ဂျုံစိုက်ပျိုးခြင်းအကြောင်းသိကောင်းစရာများ

Powered by Drupal
Mon, 02/10/2025 - 15:05 -- consumer_admin

ဂျုံ၏မူရင်းဒေသမှာ တူရကီနိုင်ငံ၊ အရှေ့တောင်ဘက်ပိုင်းရှိတောင်တန်း ဒေသများဖြစ်ကြောင်း သိရှိရပါသည်။ ဂျုံသည် ကောက်ပဲသီးနှံပင်တစ်မျိုးဖြစ်ပါသည်။ ဂျုံတွင် အသားဓါတ်နှင့်ကာဗွန်ဟိုက် ဒရိတ်ဓတ်များစွာပါဝင်နေပါသည်။

ဂျုံသီးနှံသည် ပြောင်းနှင့်စပါးပြီးလျှင်စိုက်ပျိုးထုတ်လုပ်မှု တတိယအများဆုံးသီးနှံဖြစ်ပါသည်။ ဂျုံသီးနှံကို ယခုအခါတွင် ကမ္ဘာတစ်ဝန်း၌ စိုက်ပျိုးထုတ်လုပ်နေကြောင်းသိရှိရပါသည်။ ဂျုံကို မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးထုတ်လုပ်ခြင်းမရှိကြောင်းသိရှိရပါသည်။

စစ်ကိုင်း၊ မန္တလေးနှင့်ရှမ်းပြည်နယ်တို့တွင် အနည်းငယ်စိုက်ပျိုးကြပြီး ပြည်တွင်းစားသုံးရန် အတွက်သာရရှိကြောင်းသိရှိရပါသည်။

ဂျုံစိုက်ပျိုးရာတွင် ကြဲပက်စိုက်ပျိုးခြင်း၊ ထယ်ထိုးပြီးချစိုက်ပျိုးခြင်း၊ စိုက်ကြောင်းဆွဲ၍ မျိုးစေ့ ချစိုက်ပျိုးခြင်းနှင့်ဆူးထိုးစိုက်ပျိုးခြင်းစသည့် စိုက်ပျိုးနည်းများဖြင့် စိုက်ပျိုးနိုင်ကြောင်းသိရှိရပါသည်။ ဂျုံကို မြေတွင် အစိုဓါတ်ဖြင့်စိုက်ပျိုးပါက တစ်ဧကမျိုးစေ့(၁.၅)တင်းအသုံးပြုရပြီး ရေသွင်းစိုက်ပျိုး ပါက မျိုးစေ့(၂)တင်းအထိအသုံးပြုရကြောင်းသိရှိရပါသည်။

ရှမ်းပြည်နယ်တွင် ဒေသရာသီဥတုနှင့်ကိုက်ညီပြီး ဈေးကွက်ဝင်သည့် ရေဆင်း-၉၊ ရေဆင်း-၁၀ မက္ကဆီပက်နှင့် ရင့်ကျီး-၄၃၇မျိုးများကို အများဆုံးစိုက်ပျိုးထုတ်လုပ်ကြကြောင်းသိရှိရပါသည်။ ပင်ပွားစည်ချိန်နှင့် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တို့တွင် ပင်ခြေရေမဝပ်စေရန် ဂရုစိုက်ရေသွင်းပေးရမည်။ အနှံ ထွက်ပြီးနောက်ပိုင်း ဂျုံနုနွင်းရောဂါနှင့် ကြွက်ဖျက်ဆီးမှုရှိတတ်သဖြင့် အခင်းဝန်းကျင်တွင် သန့်ရှင်း ရန်နှင့်ကြွက်ဆေးချထားရန် လိုအပ်ကြောင်းသိရှိရပါသည်။

အနှံအားလုံး(၈၀)ရာခိုင်နှုန်း ရင့်မှည့်ချိန်တွင် ဂျုံပင်၏ရိုးတံနှင့်အနှံများ အဝါရောင်ပြောင်းချိန် (သို့မဟုတ်)စိုက်ပျိုးပြီး (၉၀-၁၁၅)ရက်သားခန့်ရောက်လျှင် ရိတ်သိမ်းနိုင်ကြောင်းသိရှိရပါသည်။ ဂျုံသီးနှံကို ဘီစကစ်၊ ပလာတာ၊ ထပ်တစ်ရာ၊ စမူဆာ၊ ခေါက်ဆွဲခြောက်အမျိုးမျိုး၊ ပေါင်မုန့်၊ ပေါက်စီ၊ အသားပေါင်းးအမျိုးမျိုး စသည်ဖြင့် တန်းဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

                 DOCA(ရှမ်း)