“ဝ”ဥကို ဂျပန်လူမျိုးများသာမက အခြားနိုင်ငံများမှ လူမျိုးများလည်း ဆေးဖက်ဝင်ဓါတ်စာအဖြစ် အသုံးပြုကြသည်။ ရှေးခေတ် တရုတ်နှင့် ဂျပန်ဆေးကျမ်းများတွင် “ဝ” ဥကို စားသုံးခြင်းဖြင့် ဆီးကျန်းမာရေးအတွက်ကောင်းမွန်စေခြင်း၊ ဝမ်းဗိုက်(အူ၊ဆီးအိမ်) အတွင်းပိုင်းရှိ အစိုင်အခဲ၊ ကျောက် စသည်တို့ကို ကျေသက်စေကြောင်း ရေးသားဖော်ပြထားပါသည်။ “ဝ”ဥ တွင် Mannam Grain ဓါတ်ပါဝင်မှုကြောင့် ကိုယ်လက်ကြံ့ခိုင်စေခြင်း၊ ဝဖြိုးစေခြင်း၊ ယားယံခြင်း၊ ဆာလောင်မွတ်သိပ်မှုကို ပျောက်စေခြင်း၊ သလိပ်ထ၊ အဖျဉ်း၊ အလုံး၊ လေပြွန်ရောင်၊ လည်ချောင်းပူ၊ လေနာ၊ ဝမ်းဗိုက်နာ၊ ဆင်ခြေထောက်ရောဂါများပျောက်ကင်းစေခြင်း၊ နှလုံးတုန် ရင်ခုန်ရောဂါများမှ ကာကွယ်ပေးခြင်း၊ “ဝ”ဥရိုင်းကို လျှာပွတ်ဆေးအဖြစ် အသုံးပြုခြင်းစသည့် ပရဆေးများအဖြစ်လည်း အသုံးပြုကြသည်။ အဓိကအကြောင်းအရင်း မှာ “ဝ”ဥတွင် လူကိုအဝလွန်၊ အဆီပိတ် လူကိုဘေးဖြစ်စေတက်သော ကိုလက်စထရော (ခေါ်) ဓါတုပစ္စည်းတစ်မျိုး မပါသလောက် လွန်စွာနည်းပါသည်။ “ဝ”ဥကြော်၊ “ဝ”ဥဟင်း၊ “ဝ”ဥသုပ် စားပြီးသောအခါ ဆာလောင်မွတ်သိပ်မှုမှ ပျောက်သွားသည်။ “ဝ”ဥထဲတွင် HDL ကိုလက်စထရော မပါသလောက်နည်းသဖြင့် သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ ဆီးချိုစသည့်ရောဂါဆိုးများ ဖြစ်မလာအောင် ထိန်းသိမ်းကာကွယ်ပေးနိုင်သည်။ လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်း(မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း)က ၁၉၈၀ပြည့်နှစ်တွင် ထုတ်ဝေခဲ့သော မြန်မာ့ဆေးဝါးပင်များစာအုပ်တွင် “ဝ”ဥ နှင့်ပတ်သက်၍ “ဝ”ဥအား အမျိုးသမီးများ ဗိုက်ပူခြင်း၊ ဆီးအိမ်ကြီးခြင်းမှ ကာကွယ်ရန်လည်းကောင်း၊ ကိုယ်ရည်စစ်၍ အသားအရေလှပစေရန်လည်းကောင်း၊ သက်ကြီး ရွယ်အိုများအတွက်လည်း နှလုံးတုန်/ရင်ခုန်ရောဂါကို ကာကွယ်ရန်လည်းကောင်း၊ လူ့ခန္ဓာကိုယ်တွင် လိုအပ်သည်ထက်ပို၍ အဆီများ အစိုင်အခဲဖြစ်ခြင်းမှ ဟန့်တားရန်လည်းကောင်း အသုံးဝင်သည်ဟု၍ လေ့လာမှတ်သားတွေ့ရှိရပါသည်။
DOCA(ပဲခူး)