ကျွန်တော်တို့ ငယ်ငယ်က ဘိုးဘွားများ ရေနွေးကြို၍ အုန်းသီးအခွံတွင် ရေနွေးအိုးကို ထည့်၍ ရေနွေးအပူချိန်ကို ကြာရှည်ခံအောင်ထိန်းသိမ်းကာ လက်ဖက်ခြောက်ခတ်၍ သောက်သုံးနေတာကို သိရှိပြီး ကျွန်တော်တို့လည်း ရေနွေးသောက်သုံးတဲ့ အကျင့်ကို ရရှိကာ ရေနွေးကြမ်း သောက်တက်လာခြင်း အလေ့အထကို လက်ဆင့်ကမ်းသလို မြန်မာလူမျိုးတို့ ရေနွေးကြမ်းကို ယနေ့အချိန်ထိ သောက်တက်လာ ကြသည်။ ဧည့်သည်လာလျှင် ရေနွေး ကြမ်း ဖြင့်ဧည့်ခံခြင်း အလေ့အထ ယနေ့အထိ အိမ်တိုင်းတွင် ရှိသည်၊ ရေနွေးကြမ်းကို မြန်မာ လူမျိုးတို့ သာမက အရှေ့တောင်အာရှနိုင်ငံများကလည်း သောက်သုံးလေ့ရှိကြောင်း တွေ့ရှိရသည်။
ရေနွေးကြမ်းကြိုက်သူ လူကြီးမိဘများသည် မိုးရာသီကာလတွင် မိုးရေကို ရာဝင်အိုးတို့ဖြင့် ရေခံကာ ရေနွေးကြိုချက်သောက်သုံးနိုင်ရန် မိုးရေ လှောင်ထားလေ့ရှိကြသည်။ ယနေ့ခေတ်တွင် ရေသန့်များဖြင့် အလွယ်တကူကြိုချက်လာသည်ကို တွေ့ရသည်။ ရေသန့်ကို ကြိုချက်သောက်ပါက ကျန်းမာရေး ကောင်းကျိုး မရှိနိုင်ဟု သိရသည်။
ရေနွေးကြမ်းသောက်သုံးရာတွင် လက်ဖက်ခြောက်ကို ခတ်၍ သောက်သုံးကြပြီး၊ လက်ဖက်ခြောက် အခတ်သည် လက်ဖက်ကို နေလှန်း၍ ခြောက်ခံပြီး ခတ်၍သောက်သုံးကြသည်။ လက်ဖက်ခြောက် အခတ်ကို ရှမ်းပြည်နယ်ဘက်မှ စိုက်ပျိုးကြပြီး မြန်မာပြည်အနှံ့ မှ လူအများသောက်သုံးကြသည်။ ကျန်းမာရေးနှင့် ညီညွှတ်အောင် ကောင်းမွန်သော လက်ဖက်ခြောက်ကို ဝယ်ယူသောက်သုံးပါက မြန်မာလူမျိုး မြန်မာနိုင်ငံ သားဖြစ်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သော လက်ဖက်ခြောက်ကို ဝယ်ယူသောက်သုံးမှ ကျန်းမာရေး ဘေးထွက်ဆိုးကျိုးကို ကင်းဝေးစေနိုင်သည်။ ရေနွေးကြမ်းသောက်သုံးလျှင် ကျန်းမာရေး ကောင်းမွန်စေသည့် အထိုက်အလျောက် လက်ဖက်ခြောက်ခတ်သောက်လျှင် လုပ်ငန်းရှင် ထုတ်လုပ်သော လက်ဖက်ခြောက် အရည်အသွေး နှင့် ပါဝင်မှု ကုန်ကြမ်းအချိုးအစား၊ သောက်သုံးရမည့် နည်းလမ်း၊ ထားသိုရမည့် အညွှန်းတို့ ဖော်ပြပါဝင်သော လက်ဖက်ခြောက်ထုတ်ကို ကုန်အညွှန်းဖော်ပြပါဝင် သည့်အတိုင်း ပြုလုပ်သောက်သုံး မှသာ ဘက်စုံပြည့်စုံသော ကျန်းမာရေးကောင်းကြိုးကို ခံစားနိုင်မည်ဖြစ်သည်။
ရေနွေးကြမ်းမှာ အန်တီအောက်စီရန့် များ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွင်းရှိ ကိုယ်ခံအားများကို မြှင့်တင်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှ မလိုအပ်သော ကယ်လိုရီများကိုလည်း ကျဆင်းစေပါတယ်။ ရေနွေးကြမ်းမှာ ကော်ဖီထက် ကဖိန်းဓါတ်ပါဝင့်တဲ့အတွက်ကြောင့် နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို ကာကွယ်စေနိုင်ပါတယ်။ ဆီးချို ကင်ဆာရောဂါဖြစ်ပွားနှုန်းကို လျော့နည်းစေနိုင်ပါသည်။ ရေနွေးကြမ်းများ ဖလိုရိုက်ပါဝင်တဲ့အတွက် သွားနှင့် ခံတွင်းကိုလည်းကျန်းမာစေပါသည်။ အရိုးတွေကိုလည်းသန်မာစေပြီး အစာချေစနစ်ကိုလည်း ကောင်း မွန်စေပါသည်။
ရေနွေးကြမ်း တစ်နေ့ ပုံမှန်သောက်ပေးခြင်းက သွေးပေါင်ချိန်ကို လျှော့ချပေးပြီး လေဖြတ်ခြင်းနဲ့ သွေးချိုရောဂါတွေကို ကာကွယ်ပေးနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောခဲ့ပါတယ်။
ကျွန်တော်တို့ လူသားတွေဟာ တစ်နေ့ကို ရေနွေးကြမ်း ၃ခွက်ကနေ ၅ခွက်သောက်ပေးသင့်တယ်လို့ နယ်သာလန် ကျန်းမာရေးကောင်စီက အကြံပြုထားကြောင်း လေ့လာသိရှိရသည်။ ဒက်ရ်လူမျိုး ၄နှစ်သား ကလေးငယ်တွေကို ကျောင်းမှာ နေ့လည်စာစားချိန်ဆိုရင် အအေးတိုက်မယ့်အစား ရေနွေးကြမ်းပဲ တိုက်လေ့ရှိတယ်လို့လည်း သိရပါတယ်။
လက်ဖက်ခြောက် ရေနွေးကြမ်းနဲ့ လက်ဖက်စိမ်း ရေနွေးကြမ်းတွေကို သောက်သုံးသင့်ကြောင်း ကျန်းမာရေး တာဝန်ခံတွေက အကြံပြုထားပါတယ်။
တစ်နေ့တာ အိပ်ရာမှ နိုးနိုးခြင်း ရေကို အပြည့်အဝ စတင်သောက်သုံးသင့်သလို ရေတစ်နေ့ကို ၂လီတာ သောက်သုံးပါက ကျန်းမာရေးအတွက်ကောင်းမွန်ကြောင်း သိရသည်။ ရေကို နေ့စဉ်သောက်သုံးသလို ရေနွေး သောက်တာလည်း ခန္ဓာကိုယ်အတွက် ကောင်းကျိုးရှိသည်။ မနက်ခင်းသောက်ပါက ကိုယ်တွင်း အင်္ဂါတွေကို သန့်စင်ပေးပြီး သွေးလည်ပတ်မှုကို အထောက်အကူဖြစ်စေ၍ ကျန်းမာစေဖို့ ရေနွေးရော၊ ရေနွေးကြမ်းပါ သောက်သုံးပေးသင့်ပါသည်။
DOCA(ဧရာဝတီ)