စက်ဘီးလည်း နင်းရတာ မကြိုက်၊ ဆိုင်ကယ်ကြီးကျတော့လည်းမစီးရဲဘူးဆိုရင်တော့ ဟိုနား ဒီနား ဝေးဝေးလံလံ အေးဆေး စိတ်ကြိုက် စီးသွားနိုင်မယ့် E-Bike နဲ့ E-Scooter တွေက အကောင်းဆုံးပါနော်
E-Bike လေးတွေက Battery ကိုသာမီးအားသွင်းရပြီး စက်သုံးဆီသုံးစရာမလိုတဲ့အတွက် ကုန်ကျစရိတ်လည်း သက်သာပြီး ကောင်းမွန်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးတယ်ဆိုရမှာပါ။
ဒီဇင်ဘာလနှစ်သစ်ကူးမှာရှေးဟောင်းယဉ်ကျေးမှုနယ်မြေပုဂံ-ညောင်ဦးဒေသသို့ ပြည်တွင်း/ ပြည်ပမှ လာရောက်လည်ပတ်ကြမည့် ဧည့်သည်တော်များအတွက်E-Bikeလေးတွေကို အချိန်ပိုင်း ငှားရမ်းနိုင်ကြောင်း၊ငှားရမ်းသည့်ဆိုင်များ ဖွင့်လှစ်ထားပြီးဝန်ဆောင်မှုကောင်းစွာဖြင့် စီးပွားဖြစ် လုပ်ကိုင်လာကြပါတဲ့အတွက်E-Bikeလေးတွေဝယ်ယူအသုံးပြုသူများလာပြီးဈေးကွက်ဝယ်လိုအား များကောင်းလာပါတယ်။
ပုဂံဘုရားဖူးလာသူတွေအတွက် စိတ်ကြိုက်သွားလာလို့ရတဲ့အတွက်အပျော်လည်းဖြစ်၊ ဆီကုန်လည်းသက်သာတော့ကုန်ကျစရိတ်သက်သာပြီး အဖွဲ့လိုက် လည်ပတ်ကြတာပျော်စရာ လည်းကောင်း၊ နှစ်ဦးနှစ်ဖက် ကျေနပ်မှုတွေရကြတာ အမှန်ပါ။ ပုဂံဒေသ မှာ E-Bike လေးတွေ ငှားရမ်းမယ်ဆိုရင် ကိုယ်တည်းခိုတဲ့ နေရာမှာပင် ဖုန်းကလေး ဆက်သွယ်လိုက်ရုံနဲ့ အလွယ်တကူ ငှားရမ်းနိုင်ပါတယ်၊ နံနက် (၉:၀၀)နာရီ၊ညနေ (၆:၀၀)နာရီ အချန်ထိ ကျပ် ၂၀၀၀၀/- နှုန်းဖြင့် ငှားရမ်းလည်ပတ်နိုင်ကြောင်း သိရပါတယ်။
E-Bike လေးတွေ သဘောကျလို့ ဝယ်ယူချင်တယ်ဆိုရင် ဈေးနှုန်းလေးတွေကတော့
- Garow 650 – 1200 W 60 မိုင် 55 kilometers ဈေးနှုန်းက ကျပ် ၂၈ သိန်းဝန်းကျင်
- GarowRG500–1200W 60 မိုင် 55 kilometers ဈေးနှုန်းက ကျပ် ၂၇သိန်းဝန်းကျင်
- GarowR330–1500W 60 မိုင် 60 kilometers ဈေးနှုန်းက ကျပ် ၂၆သိန်းဝန်းကျင်
- GarowRG350–1500W 47 မိုင် 45 kilometers ဈေးနှုန်းက ကျပ် ၂၃သိန်းဝန်းကျင်
- Yardage-SR–1200W 50 မိုင် 60 kilometers ဈေးနှုန်းက ကျပ် ၃၆သိန်းဝန်းကျင်
- Endo Brave Warrior–1500W 60 မိုင် 82 kilometers ဈေးနှုန်းက ကျပ် ၄၅သိန်းဝန်းကျင်ခန့်ဈေးနှုန်းများရှိကြောင်း သိရပါတယ်။
- မန္တလေး)