
ထောပတ်သီးသည် ကျန်းမာရေးနှင့် အလှအပရေးရာအတွက်ပါ အကျိုးရှိသည့် အသီးတစ်မျိုး ဖြစ်ပြီး အစေ့သည်လည်း အလှအပရေးရာအတွက် အင်မတန်အသုံးဝင်လှပါ သည်။ ထောပတ်သီးသည် အမျှင်ဓာတ်များစွာကြွယ်ဝသည့်အတွက် စားသုံးပေးခြင်းဖြင့် ဝိတ်ကို ကျစေနိုင်ပါသည်။
အစေ့သည် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပြီး မျက်နှာပေါ်မှ အမည်းစက် များကိုလည်း သက်သာပျောက်ကင်းစေပါသည်။ ထောပတ်သီးအစေ့ကို ရေဖြင့်စင်ကြယ်စွာ ဆေးကြော၍ ခြောက်သွေ့အောင်နေဖြင့် လှမ်းပြီး အမှုန့်ဖြစ်အောင်ကြိတ်ချေကာ ရှားစောင်း လက်ပတ်၊ သခွားသီး အစရှိသည်တို့နှင့် ရောစပ်ကာ Facial Mask အဖြစ်အသုံးပြုနိုင်ပါသည်။ ရေဖြင့် ရောစပ်၍ အရေပြားအပေါ်လိမ်းပေးခြင်းဖြင့် ယားယံမှုများ၊ နီမြန်းရောင် ရမ်းမှုများ ကို သက်သာစေပါသည်။ သံလွင်ဆီ၊ အုန်းဆီတို့ဖြင့်လည်းရောစပ်၍ ခန္ဓာကိုယ်ကို လိမ်းပေးခြင်းဖြင့် အသားအရေကို ညီညာ ချောမွေ့စေပါသည်။
အဝလွန်နေသူများအနေဖြင့် ထောပတ်သီးဖျော်ရည် နေ့စဉ်သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ် အတွင်းရှိ မလိုအပ်သော အဆီများကိုဖယ်ရှားပေးပါသည်။ ထို့ကြောင့် ကျန်းမာရေး နှင့် အလှအပ အတွက် အထူးကောင်းမွန်သည့် ထောပတ်သီးအား စားသုံးကြပါရန် တိုက်တွန်း လိုက်ရပါသည်။
DOCA(ဧရာဝတီ)