ယာကွန်သီးနှံ၏ ကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal
Thu, 11/14/2024 - 11:22 -- consumer_admin

     ယာကွန်သီးနှံ၏ မူရင်းဒေသမှာ ဥရောပဖြစ်ပြီး နောက်ပိုင်းတွင် ဘရာဇီးလ်၊ မက္ကဆီကို၊ ကိုးရီးယားနှင့် ဂျပန်နိုင်ငံများသို့ ပျံ့နှံ့လာခဲ့ကြောင်းသိရှိရပါသည်။ ယာကွန်အပင်၏ မြေပေါ်မြေ အောက်အစိတ်အပိုင်းများမှာ အသုံးဝင်ပြီး ကျန်းမာရေးအတွက်လည်း ဆေးဖက်လည်းဝင်ကြောင်းသိရှိရပါသည်။ ယာကွန်သီးနှံအား မြေအောက်ပန်းသီးဟူ၍လည်း တင်စားခေါ်ဝေါ်ကြပြီး မြန်မာ နိုင်ငံ၏ တောင်ပေါ်ဒေသများဖြစ်သော ရှမ်းပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြောင်းသိရှိရပါသည်။

       ယာကွန်ပင်၏အရွက်များကို ဩဂုတ်လအတွင်းမှ အောက်တိုဘာလအတွင်း ခူးဆွတ်ကြပြီး နေလှန်းအခြောက်ခံကာ လက်ဖက်ခြောက်အဖြစ်ပြုလုပ်ပြီး သောက်သုံးကြကြောင်းသိရှိရပါသည်။ အမြစ်ဥများကို နိုဝင်ဘာလမှ ဇန်နဝါရီလအတွင်း နုတ်ယူကြပြီး အစိမ်းအတိုင်း သားရေစာအဖြစ် စားသုံးနိုင်ကြောင်းသိရှိရပါသည်။ ဈေးကွက်အနေဖြင့် တစ်ပိဿာလျှင် (၆၀၀၀/-)ကျပ်မှ (၈၀၀၀/-)ကျပ်အထိရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

          ယာကွန်သီးနှံ၏ ကျန်းမာရေးအကျိုးကျေးဇူးများအနေဖြင့် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်ခြင်း၊ ကိုလက်စထရောပမာဏကို ထိန်းညှိပေးနိုင်သည့်အပြင် ကိုယ်ခံအားစနစ်တိုးစေပြီး ကိုယ်အလေးချိန်ကျအောင်လည်း အထောက်အပံ့ပေးနိုင်ကြောင်းသိရှိရပါသည်။ ယာကွန်သီးနှံသည် တန်ဖိုးကြီးတိုင်းရင်းဆေးတစ်မျိုးဖြစ်ပြီး အနာကိုကျက်စေနိုင်သည့် အစွမ်းသတ္တိရှိခြင်း၊ ဆီးချိုရောဂါအား ထိန်းညှိပေးနိုင်ပြီး ဆီးချိုရောဂါသည်များအတွက် သဘာဝအချိုဓာတ်တစ်ရပ်အနေဖြင့် အသုံးပြုနိုင်ခြင်း၊ အရေးပြားကင်ဆာ၊ အူမကြီးကင်ဆာနှင့် သွေးကင်ဆာရောဂါများကို တိုက်ဖျက်နိုင်သည့် အစွမ်းအာနိသင်ရှိခြင်း၊ အသည်းအဆီမဖုံးအောင် ကာကွယ်ပေးနိုင်ခြင်း၊ အဆစ်နာ၊ အဆစ်ရောင်နှင့် ဂေါက်ရောဂါများကြောင့် ရောင်ရမ်းမှုအား လျော့ပါးသက်သာစေနိုင်ခြင်း၊ ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်စေခြင်း၊ ဆီးရွှင်စေပြီး ကျောက်ကပ်တွင် ကျောက်တည်ခြင်းနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းများမဖြစ်အောင် ကာကွယ်ဟန့်တားပေးခြင်း၊ သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးခြင်း စသည့်အကျိုးကျေးဇူးများရှိပြီး ဆေးဖက်ဝင်ရာသီစာတစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)