်(၃%) ပါဝင်နေပါသည်။ အာရှနိုင်ငံအများစုမှာ မျှစ်ကို နှစ်နှစ်ခြိုက်ခြိုက်စားသုံးကြပါသည်။

      အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေသောကြောင့် အဆာခံစေခြင်း ကယ်လိုရီကာဗိုဟိုက်ဒရိတ်နှင့် သကြားဓာတ်နှင့် အဆီဓါတ်ပါဝင်မှုနည်းသောကြောင့် ကိုယ်အလေးချိန်တက်ခြင်းမျိုး မဖြစ်စေနိုင် သဖြင့် ဝိတ်ချနေသူများအနေဖြင့် အထူးသင့်လျော်ပါသည်။

       မျှစ်တွင် သွေးတွင်း၌ အကျိုးမပြုသော ကိုလတ်စထရော(LDL) များကို ချေဖျက်ပေးနိုင်သော Phytosterols & Phytonutrients များပါဝင်သဖြင့် သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေ ပါသည်။ သွေးကြောထဲတွင် သွေးစီးဆင်းမှုကို ကောင်းမွန်စေပါသည်။ အူမကြီးလှုပ်ရှားမှုကိုလည်း ကောင်းမွန်စေပါသည်။

       မျှစ်မှာ ပါဝင်နေသော Phytosterols မှ ကင်ဆာရောဂါအား ကာကွယ်ပေးနိုင်သော အာနိသင် ရှိပါသည်။ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာတွေ မဖြစ်အောင် ကာကွယ်‌ပေးနိုင်သလို အမျှင်ဓါတ်ကြွယ်ဝမှုကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ချေကိုလည်း ကာကွယ် မှု ပေးပါသည်။

      မျှစ်၌ ပါဝင်သော ဗီတာမင်နှင့် သတ္ထုဓါတ်များက ကိုယ်ခံအား ကောင်းစေပါသည်။ ခန္ဓာကိုယ် တွင်း ကိုယ်ပမှ ရောဂါကင်းစေရန် အထိရောက်ဆုံး အားဖြည့်ပေးနေပါသည်။ မျှစ်သည် အမျှင်ဓါတ် ကြွယ်ဝသောကြောင့် အစားကြေစေနိုင်ပြီး ဝမ်းမှန်စေပါသည်။ ဝမ်းချုပ်မှုကင်းသောကြောင့် အစာ ချေ စနစ် ကောင်းမွန်စေရန်အတွက် စားသုံးသင့်‌သော အစားအစာတစ်ခုဖြစ်ပါသည်။

      မျှစ်သည် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ပေးဆောင်နိုင်သောလည်း ကိုယ်ဝန် ဆောင်မိခင်များနှင့် မသင့်‌တော်ပါ ထို့ကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် မျှစ်ကို လုံးဝမစားသုံးသင့်ပါ ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(နေပြည်တော်ကောင်စီ)