ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော နှမ်းဈေးနှုန်း အခြေအနေ

  စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း ၊ စိုက်ပျိုးတောင်သူများသည် ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် နှမ်းသီးနှံကို အဓိကစိုက်ပျိုးကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၄၈၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၀၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသောကြောင့် ယခုပတ်အတွင်း နှမ်းဈေးနှုန်းများတည်ငြိမ်နေကြောင်း၊ နှမ်းသီးနှံများကို  ဒေသတွင်းသီးနှံရောင်း ဝယ်ရေး လုပ်ငန်းရှင်များမှတဆင့် ကန့်ဘလူမြို့၊ မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)