ရုံးပတီသီးမှရသော ကျန်းမာရေးကောင်းကျိုးသိကောင်းစရာနှင့် ကျန်းမာရေးကောင်းမွန်ဖို့ ရုံးပတီပင်စိုက်၍ စားသုံးစို့

Powered by Drupal
Fri, 10/11/2024 - 13:57 -- consumer_admin

         ရုံးပတီသီးကို အလွယ်တကူဝယ်ယူရရှိနိုင်၍ ၎င်းမှာ လူစားများသော ဟင်းသီးဟင်းရွက်တစ်မျိုးလည်းဖြစ်သည်။ ၎င်းမှာ အစိမ်းရောင်ဖြစ်ပြီး ပန်းပွင့်တဲ့အပင်မျိုးဖြစ်ပါတယ်။ လူအများ နေ့စဉ်စားသုံးနေသည့် အသီးအနှံထဲတွင်လည်း တွေ့နေကျဖြစ်ပါသည်။ ရုံးပတီသီးမှာ ပိုတက်ဆီယမ်ကြွယ်ဝပြီး ဖောလစ်အက်ဆစ်၊ ဗီတာမင်ဘီနဲ့စီ၊ ကယ်လဆီယမ်နဲ့ အမျှင်ဓာတ်များပါဝင်ပါသည်။ ထိုအာဟာရဓာတ်တွေက ကျန်းမာရေးအတွက် အများကြီးအကျိုးရှိပါသည်။ ကျန်းမာရေးအတွက် စားသင့်သော ဟင်းသီးဟင်းရွက်တစ်မျိုးလည်းဖြစ်ပါသည်။ ရာသီမရွေးစိုက်ပျိုးနိုင်သော သီးနှံဖြစ်ပြီး ရုံးပတီသီးစားသုံးခြင်းဖြင့် ဆေးဖက်ဝင် ဟင်းချက်စားသုံး၍ရသော ရုံးပတီသီးသီးနှံအကြောင်းကို တင်ပြရေးသားခြင်းဖြစ်သည်။

         ပူနွေးစိုစွတ်တဲ့ ရာသီဥတုရှိသည့် ကမ္ဘာ့နိုင်ငံအများအပြားမှာ ပေါက်ရောက်ပါသည်။ ရုံးပတီသီးပင်သည် ရေအလုံအလောက်ရရှိမယ်ဆိုလျှင် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။ မအူပင်မြို့ နယ်များတွင်လည်း ဟင်းသီးဟင်းရွက်သီးနှံအမျိုးမျိုးကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိသည်။ ရုံးပတီသီးမူရင်းပေါက်ရောက်ရာဒေသမှာ အနောက်အာဖရိကဒေသ၊ အီသီယိုးပီးယားနဲ့ တောင်အာရှဒေသတွေဖြစ်ကြောင်းသိရှိရပါသည်။

ရုံးပတီသီး စားသုံးသင့်သူ

ရုံးပတီသီးကို သာမန်လူတိုင်း စားသုံးသင့်ပါသည်။ အထူးသဖြင့် အစာအိမ်ရောင်သူ၊ ကင်ဆာရောဂါရှိသူ၊ သွေးအားနည်းသူ၊ အစာမကြေဖြစ်တတ်သူ၊ အားကစားသမားများ၊ လူငယ်များ စားပေးသင့်ပါသည်။

ရုံးပတီ တွဲဖက်စားသုံးရန် အသားများ

           ရုံးပတီသီးနှင့် ဝက်သား၊ ပုစွန်၊ ကြက်ဥ၊ ရေဘဝဲတို့ကို တွဲ၍စားသုံးသင့်ပါသည်။

ရုံးပတီ မစားသုံးသင့်သူများ

         ရုံးပတီသီးကို အူမကြီးအားနည်းသူ၊ မကြာခဏဝမ်းပျက်တတ်သူများ မစားသုံးသင့်ပါ။

ရုံးပတီ တွဲဖက်မစားရန် ဟင်းသီးဟင်းရွက်နှင့် အသားများ

          ရုံးပတီသီးနှင့် ဘဲသား၊ ခရု၊ ဂုံးကောင်၊ ကြက်ဟင်းခါးသီး၊ မှို၊ ကျောက်ဖရုံသီး၊ သခွားသီး၊ ရွှေဖရုံသီး၊ သရက်သီး၊ ကြာစေ့၊ သစ်တော်သီး၊ စတော်ဘယ်ရီ၊ ပျားရည်၊ လက်ဖက်စိမ်း၊ ကျွဲကောသီး၊ ငှက်ပျောသီး၊ ကြံ၊ ဖရဲသီး၊ ပန်းသီး၊ ငါးတို့ကို တွဲမစားသင့်ပါ။

          ရုံးပတီသီးကိုကြော်စားတာ၊ ချဉ်ဟင်းချက်စားတာနဲ့ ပဲဟင်းတွေထဲထည့်တာ၊ ပြုတ်ပြီး အတို့အမြှုပ်အဖြစ်စားသုံးတာ။ ကင်ပြီးဖြစ်ဖြစ် ဆီပူထိုးပြီးဖြစ်ဖြစ် အချဉ်ရည်နဲ့တို့စားတာမျိုး လုပ်စားလို့ရပါတယ်။ ရုံးပတီသီးမှာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်တဲ့ အာဟာရဓာတ်တွေများစွာပါဝင်နေပြီး ရုံးပတီသီးကိုစားသုံးပေးလျှင် မည်သည့်အကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုတာကို သိရှိနိုင်စေဖို့ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

ရုံးပတီသီးစားလျှင် ရမည့်အကျိုးကျေးဇူးများ

            အဆာခံနိုင်စေခြင်း၊ ပင်ပန်းမှုဒဏ်ကိုသက်သာစေနိုင်ခြင်း၊ အစာကြေချက်နိုင်စွမ်းကိုတိုးစေခြင်း၊ အမြင်အာရုံကောင်းစေခြင်း၊ အရေပြားကျန်းမာရေးကောင်းမွန်စေခြင်း၊ ကိုယ်ခံအားစနစ်ကိုကောင်းစေခြင်း၊ သွေးပေါင်ချိန်ကို ကျဆင်းစေနိုင်ခြင်း၊ အသဲရောဂါကိုကာကွယ်ပေးနိုင်ခြင်း၊ အာရုံကျောထိခိုက်ပျက်စီးမှုလျော့နည်းသက်သာစေခြင်း၊ ရင်သားကင်ဆာဆဲလ်တွေကိုတိုက်ဖျက်ခြင်း၊ ပန်းနာရင်ကြပ်ရောဂါကိုသက်သာစေခြင်း၊ ရုံးပတီစားသုံးခြင်းဖြင့် အထက်ပါရောဂါများကို သက်သာစေနိုင်ဟုသိရှိရပါသည်။

ရုံးပတီသီးစားလျှင် သတိပြုရမည့်အချက်များလည်းရှိသည်-

          ရုံးပတီသီးစားမယ်ဆိုရင် သတိထားရမယ့်အချက်တစ်ချက်က ရုံးပတီးသီးမှာ oxalate ပမာဏများစွာပါဝင်တယ်ဆိုတာပဲဖြစ်ပါတယ်။ oxalate က သည်းခြေကျောက်တည်တာနဲ့ ကျောက်ကပ်ကျောက်တည်တဲ့ ဝေဒနာခံစားနေရသူတွေမှာ ကျော်တွေကိုကြီးလာစေပြီး ရောဂါအခြေအနေတိုးစေနိုင်ပါတယ်။ ရုံးပတီသီးကို ကြော်စားတာက ကိုလက်စထရောပမာဏကိုတိုးစေနိုင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ကိုလက်စထရောပမာဏကို ထိန်းညှိချင်တယ်ဆိုရင် ရုံးပတီသီးကို မကြော်စားမိဖို့တော့ သတိထားရမှာဖြစ်ပါတယ်။

          ဟင်းသီးဟင်းရွက်ဆိုတာ လူ့ကျန်းမာရေးကို ဘယ်လောက်တောင် အထောက်အကူဖြစ်စေလဲဆိုတာ လူတိုင်းနီးပါးသိထားကြမှာပါ။ ဒါကြောင့် ကျန်းမာရေးကိုအကျိုးပြုသလို ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက်လည်း အထောက်အကူပြပါသည်။ တချို့က အစာခြေစနစ်ကို အထောက်အကူပြုကြသလို တချို့က ကိုယ်အလေးချိန်ကျစေမယ်၊ တချို့ကတော့ ရောဂါတွေကိုသက်သာစေပါသည်။ လူတွေမှာ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံက အတော်လေးအရေးပါသည်။ ကျန်းမာရေးနှင့်ညီအောင် အသီးတွေစားပေးပါ၊ ဟင်းသီးဟင်းရွက်စားပေးပါ၊ ဂျုံ၊ နို့ဆီ နို့ထွက်များ၊ အဆီမပါသောအသားတို့ကို ဂရုတစိုက်စားသုံးသင့်ပါသည်။ ရုံးပတီသီးတွင်  ရုံးပတီသီး(၁၀၀)ဂရမ်တွင် ပါဝင်သောအာဟာရဓာတ်များအနေဖြင့်

ကယ်လိုရီ                    -    ၃၃ဂရမ်

အဆီဓာတ်                  -    ၀.၂ ဂရမ်

ဆိုဒီယမ်                      -    ၇ မီလီဂရမ်

ပိုတက်ဆီယမ်     -    ၂၉၉မီလီဂရမ်

ကာဘိုဟိုက်ဒရိတ်  -   ၇ဂရမ်

အမျှင်ဓာတ်         -     ၃.၂ ဂရမ်

ပရိုတိန်း                      -     ၁.၉ ဂရမ်

ဗီတာမင်-စီ          -     ၂၃မီလီဂရမ်

ကယ်လဆီယမ်      -     ၈၂မီလီဂရမ်

သံ                           -     ၀.၆       မီလီဂရမ်

ဗီတာမင်ဘီ -၆     -      ၀.၂ မီလီဂရမ်

မဂ္ဂနီစီယမ်                  - ၅၇မီလီဂရမ်ပါဝင်ကြောင်း ကျန်းမာရေးသီးနှံစာ စောင်အလိုက် အဟာရဖော်ပြခြင်းတို့မှ လေ့လာသိရှိရသည်။ မိမိတို့ဌာနမှလည်း လူတစ်ဦးတစ်ယောက်ချင်းအလိုက် ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်ပြီး ခန္ဓာကိုယ်ဝိတ်ကိုထိန်းသိမ်းကာ လုပ်ငန်းခွင်တွင် ကျန်းမာပျော်ရွှင်စွာလုပ်ကိုင်ဆောင်ရွက်ကြပြီး ကျန်မာရေးအတွက် သီးနှံဆေးကောင်းတစ်လက်ဖြစ်သည့် ရုံးပတီသီးအကြောင်းကို ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။

DOCA(ဧရာဝတီ)