
ပန်းသစ်တော်သီးများတွင်အမျှင်ဓာတ်ပါဝင်မှုများပြီး ဗီတာမင်နဲ့သတ္တုဓာတ်ကြွယ်ဝစွာပါရှိ ပါသည်။ သစ်တော်သီးမျိုးစိတ်များစွာရှိပြီးအခုလက်ရှိပန်းသစ်တော်လို့ခေါ်ကြတဲ့ အသီးလည်း ပါဝင်ကြောင်းသိရပါသည်။ပန်းသစ်တော်သီးစားခြင်းသည် အစာခြေစနစ်ကိုကောင်းမွန်စေပြီး အူမကြီးလုပ်ဆောင်ချက်များအတွက် ပိုမိုကောင်းမွန်စေသဖြင့် နေ့စဉ်စားသင့်သောအသီးဖြစ်ပြီး အမျှင်ဓာတ် ပမာဏ ၂၀ ရာခိုင်နှုန်းကျော်ပါဝင်ကြောင်း သိရှိရပါသည်။ပန်းသစ်တော်သီးသည် ကိုယ်ခံအားကို မြှင့်တင်ပေးသော ဗီတာမင် C အပြင် ဗီတာမင် B၊သံဓာတ်၊ကော့ပါး၊ပိုတက်စီယမ်နဲ့ မဂ္ဂနိစ်ဓာတ်တို့ပါဝင်မှုကြောင့် ကိုယ်ခံအားကောင်းစေပြီး အမျှင်ဓာတ်အပြင်ဓာတ်တိုးမှုဆန့်ကျင် သောဗီတာမင် C နဲ့ A, phytonutrients တွေပါဝင်နေသောကြောင့်ကင်ဆာ ရောဂါကို ကာကွယ်နိုင်တဲ့အစွမ်းသတ္တိများစွာပါဝင်ကြောင်းသိရှိရပါသည်။သစ်တော်သီးတစ်လုံးတွင် folic acid ပမာဏရဲ့ ၅ ရာခိုင်နှုန်းခန့် ပါဝင်နေသောကြောင့် ကိုယ်ဝန် ဆောင်ကာလအတွင်း သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကိုအားပေးမြှင့်တင်ရာမှာ အရေးပါပါသည်။ ပန်းသစ်တော်သီးတစ်လုံး တွင်pectinဓာတ်ပါဝင်မှုများသောကြောင့်အစာအိမ်ထဲမှာအစာခြေရည်နဲ့ပေါင်းပြီး အစာခြေ စနစ်အတွင်းက ကိုလက်စထရောအဆီတွေကို ဖယ်ရှားဖို့ အထောက်အကူဖြစ်စေပါသည်။ Flavonoids ဓာတ်ပါဝင်သောကြောင့် အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကိုမြှင့်တင်ပေးပြီး ဆီးချိုကို ကာကွယ်နိုင်သည်။boron ဓာတ်ပါဝင်မှုသည်ခန္ဓာကိုယ်ထဲရှိ ကယ်လ်ဆီယမ်ဓာတ်ကို ထိန်းညှိ ပေးပြီး အရိုးများကို သန်မာစေနိုင်ကြောင်းသိရှိရပါသည်။ပန်းသစ်တော်သီးသည် ကျန်းမာရေး ကိုများ စွာအထောက်အကူပြုသောကြောင့်နေ့စဉ်စားသုံးသင့်ကြောင်းအကြံပြုအပ်ပါသည်။
DOCA(မန္တလေး)