ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော သံပုရာသီး ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ် ရပ်ကွက်များနှင့် ဒေသအသီးသီးမှ လာရောက်ရောင်းချကြသလို မန္တလေးမြို့တို့မှလည်း မှာယူရောင်းချ ရသည့်အတွက် ဈေးကွက်အတွင်း လှိုင်လှိုင်ပေါများကာ ဈေးနှုန်းချိုသာ၍ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရ သည်။

       သံပုရာသီးသည် လူသားများ၏ နေ့စဉ်အသုံးပြုမှုတွင် မဖြစ်မနေ အရေးပါသော အသီးတစ်မျိုး လည်းဖြစ်သလို အားကစားသမားများအတွက်လည်း မဖြစ်မနေအသုံးပြုရခြင်းဖြစ်ပါသည်။ သံပုရာသီး ကို နေ့စဉ် ချက်ပြုစားသုံးရာတွင် မဖြစ်မနေအသုံးပြုယုံသာမက မုန့်ဟင်းခါးဆိုင်၊ အာပူလျှာပူဆိုင်များ ကြာဆံဟင်းခါးဆိုင်များတွင် မဖြစ်အနေအသုံးပြုသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ကြောင်း သံပုရာသီးရောင်းချသူထံမှသိရသည်။

        ယခင် ၂၀၂၅ ခုနှစ်၊ ဧပြီလ စတုထ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ဖြစ်ပေါ်နေသော သံပုရာသီး အလုံးအကြီး/အသေး ပေါ်မူတည်၍ သံပုရာသီး(အကြီး)တစ်လုံးလျှင်(၂၅၀)ကျပ်၊ သံပုရာသီး(အ‌သေး) တစ်လုံးလျှင် (၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်‌ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေး တွင် သံပုရာသီး ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)