ရဲယိုပင်သည် နေရာဒေသမရွေး ပေါက်ရောက်ရှင်သန်နိုင်ပါသည်။ ရဲယိုသီးတစ်လုံးလျှင် ရဲယိုသီးအစေ့များစွာပါဝင်သောကြောင့် အပင်များစွာပေါက်ပွားပါသည်။ ရဲယိုရွက်ကို ပြုတ်၍ အတို့ အမြှုပ်လုပ်၍သော်လည်းကောင်း၊ ရဲယိုရွက်ကို ငါးခူနှင့်ချက်၍သော်လည်းကောင်း စားသောက်ကြ သည်။ ရဲယိုသီးမှည့်ကို ထန်းလျက်နှင့်ပေါက်၍ ဖြစ်စေ၊ သကြားနှင့်ပေါက်၍ဖြစ်စေ၊ ရဲယိုသီးဖျော် ရည်လုပ်၍ဖြစ်စေ စားသောက်ကြသည်။ ရဲယိုပင်သည် အသီးများ ပြွတ်ခဲနေအောင် သီးတတ်ပါ သည်။ ရဲယိုသီးတစ်လုံးစီတိုင်းတွင် ပန်းပွင့်များစွာပါဝင်ပြီး အစေ့အိမ်များစွာပါဝင်သည်။ ရဲယိုသီးနှင့် ရဲယိုရွက်တွင် ပါဝင်သည့် ဂုဏ်သတ္တိတွေက အသားအရည်ကို နုပျိုစေပြီး၊ ဆံသားကို သန်စွမ်းစေ ပါသည်။ ခြေသည်း၊ လက်သည်း များကိုပါ ကျန်းမာစေနိုင်ပါသည်။ ရဲယိုရွက်နှင့် ရဲယိုသီးများသည် နိုက်ထရစ်အောက်ဆိုဒ် ထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိသောကြောင့် ကင်ဆာကြိတ်များကို ကြီးမလာအောင် ဟန့်တားပေးနိုင်ပါသည်။ ကိုယ်ခံအားကောင်းစေပြီး ဘက်တီးရီးယား အန္တရာယ်မှ ကာကွယ်ပေးနိုင်သလို တုပ်ကွေးလို ကူးစက်ရောဂါမှလည်း ကာကွယ်ပေးနိုင်ပါသည်။ စိတ်ခံစားမှု ကောင်းစေပြီး စိတ်ဓါတ်မကျစေဖို့နှင့် အိပ်ပျော်စေဖို့အတွက် အရေးပါသော ဟော်မုန်းများကို လှုံ့ဆော်ပေးနိုင်ပါသည်။ ပိုတက်ဆီယံပါဝင်မှုကြောင့် သွေးတိုးကျစေနိုင်ပါသည်။ သွေးတွင်း အကျိုးအပြုသည့် ကိုလက်စထရောများကို ကျဆင်းစေပြီး သွေးကြောထဲတွင် အဆီတွေစုပုံတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။ ဦးနှောက်ကို ကျန်းမာစေပြီး မှတ်ဉာဏ်လည်း ပိုကောင်း စေပါသည်။ ပျော်ဝင်လွယ်သည့် အမျှင်ဓါတ်များစွာပါဝင်သောကြောင့် ဝမ်းမှန်စေပါသည်။ အူလမ်း ကြောင်း ကျန်းမာဖို့အတွက် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓါတ်များကို ထောက်ပံ့ပေးပါသည်။ လေနာရောဂါ၊ အတက်ရောဂါ သက်သာစေနိုင်သလို ချောင်းဆိုးပျောက်စေပါသည်။ ဆီးချိုအတွက် စားသုံးသင့်သလို ဆီးသွား နာကြင်ခြင်း၊ အဖြူဆင်းခြင်းတို့ကိုလည်း သက်သာစေပါသည်။ အမျိုးသမီးများ ရာသီသွေးမှန်စေသည့်အပြင် သွေးမဆုံးခင်ခံစားရနိုင်သည့် အကြိုလက္ခဏာတွေ ကိုလည်း သက်သာစေနိုင်ပါသည်။ ကင်ဆာကာကွယ်ဖို့၊ လေမဖြတ်အောင်ကာကွယ်ဖို့အတွက် အကောင်းဆုံးဓါတ်စာတစ်ခုဖြစ်ပါသည်။ ခေါင်းတစ်ခြမ်းကိုက်သူများလည်း စားသုံးသင့်ပါသည်။ အကိုက်အခဲပျောက်စေနိုင်ပြီး လေးဘက်နာဝေဒနာနှင့် အဆစ်အမြစ်နာကျင်ကိုက်ခဲတာတွေကို လည်း သက်သာစေနိုင်သောကြောင့် ရဲယိုရွက်၊ ရဲယိုသီးသည် ကျန်းမာရေးအတွက် အထူးကောင်း မွန်သော ဓါတ်စာတစ်ခုဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ ရဲယိုပင်များကို အိမ်ဝိုင်း ခြံစည်းရိုးများ တွင် ဝယ်ယူစရာမလိုပဲ ခူးယူနိုင်ပါသည်။ ယခုအခါ ရဲယိုသီးအသုံးဝင်မှုကြောင့် စီးပွားဖြစ် စိုက်ပျိုး ကြခြင်းများလည်း ရှိလာပါသည်။ အစာလည်းဆေး ဆေးလည်းအစာမို့ မိမိတို့ ခန္ဓာ၏ သဘောအရ ချင့်ချိန်စားသုံးသင့်ပါကြောင်း တင်ပြအပ်ပါသည်။
DOCA(မန္တလေး)